နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုကို အကြမ်းဖက်စစ်ကောင်စီဘက်က လော်ဘီတွေအသုံးပြုပြီး ဝင်ငွေမရစေဖို့အတွက် ဒေါင်းလုဒ်ဆွဲsee More…

News

နိုင်ငံပျောက်သူ ဇာတ်လမ်းတိုကို အကြမ်းဖက်စစ်ကောင်စီဘက်က လော်ဘီတွေအသုံးပြုပြီး ဝင်ငွေမရစေဖို့အတွက် ဒေါင်းလုဒ်ဆွဲ ဖြန့်ဝေမှုတွေပြုလုပ်နေ

နိုင်ငံပျောက်သူ ဇာတ်လမ်းတိုက ပြည်သူတွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်ပြီး ဝင်ကြည့်ရှုသူဦးရေများလွန်းနေတာ ကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်က လော်ဘီတွေအသုံးပြုပြီး ဝင်ငွေမရစေဖို့ ရည်ရွယ်ချက်နဲ့ ဇာတ်ကားကို ဒေါင်း လုဒ်ဆွဲကာ ဖြန့်ဝေမှုတွေပြုလုပ်နေတာကို PVTV. စစ်ဆေးတွေ့ရှိပါတယ်။

အဲဒီလို လုပ်ဆောင်ရာမှာ ဖေ့စ်ဘွတ်ခ်အကောင့်တုတွေ၊ တယ်လီဂရမ်ချန်နယ်တွေ၊ ဂရုတွေ အသုံးပြုပြီး အကြမ်းဖက် စစ်ကောင်စီထောက်ခံသူတွေကို မသိနားမလည်ဘဲ ယူကျူ့ကတစ်ဆင့်ဝင်ကြည့်မိရင် တော်လှန်ရေးဝင်ငွေရရှိသွားမှာ စိုး ရိမ်လို့ ဇာတ်ကားကို ဒေါင်းလုဒ်ဆွဲပြီး ဖြန့်ဝေတာဖြစ်တယ်လို့ ပြောထားတဲ့အချက်အလက်တွေကို PVTV က ရရှိထားပါတယ်။

ဒါရိုက်တာ ဏကြီး စီစဉ်ရိုက်ကူးပြီး Padaythar Pin Youtube Channel မှ ထုတ်လွင့်တဲ့ ‘နိုင်ငံပျောက်သူဇာတ်လမ်းတိုကိုအကြမ်းဖက် စစ်ကောင်စီလော်ဘီတွေက Download ရယယူပြီး ခိုးယူဖြန့်ဝေကာ ကြည့်ရှုသူ အရေ အတွက် လျော့ပါးစေရန် ကြားဖြတ် လုပ်ဆောင်နေတာပါ။

ဇာတ်လမ်းတိုကို မူရင်းChannel မှ တင်ခဲ့ပြီးချိန် နာရီပိုင်းအကွာမှာပဲ Download လုပ်ပြီး ပြန်တင်ထားတဲ့ ဗွီဒီယို ၁၇ ခုခန့် ရှိခဲ့တာကို စစ်ဆေးတွေ့ရှိရသလို ခိုးယူပြီး ပြန်လည်ဖြန့်ဝေခံရတဲ့ ဗွီဒီယိုဖိုင်နဲ့ပတ်သက်တဲ့ ပိုစ့်များ ဖြုတ်ချရေးအတွက် Facebook သို့ တိုင်ကြားဖို့ကိုလည်း လူမှုကွန်ယက် အသုံးပြုသူအချင်းချင်း သတိပေးနှိုးဆော်နေ ကြပါတယ်။

ပြည်သူတွေဘက်ကလည်း မူရင်းတင်ထားတဲ့ ယူကျူ့ချန်နယ်မှာကြည့်ဖို့အတွက် တိုက်တွန်းနှိုးဆော်မှုတွေလုပ်ထားပါ တယ်။ ပဒေသာပင်ပေ့ချ်ရဲ့ထုတ်ပြန်ချက်မှာတော့ ၁၂ နာရီအတွင်းမှာ ကြည့်ရှုသူတစ်သန်းကျော်သွား ပြီလို့ တရားဝင်ထုတ်ပြန်ထားတာတွေ့ရပါတယ်။

နိုင်ငံပျောက်သူ ဇာတ်လမ်းတိုကို ဗွီဒီယို ဖိုင်ကို Padaythar Pin Youtube Channel မှ ထုတ်လွှင့်လျက် ကြည့်ရှုကြိမ် အရေအတွက်ကြောင့် ရရှိလာတဲ့ ဝင်ငွေတွေကို နွေဦးတော်လှန်ရေးအတွက် အသုံးပြုမှာ ဖြစ်ကြောင်း ကြေညာထားပြီး Facebook မှာ ပြန်မတင်ဖို့ မေတ္တာရပ်ခံထားပါတယ်။

နိုင်ငံပျောက်သူ ဇာတ်လမ်းတိုကို Video ဖိုင်ကို https://tinyurl.com/PDTPCH မှ တစ်ဆင့် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

crd.

Leave a Reply

Your email address will not be published.