ယနေ့နံနက်(၈) နာရီအချိန်က မန္တလေးမှာဖြစ်သွားတဲ့ ဖြစ်ရပ်

News

Zawgyi








CreditPhoto

Unicode

ယနေ့နံနက်(၈) နာရီအချိန်က မန္တလေးမှာဖြစ်သွားတဲ့ မင်းမဲ့စရိုက်ဆန်တဲ့ဖြစ်ရပ်

ယနေ့နံနက် ၈ နာရီအချိန်ကမန္တလေး ၊အမရပူမြို့နယ် ကမ်းနားလမ်းမှာ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။

ကမ်းနားလမ်းက ဒေါ်အေးကြင် ဘူဖေးထမင်းဆိုင်အနီးမှာ လုယက်ခံလိုက်ရတာဖြစ်ပြီး လုယက်ခံရသူအမျိုးသမီးဟာ ဦးခေါင်းပိုင်းနဲ့မျက်နှာမှာ ဒဏ်ရာရခဲ့ပါတယ်။

ဒီလုယက်မှုမတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေးမှာ ဆိုင်ကယ်လုယက်မှုတွေ ၃ ကြိမ်လောက်ရှိခဲ့ပါတယ်။

လုယက်မှုတစ်ခုမှာဆို ဆိုင်ကယ်ပိုင်ရှင် လူငယ်ကို ဓားနဲ့ထိုးသွားတဲ့အတွက် အဲဒီလူငယ် ဟာသေဆုံးခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ မိတ္ထီလာ၊ နေပြည်တော်၊ တောင်ငူနှင့် မုံရွာမြို့တွေမှာ အဖွဲ့လိုက်လုယက်သောင်းကျန်းမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလာပြီး ပြည်သူများကို အသက်အန္တရာယ်ပေးတဲ့အထိ ဆိုးရွားလာတာဖြစ်ပါတယ်။

မိဘပြည်သူများအားလုံး အသွားအလာအထူးသတိပြုကြဖို့နှင့် အရေးကြုံရင် ဝိုင်းဝန်း၍ အချင်းချင်းကူညီပေးကြပါခင်ဗျာ။

Credit

Leave a Reply

Your email address will not be published.