၁၃၈၅ ခုနှစ်၊ မန္တလေးသင်္ကြန်စာနှင့်(၇)ရက်သားသမီး တစ်နှစ်စာဟောစာတမ်း
ဤနှစ်တွင် နာမည်တစ်ဟုန်တိုးတိုးတက်မှုကိုဂရုစိုက်ပါ။ ဥပဒေနှင့်ငြိစွန်းသော မည်သည့်ကိစ္စရပ်ကိုမျှ မပြုလုပ်သင့်ပါ။ ယတြာ – ခရီးသွားမည့်ပုဂ္ဂိုလ်များအား လမ်းစရိတ်မကြာခဏလှူဒါန်းပါ။သောကြာနေ့ဖွားသားသမီးတို့သည်ဤနှစ်တွင် တစ်နှစ်လုံးတွင်မည်သည့် ကိစ္စလုပ်လုပ် ထပ်ကာထပ်ကာ ပြုလုပ်ရမည့်နှစ်ဖြစ်သည်။ လူမှုရေးပြဿနာများကိုတတ်နိုင်သမျှရှောင်ရှားပါ။ အောက်လက်ငယ်သားများနှင့် ပတ်သက်ပြီး . အာမခံရမည့်အလုပ်များ မပြုလုပ်သင့်ပါ။ မလွတ်လပ်သူ အမျိုးသား အမျိုးသမီးများ၏ လမ်းဖွင့်ပေးခြင်းကို ကြုံတွေ့ရမည်ဖြစ်၍ ဂရုစိုက်၍ ရှောင်ရှားပါ။ ပညာရေးတွင်လည်းတိုးလိုတန်းလန်း ဖြစ်တတ်သည်။ အပျို၊လူပျိုများ တရားမဝင်ငြိစွန်းတတ်သဖြင့် အထူးဂရုစိုက်၍ နေထိုင်ပါ။ အမျိုးသမီးများသွေးသားနှင့်ပတ်သက်သောရောဂါများ ဖြစ်မည်။ လူမျိုးခြားများနှင့်ပတ်သက်ပြီး အာမခံမရဲသင့်ပါ။ နတ်တော်လနောက်ပိုင်းတွင် ကောင်းသတင်းများ ကျော်ဇောပြီး ဝင်ငွေတိုးတက်ရရှိလိမ့်မည်။ ဩဇာအာဏာ တိုးပွားလိမ့်မည်။ ယတြာ’မွေးနေ့တိုင်းသံဃာတော်များကိုနို့ထမင်းလှူပါ။စနေနေ့ဖွား သားသမီးတို့သည်တစ်နှစ်လုံးအလုပ်ဖိစီးမှုဒဏ် ခံရ မည်။ ကျက်စာကို စိတ်မဝင်စားဘဲ တွက်စာကို လုပ်နေရင်း အချိန်ကုန်နေလိမ့်မည်။ ဝင်သမျှငွေမမြဲဘဲ အကြွေးတင်နေမည်။ ဝင်ငွေ၊ထွက်ငွေမမျှမတဖြစ်လိမ့်မည်။ ဝါခေါင်လဆန်းပိုင်းမှစပြီး […]
Continue Reading