ကြာသပတေသားသမီးများသည် အသက် ၁ ၊ ၉ ၊ ၁၇ ၊ ၂၅ ၊ ၃၃ ၊ ၄၁ ၊ ၄၉ ၊ ၅၇ ၊ ၆၅ ၊ ၇၃ ၊ ၈၁ ၊ ၈၉ စသည့် အသက်ပိုင်းအခြားများ၏ …
ပထမ(၄)လအတွင်း အောက်ပါအဖြစ်အပျက်များဖြစ်လတ္တံ့။
ကံအနိမ့်အညံ့ ကနေ ကံအကောင်းဘက်ကို တဖြည်းဖြည်း ကူးသွားပါလိမ့်မယ်။ ညံ့တဲ့အရှိန်လေး တွေ၊ အငွေ့အသက်လေးတွေတော့ နည်းနည်းရှိနေဦးမှာပေါ့ …။
အင်္ဂါနံလုပ်ငန်းများဖြစ်သည့် ဆန် ၊ ဆီ ၊ ဆေး ၊ ဆား ၊ စပါး ၊ စိန် ၊ စစ်ဖက်ရေးရာ ၊ စားသောက်ကုန် ၊ စားသောက်ဆိုင် ၊ စက်ချုပ် ၊ စိုက်ပျိုးရေး ၊ စကားပြောရသောအလုပ် ၊ စာပေ ၊ ဆံပင် ၊ စာရေးကိရိယာ ၊ စာရင်းကိုင် စသည့် စ ဆ ဈ ဇ ည နှင့် ပက်သက်ဆက်နွယ်နေသည့်လုပ်ငန်းများ




တနင်္ဂနွေနံလုပ်ငန်းများဖြစ်သည့် အိုးအိမ် ၊ အဆောက်အဦး ၊ ဆောက်လုပ်ရေး ၊ အုတ် ၊ သဲ ကျောက် ၊ အိမ်ဆောက်ပစ္စည်း ၊ အိမ်ထောင်ပရိဘောဂ ၊ အုပ်ချုပ်ရေး ၊ ဥပဒေ ၊ အိမ်ခြံမြေအကျိုးဆောင် ၊ အုန်းသီး ၊ ငှက်ပျောသီး ၊ ကြက်ဥ ဘဲ ဥ စသည့် အ ဥ အေး နှင့် ပက်သက်ဆက်နွယ်နေသည့်လုပ်ငန်းများ
စနေနံလုပ်ငန်းများဖြစ်သည့် အထည်အလိပ် ၊ ထီး ၊ ဖိနပ် ၊ နာရီ ၊ဦးထုပ် ၊ လူမျိုးခြား ၊ နိုင်ငံခြား ၊ မီး ၊ လျှပ်စစ် ၊ အပူ ၊ ဓါတ်ပုံ ၊ ထီလုပ်ငန်း ၊ ထုံးလုပ်ငန်း ၊ နွားနို့ ၊ ဒိန်ချဉ် ၊ နို့ဆီ စသည့် တ ထ ဒ ဓ န နှင့် ပက်သက်ဆက်နွယ်နေသည့်လုပ်ငန်းများ
စတင်ရန် ၊ တိုးချဲ့ရန် ၊ လုပ်ကိုင်ရန် အလွန်ကောင်းမွန်သောအချိန်ကာလဖြစ်သည်။ ဒီအချိန်ကာလမှာ အရေးကြီးတဲ့ အချက်လေးတွေကို အကျဉ်းချုံးပြီး ပြောရမယ်ဆိုရင် …။
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ … ဆုံးဖြတ်မယ် ဆိုရင် ရင်းနှီးတဲ့သူတွေနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ပါ။




ထီ မထိုးပါနဲ့။
လက်ထဲမှာ ငွေများများ မကိုင်ပါနဲ့။
အုန်းသီး ဆားသိပ် ယတြာ မဖြစ်မနေ လုပ်ပါ။
ကြာသပတေးနေ့ည ဝတ်အိပ်ထားတဲ့ လုံချည်ဟောင်းစုတ်တစ်ထည်ကို နောက်နေ့မနက်စော …အနည်းငယ် မီးရှို့ပြီးတော့ စွန့်ပါ။(ငါ့မှာရှိတဲ့ မကောင်းတဲ့ အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ ဆုတောင်းပါ) အကြောင်းကိစ ရှိရှိ မရှိရှိ မဖြစ်မနေကိုပဲ လုပ်သင့်ပါတယ်။ ကံမကောင်းဘူးထင်ရင် ၊ အကြောင်းကိစရှိရင် ထပ်လုပ်နိုင်ပါတယ် …။
အဓိကပြုလုပ်ရမယ့်ယတြာကတော့ …။
တနင်္ဂနွေ နေ့ ဒါမှမဟုတ် အင်္ဂါနေ့ မနက်စောစောမှာ ညောင်ပင်ကြီးကြီးတစ်ပင်က ရုကစိုးမင်းထံမှာ … အုန်းသီးစိမ်းကို ထိပ်အဝလှပ်၊အရေသွန်ပြီး ဆား လက်သုံးဆုပ် ထည့်ထားတဲ့ အုန်းသီးဆားသိပ်ဆွမ်းကို လှူပြီး အလိုရှိတာတွေကို တိုင်တည်ဆုတောင်းရမယ်။ ဖြစ်နိုင်ရင်တော့ (၂) ကြိမ်လောက် လုပ်လိုက်ရင် ပိုပြီး ကောင်းတယ်။




အဲဒီတော့ … လုံးလုံးကြီးလည်း မကောင်းသေး၊ လုံးလုံးကြီးလည်း မဆိုးတော့တဲ့ စပ်ကူးမတ်ကူးကာလလေးလို့ ပြောရမှာပါပဲ။ တကယ်တော့ ဒီလို အခြေအနေမျိုးဟာ ညံ့ပါတယ်ဆိုတဲ့ အချိန်တွေမှာထက်တောင် ပိုပြီးတော့ သတိ ထားသင့်တဲ့ အခြေအနေမျိုးပါပဲ။ ဘာလို့လဲဆိုရင် .. စိတ်တအား လေနေမယ်၊ လုပ်သမျှ ကြံသမျှလည်း တေ့လွဲလွဲချော်နေတတ်ပါတယ်။ စိတ်တိုင်းမကျစရာ တွေ၊ စိတ်မောစရာတွေ တစ်ခုပြီးတစ်ခု ကြုံနေတတ်ပါတယ် …။
အဲဒီတော့ တဇွတ်ထိုး၊ တစောက်ကန်းလုပ်မိ၊ ဆုံးဖြတ်ချက်တွေ မှားတတ် တဲ့ အချိန်ပါပဲ …။ ဒါကြောင့် ဘာမဆို ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လေး လုပ်သင့်ပါတယ်။
လူကြီးသူမတွေ၊ မိသားစုတွေရဲ့ အထင်အမြင်လွဲမှားခြင်းကို ခံရတတ်ပါ တယ်။ နောက်ပိုင်းမှာတော့ အဆင်ပြေသွားပါလိမ့်မယ်။ မနာလိုရန်လိုသူတွေ ပေါနေလိမ့်မယ်။ စွပ်စွဲနာမည်ဖျက်တာတွေလည်း ခံရတတ်ပါတယ်။ ယောင် တောင်တောင်နဲ့ အချိန်ကုန်သွားတတ်ပါတယ် …။
စီးပွါးရေးကို အင်နဲ့အားနဲ့လုပ်ဖို့ တာစူအားယူသင့်တဲ့ ကာလမျိုးပါပဲ။ တဖြည်းဖြည်း တိုးချဲ့သွားသင့်ပါတယ်။ စပ်တူလုပ်ငန်းတွေလည်း အကျိုးပေးအောင်မြင်နိုင်ပါတယ်။ အင်္ဂါသား သမီး၊ တနင်္ဂနွေသားသမီးတွေနဲ့ တွဲပြီးလုပ်ရင် ပိုပြီးတော့တောင် အကျိုးထူးနိုင်ပါ တယ်။




ငွေကံကြေးကံကတော့ သိပ်ပြီးမကောင်းသေးဘူး။ ငွေမဝင်သလောက် ဖြစ်နေတတ်တယ်။ ဆီလို အပေါက်ရှာပြီးထွက်တယ်ဆိုတာ ဒီကိန်းမျိုးပါပဲ …။ အဲဒီတော့ ငွေများများ မစုသင့်ဘူးပေါ့ …။
လက်ထဲမှာ ငွေလေးအတော်အသင့် စုမိဆောင်းမိပြီဆိုတာနဲ့ မိမိကိုယ်တိုင်၊ ဒါမှမဟုတ် မိသားစုထဲက တစ်ယောက် ယောက် ကျန်းမာရေးညံ့လို့ ဆေးဖိုးဝါးခဖြစ်သွားတတ်ပါတယ်။ ဆရာဝန်အတွက်၊ ဆေးဆိုင်အတွက် စုပေးသလိုဖြစ်သွားတတ်ပါတယ်။ အဲဒီတော့ … ငွေမစုပါနဲ့၊ သုံးသာသုံးပေရော့ …၊ ဒါမှမဟုတ် ပစ္စည်းတစ်ခုခု လုပ်ထားပေရော့လို့ အကြံပေးရမှာပါပဲ။
ဒီကာလမှာ အဖိုးတန် စက်ပစ္စည်းဝင်လိမ့်မယ်။ အိမ်တို့၊ဆိုင်တို့ …. စတဲ့ အဆောက်အဦ နေရာထိုင်ခင်းကိစ္စတွေ အဆင်ပြေအောင်မြင်လိမ့်မယ်။
စာချုပ်ချုပ်ပြီး လုပ်ငန်းကြီးတွေ လုပ်ရတတ်ပါတယ်။ အဖိုးတန်အသုံး အဆောင်တွေ၊ ပရိဘောဂတွေ၊ ထူးထူးခြားခြားစာအုပ်စာတမ်းတွေလည်း ဝင်လာတတ်ပါတယ်။ ရှိပြီးသား ပစ္စည်းတွေကတော့ ဟောတစ်ခု ဟောတစ်ခု ထွက်နေတတ်ပါတယ် …။
မထင်မှတ်ဘဲ ရပ်ဝေးက အဆက်အသွယ်ကောင်း၊ အကူအညီကောင်း တွေ ပေါ်လာမယ်။ နိုင်ငံရပ်ခြား၊ လူမျိုးခြားနဲ့ပတ်သက်တဲ့ အချိတ်အဆက် ကောင်းတွေလည်း ရတတ်တယ် …။ ကိုယ့်ကို ပြဿနာရှာဖူးတဲ့ လူကြီးသူမ တွေက ပြန်ပြီးတော့ အကူအညီကောင်း ပေးလာတတ်ပါတယ် …။




အလုပ်လျှောက်တဲ့ကိစ္စ၊ လျှောက်လွှာတွေဘာတွေ၊ စာရွက်စာတမ်းတွေ ဘာတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အောင်မြင်မှု ရရှိနိုင်ပါတယ် …။ ဝန်ထမ်းဆိုရင်တော့ အလုပ်ထွက်ချင်လောက်အောင် စိတ်အနှောင့် အယှက် ကြုံရတဲ့ကြားထဲက ရာထူးတက်တာ၊ နေရာကိစ္စ အောင်မြင်တာတွေ ကြုံလာတတ်တဲ့ အချိန်မျိုးပါပဲ …။
အမွေကိစ္စ၊ မြေကိစ္စတွေအတွက် စိတ်ဆင်းရဲရတတ်ပါတယ်။ မိတ်ဆွေ ရင်း၊ ဆရာရင်းတွေနဲ့လည်း အဆင်မပြေကြီးစွာဖြစ်တတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ ရပ်ပစ်ချင်လောက်အောင် အနှောင့်အယှက်တွေကြုံပြီးမှ အဆင်ပြေသွားတတ်ပါတယ် …။
ရွှေထွက်တာ၊ ပျောက်တာတွေ ဖြစ်တတ်တယ်။ အိမ်သူအိမ်သားထဲက ရပ်ဝေးကိုထွတ်တတ်တယ်။ ကိုယ်တိုင်လည်း ဟိုမှာမနေချင်၊ ဒီမှာမနေချင် ဖြစ်နေ တတ်ပါတယ် …။
ဆွေမျိုးသားချင်း မိတ်ဆွေရင်းတို့ရဲ့ မကောင်းသတင်းတွေ ကြားတတ် တယ်။ ခရီးကိစ္စတွေလည်း အလွဲလွဲအချော်ချော် ဖြစ်နေတတ်ပါတယ် …။
ငွေရေးကြေးရေးကိစ္စ၊ ကြွေးမြီကိစ္စတွေလည်း ရှုပ်ထွေးတတ်ပါတယ်။ ရည်ရွယ်ချက်မရှိဘဲ အဖိုးတန် အထည်၊ထီး၊ဖိနပ်၊လျှပ်စစ်ပစ္စည်းတွေ ဝင်လာတတ် ပါတယ် …။




အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ အတော်သတိထားရမယ့် အချိန်မျိုးပါပဲ။ ရှုပ်ရှုပ်ထွေးထွေးတွေဖြစ်မယ်၊ အထင်အမြင် လွဲမှားခံရတာမျိုးတွေ ကြုံရတတ်တယ်။ လမ်းခွဲရမတတ် စိတ်သဘော မတိုက်မဆိုင်တွေ ဖြစ်တတ်ပါ တယ်။ အိမ်ထောင်တွေ ကွဲသွားတာ၊ မင်္ဂလာပွဲတွေပျက်သွား တယ်ဆိုတာမျိုးဟာ ဒီကိန်းမျိုးနဲ့ ပတ်သက်နေပါတယ် …။
ကျန်းမာရေးအနေနဲ့ ခြေထောက်၊ခါး၊မျက်နှာ၊ဝမ်းဗိုက်၊လေ၊လည်ပင်း ၊ မျက်လုံးနှင့်ပက်သက်သောရောဂါများ သတိထားသင့်ပါတယ်။ စိတ်ကြောင့် ကျန်းမာရေးထိခိုက်တတ်ပါတယ် …။
ဒီကာလအတွင်းမှာ အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေလုပ်တဲ့အခါ ကြာသပတေးနေ့၊ တနင်္လာနေ့တွေကို ရှောင်ကြဉ်သင့်ပါတယ် …။
ကံကောင်းစေတဲ့အရောင် – အကျိုးပေးတဲ့၊ သင့်လျော်တဲ့၊ အောင်မြင်စေတဲ့ အရောင် ကတော့ အညိုရောင်၊ ဖြူနီကြား အရောင်၊ အနီရောင်၊ အနက်ရောင် တွေပဲဖြစ်ပါတယ်။




ပန်းမြတ်မာလာ – လှူတာ၊ ပန်တာ၊ ဆောင်တာ၊ ပန်းအိုး ထိုးတာ ဆိုရင် အုန်း၊ စံပယ်၊ ဇော်စိမ်း ပန်းတွေ ကို သုံးသင့်ပါတယ်။
နေ့ကောင်းရက်သာ – အရေးကြီးကိစ္စတွေ စကားပြောမယ်၊ လုပ်မယ် ဆိုရင်တော့ တနင်္ဂနွေ၊ အင်္ဂါနေ့ တွေက အကောင်းဆုံးဖြစ်ပါတယ်။
အကျိုးပေးနေ့သား … >>> လုပ်ငန်းတွေ စပ်တူလုပ်မယ် ဆိုရင်လည်း တနင်္ဂနွေ၊ အင်္ဂါ သားသမီး တွေနဲ့ တွဲပြီး လုပ်သင့်တယ် …။
အကြံအစည်များအောင်မြင်ရန် ၊ ကံကောင်းရန် ယတြာများ –
ချိုးမယ့်ရေထဲမှာ …အုန်းဆီအနည်းငယ်ထည့် …အနီရောင်ပန်း(၆)ပွင့်ထည့် ခေါင်းပါ်ကနေလောင်းချိုးပစ်ပါ ။ ( ဘယ်နေ့ ဘယ်ချိန်မဆို လုပ်ပါ။ မကြာခဏ လုပ်ပေးပါ။)
မနက်စောစောမှာ အနီရောင်ပန်း(၆)ပွင့် ၊ အုန်းနို့ခေါက်ဆွဲ (၁) ပန်းကန် အိမ်ဘုရားစင်မှာလှူ ရင်း လိုရာဆုတောင်းပါလေ။
ကြာသပတေးသားသမီးများသည် အသက် ၁ ၊ ၉ ၊ ၁၇ ၊ ၂၅ ၊ ၃၃ ၊ ၄၁ ၊ ၄၉ ၊ ၅၇ ၊ ၆၅ ၊ ၇၃ ၊ ၈၁ ၊ ၈၉ စသည့် အသက်ပိုင်းအခြားများ၏ …




#ဒုတိယ(၄)လအတွင်း အောက်ပါအဖြစ်အပျက်များဖြစ်လတ္တံ့။
ကံကြမ္မာကို အကောင်းအဆိုးခွဲပြီးပြောရမယ်ဆိုရင် အလွန်ကောင်းတဲ့ အခါသမယလို့ ပြောရမှာပါပဲ။ စိတ်ချမ်းသာစရာတွေ၊ တိုးတက် အောင်မြင်မှုတွေ၊ အခွင့်အလမ်းတွေ အဘက်ဘက်က ပေါ်ပေါက်လာမယ့် အချိန် ကောင်းဖြစ်ပါတယ်။
တနင်္လာနံလုပ်ငန်းများဖြစ်သည့် ငွေ ၊ ခြံ ၊ ကား ၊ ကျောက် ၊ ကုန်သည် ၊ ကွန်ပြူတာ ၊ ကင်မရာ ၊ ကွမ်းသီး ကွမ်းယာပစ္စည်း ၊ ကုန်ခြောက် ၊ ကုန်စုံ ၊ ကြက်ဥ ၊ ကြက်သား ၊ ကြက်မွေးမြူရေး ၊ ငါးပိ ၊ ငါးခြောက် ၊ ငါးမွေးမြူရေး စသည့် က ခ ဂ ဃ င နှင့် ပက်သက်ဆက်နွယ်နေသည့်လုပ်ငန်းများ
စနေနံလုပ်ငန်းများဖြစ်သည့် အထည်အလိပ် ၊ ထီး ၊ ဖိနပ် ၊ နာရီ ၊ဦးထုပ် ၊ လူမျိုးခြား ၊ နိုင်ငံခြား ၊ မီး ၊ လျှပ်စစ် ၊ အပူ ၊ ဓါတ်ပုံ ၊ ထီလုပ်ငန်း ၊ ထုံးလုပ်ငန်း ၊ နွားနို့ ၊ ဒိန်ချဉ် ၊ နို့ဆီ စသည့် တ ထ ဒ ဓ န နှင့် ပက်သက်ဆက်နွယ်နေသည့်လုပ်ငန်းများ
သောကြာနံလုပ်ငန်းများဖြစ်သည့် ဟော်တယ်လုပ်ငန်း ၊ ခရီးသွားလုပ်ငန်း ၊ ကုန်သည်ကြီးအလုပ် ၊ စကားပြောရသောအလုပ် ၊ လှုပ်ရှားရသောအလုပ် ၊ ပွဲစားအလုပ် ၊ အသံကိုအသုံးချရသောအလုပ် ၊ ခရီးသွားရသောအလုပ် ၊ ရေကြောင်းခရီး ၊ သင်္ကန်း ၊ သစ် ၊ သံ ၊သွပ် ၊ သစ်သီး ၊ သီးနှံ ၊ သားငါး ၊ အသုပ် စသည့် သ ဟ နှင့် ပက်သက်ဆက်နွယ်နေသည့်လုပ်ငန်းများ
စတင်ရန် ၊ တိုးချဲ့ရန် ၊ လုပ်ကိုင်ရန် အလွန်ကောင်းမွန်သောအချိန်ကာလဖြစ်သည်။




အာလူး၊ ဝက်သား၊ အုန်းရည်၊ အရက် စတာတွေဟာ ကိုယ့်ကို ကံအနိမ့်အညံ့ဖြစ်စေတတ်တဲ့အတွက် သတိမူပြီး ရှောင်ကြဉ်သင့်ပါတယ်။
မိမိနေတဲ့နေရာရဲ့ အိမ်ရှေ့ဘက် ၊ ခေါင်းရင်းဘက်တွေမှာ လမ်းပြင်တာတွေ ၊ လမ်းခင်းတာတွေလုပ်ရင် အိပ်ယာပြောင်းအိပ်သင့်ပါတယ်။
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ဆိုတဲ့ကိန်းမျိုးပါပဲ။ ရည်ရွယ်ထားသမျှ ရဲရဲလုပ်ပေတော့လို့ တိုက်တွန်းလိုပါတယ်။ ငွေအား လူအား ရှိသလောက် အရှိန်အဟုန်နဲ့ အင်အားသုံးပြီး စီးပွားတိုးချဲ့သင့်တဲ့အချိန်ပါပဲ။
တနင်္လာသား သမီး၊ စနေသားသမီးတွေကလည်း ကောင်းစွာကူညီထောက်ပံ့လာနိုင်ပါတယ်။
ငွေတအားရွှင်မယ်။ ထီပေါက်သလို အပုံလိုက်ဝင်လာတတ်ပါတယ်။ ဝင်ရိုးဝင်စဉ် ငွေတွေအပြင် အဘက်ဘက်က ဝင်လာလိမ့်မယ်။
ဒီအချိန်မျိုးမှာ ထီလည်း စိုက်လိုက်မတ်တပ် ထိုးသင့်ပါတယ်။ (၇)အစ (၂)အဆုံး၊ (၈)အစ (၂)အဆုံး၊ (၅)အစ (၃)အဆုံး၊ (၉)အစ (၃)အဆုံး ဂဏန်းတွေကို ရွေးပြီးထိုးသင့်ပါတယ်။ကိုယ့်အနီးဝန်းကျင်မှာ၊ ဒါမှမဟုတ် ဆွေမျိုးမိတ်ဆွေတွေထဲမှာ အလှူပွဲတို့၊ မင်္ဂလာပွဲတို့ ပွဲလမ်းသဘင်ကြုံတဲ့နေ့မျိုးဆိုရင် ထီထိုးသင့်ပါတယ်။ နောက်ပြီးတော့ ကားမတော်တဆမှု ကြုံရမြင်ရတဲ့ အခါဆိုရင်လည်း ချက်ချင်းထီထိုးသင့်ပါတယ်။




အလှူအတန်းကြီးတွေ လုပ်ရတတ်တယ်။ ကိုယ့်မှာ အဆင်ပြေအောင်မြင် တဲ့အတွက် ဆွေမျိုးသားချင်းကိုလည်း ကူညီထောက်ပံ့နိုင်ပါလိမ့်မယ်။
ခြံ ၊ တိုက်ခန်း ၊ ကား ကောင်းသောဝင်ခြင်းနဲ့ ဝင်လာတတ်ပါတယ်။ အဖိုးတန်အိမ်ထောင်ပရိဘောဂ ဒါမှမဟုတ် အိမ်ဝင်လာတတ်ပါတယ်။
ခရီးကိစ္စတွေလည်း အောင်မြင်မယ်။ ဘုရားဖူးခရီး သွားရမယ်။ ပြည်ပ ခရီးအစီအစဉ်ရှိရင်လည်း အောင်မြင်ပါလိမ့်မယ်။ နိုင်ငံရပ်ခြားကိစ္စများ အကျိုး ပေးချိန်ဖြစ်ပါတယ်။
အိမ်အဆောက်အဦးနဲ့ပတ်သက်လို့လည်း စိတ်တိုင်းကျ ဆောင်ရွက်နိုင် လိမ့်မယ်။ နေရာအပြောင်းအရွှေ့ကိစ္စတွေလည်း အောင်မြင်လိမ့်မယ်။ ဝန်ထမ်း ဆိုရင်လည်း ရာထူးကိစ္စရော၊ နေရာကိစ္စရော၊ ဝင်ငွေကိစ္စပါ စိတ်ချမ်းသာရမယ့် အချိန်ဖြစ်ပါတယ်။
ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာတော့ အထစ်အငေါ့ အနှောက် အယှက်တွေ များလိမ့်မယ်။ မိသားစုနဲ့စိတ်သဘောကြီးစွာ ကွဲတတ်တဲ့အချိန်၊ အိမ်က ထွက်သွား မိတတ်တဲ့အချိန်မျိုးဖြစ်ပါတယ်။ မိတ်ဆွေရင်း ဆရာရင်းတွေနဲ့ လည်း အဆင်မပြေ လမ်းခွဲရတတ်ပါတယ်။
အဖိုးတန် ကျောက်မျက်ရတနာ၊ အထည်အလိပ်၊ထီး၊ဖိနပ်၊လျှပ်စစ် ပစ္စည်း၊ တယ်လီဖုန်း၊ ကား စတာတွေ ဝင်လာတတ်တဲ့အချိန်မျိုးဖြစ်ပါတယ်။
အမွေကိစ္စ၊ မြေကိစ္စတွေမှာတော့ အဆင်မပြေ ထစ်ငေါ့နေတတ်တယ်။ ရွှေထွက်တတ်တယ်၊ ပျောက်တတ်တယ်၊ စက်ပစ္စည်းအတွက် ပြောဆို ဖြေရှင်းရတတ်ပါတယ်။




စပ်တူကိစ္စ၊ စာရွက်စာချုပ်ကိစ္စတွေအတွက်လည်း စိတ်အနှောက် အယှက် ကြုံရတတ်ပါတယ်။ အောက်လက်ငယ်သားတွေ အိမ်ကထွက်တတ်တယ်။
အိမ်ထောင်ရေး အောက်လက်ငယ်သားကို အကြောင်းပြုပြီး အဆင်မပြေ စိတ်သဘောကွဲလွဲရတတ်ပါတယ်။ တစ်ယောက်တစ်နေရာစီ ခွဲနေရ တတ်ပါတယ်။
အချစ်ရေးမှာ တွေးလိုက်တိုင်း ပျော်စရာတွေချည်းပဲ ကြုံနေပါလိမ့်မယ်။ မင်္ဂလာကိစ္စလည်း စီစဉ်ရတတ်ပါတယ်။
ကျန်းမာရေးအနေနဲ့ ဆိုးဆိုးဝါးဝါး မရှိလှပါဘူး။ အာရုံကြောအားနည်း၊ လေထိုးလေအောင့်၊ ဆီး၊မျက်စိ၊အစာအိမ်ရောဂါတွေ နည်းနည်းလေး ဒုက္ခပေး တတ်ပါတယ်။
ကံကောင်းစေတဲ့အရောင် – အဖြူရောင်၊ အနက်ရောင် ၊ အပြာရောင်တွေ ကံကောင်းအကျိုးပေးတယ်။
ပန်းမြတ်မာလာ – ကံတက် စေမယ့်၊ကံကောင်းစေမယ့်၊ဆောင်ရမယ့်၊ ပန်းအိုးထိုးရမယ့်၊ ဘုရား လှူရမယ့်၊ ပန်းမြတ်မာလာတွေကတော့ .. ကံ့ကော်၊ နှင်းဆီ၊ သပြေ ပန်းတွေပဲ ဖြစ်တယ်။
နေ့ကောင်းရက်သာ – အရေးကြီးကိစ္စတွေလုပ်ရင် … စနေ၊ သောကြာ၊ တနင်္လာ နေ့တွေမှာ လုပ်ပါ။
အကျိုးပေးနေ့သား – လုပ်ငန်း စပ်တူ လုပ်ကိုင် ရင်လည်း စနေ၊ တနင်္လာ၊ သောကြာ သားသမီး တွေနဲ့ပဲ စပ်တူ လုပ်ကိုင် သင့်တယ်၊ အကျိုး ပေးမယ်။




အကြံအစည်များအောင်မြင်ရန် ကံကောင်းရန် –
မနက်စောစောမှာ နှင်းဆီ (၇) ပွင့်၊ ကံကော် (၂) ညွန့်၊ နွားနို့ (၂) ခွက်၊ အမွှေးတိုင် (၉) တိုင်နဲ့အတူ ကိတ်မုန့်(၂)ချပ်ပေါ်မှာ ဖယောင်းတိုင်တစ်တိုင်စီထွန်း၍ အိမ်ဘုရားမှာလှူဒါန်းရင်း အလိုရှိရာများကို အတိအကျအသံထွက်ဆုတောင်းပါ…။
ကြာသပတေးသားသမီးများသည် အသက် ၁ ၊ ၉ ၊ ၁၇ ၊ ၂၅ ၊ ၃၃ ၊ ၄၁ ၊ ၄၉ ၊ ၅၇ ၊ ၆၅ ၊ ၇၃ ၊ ၈၁ ၊ ၈၉ စသည့် အသက်ပိုင်းအခြားများ၏ …
#တတိယ(၄)လအတွင်း အောက်ပါအဖြစ်အပျက်များဖြစ်လတ္တံ့။
ကံဇာတာကို အကောင်းအဆိုးခွဲပြီး ပြောရမယ်ဆိုရင် အလယ်အလတ်မှာပဲရှိပါတယ်။မိမိကြိုးစားသလောက် စီးပွားတက်မယ့် အချိန်ကာလဖြစ်ပါတယ်။စီးပွားကို ကိုယ်နိုင်သလောက် ပုံမှန်လေးပဲတိုးချဲ့သင့်ပါတယ် … ။
စွန့်စားတာမျိုးမလုပ်သင့်ပါဘူး …။ ယတြာတွေဖိချေပြီး လူကလည်းများများကြိုးစားမှ လုပ်ငန်းစီးပွားတိုးတက်ပြီး အကြံအစည်ရည်ရွယ်ချက်တွေ အောင်မြင်ပါလိမ့်မယ် … ။
စနေနံလုပ်ငန်းများဖြစ်သည့် အထည်အလိပ် ၊ ထီး ၊ ဖိနပ် ၊ နာရီ ၊ဦးထုပ် ၊ လူမျိုးခြား ၊ နိုင်ငံခြား ၊ မီး ၊ လျှပ်စစ် ၊ အပူ ၊ ဓါတ်ပုံ ၊ ထီလုပ်ငန်း ၊ ထုံးလုပ်ငန်း ၊ နွားနို့ ၊ ဒိန်ချဉ် ၊ နို့ဆီ စသည့် တ ထ ဒ ဓ န နှင့် ပက်သက်ဆက်နွယ်နေသည့်လုပ်ငန်းများ




ကြာသပတေးနံလုပ်ငန်းများဖြစ်သည့် ပညာကိုအသုံးချရသောအလုပ် ၊ ပညာနှင့်ပက်သက်သောအလုပ် ၊ ဆရာအလုပ် ၊ ပွဲစားအလုပ် ၊ မြေ ၊ ဖုန်း ၊ မုန့် ၊ ပဲ ၊ ပြောင်း ၊ ဖယောင်း ၊ မိတ္တူ ၊ ဗီနိုင်း စသည့် ပ ဖ ဘ ဗ မ နှင့် ပက်သက်ဆက်နွယ်နေသည့်လုပ်ငန်းများ
ဗုဒ္ဓဟူးနံလုပ်ငန်းများဖြစ်သည့် အလှအပ ၊ အနုပညာ ၊ အလှကုန် ၊ အလှပြင်ဆိုင် ၊ အလှအပနှင့်ပက်သက်သောအလုပ်များ ၊ ရွှေ ၊ ရတနာ ၊ ရေလုပ်ငန်း ၊ ရေသန့် ၊ လက်ဖက်ရည်ဆိုင် ၊ အအေးဆိုင် ၊ အရက် ၊ ဘီယာ ၊ ယိုစုံ ၊ လူမှုရေး ၊ လူအများနှင့်ပက်သက်သည့်အလုပ်များ ၊ ယာဉ် ၊ ရထား စသည့် ရ ယ လ ၀ နှင့် ပက်သက်ဆက်နွယ်နေသည့်လုပ်ငန်းများ
စတင်ရန် ၊ တိုးချဲ့ရန် ၊ လုပ်ကိုင်ရန် အလွန်ကောင်းမွန်သောအချိန်ကာလဖြစ်သည်။
ဘုန်းကံမြင့်ရန် ၊ ကံကောင်းစီးပွားတက်ရန် ဓါတ်ဗူးအလွတ်ထဲမှာ ၊ ဓါတ်ပုံထည့် ၊ ထီးဖြူစိုက် ၊ အမြင့်မှာတင်ပေးထားလိုက်ပါ။ ကြက်သား သခွားသီးရှောင်ပါ။
ဘာပဲလုပ်လုပ် အဆင်မပြေ အထစ်အငေါ့တွေများမယ်။ အနှောင့် အယှက်အတိုက်အခံတွေ ကြုံမယ်၊ ကိုယ်လုပ်သမျှကို အပြစ်တင် ကန့်ကွက်မယ့်သူ တွေနဲ့ချည်းပဲ ဆုံဆည်းနေရတတ်ပါတယ်။ ဘာပဲလုပ်လုပ် မကောင်းထင်ခံနေရ တတ်ပါတယ်။ အလွန်ပင်ပန်းမယ့်နှစ်မျိုးပါပဲ။ နေ့မအား၊ ညမအား ဆိုသလို အလုပ်တွေရှုပ်နေမယ်။ ငွေမရတဲ့အလုပ်၊ သူတစ်ပါးရဲ့ကိစ္စတွေက ပိုပြီးတော့ တောင် ရှုပ်နေတတ်ပါတယ်။
သူတစ်ပါးရဲ့ကိစ္စတွေကို ခေါင်းခံတာဝန်ယူ ဖြေရှင်းပေးရတတ်ပါတယ်။ ကျေးဇူးမတင်တဲ့အပြင် အပြစ်တင်ခံရတတ်ပါတယ်။ ပင်ပန်းရကျိုးမနပ်တဲ့ ကာလမျိုးလို့ပြောရမှာပါပဲ။
အလုပ်တွေပိပြီး ကျန်းမာရေးညံ့သွားတတ်တယ်။ စိတ်မော၊ လူမောဖြစ် ပြီး အားကုန်သလိုကြီး ခံစားနေရတတ်ပါတယ်။ မနာလိုရန်လိုသူလည်း ပေါပါ လိမ့်မယ်။ အတို့အထောင် ချောက်တွန်းခံရတတ်ပါတယ်။ မဖြစ်စလောက်ကိစ္စ လေးကနေ ပြဿနာတွေ ရှင်းမပြီးအောင် ဖြစ်ရတတ်ပါတယ်။ အထူးသဖြင့် ဆွေမျိုးရင်းခြာများနဲ့ အဆင်မပြြေုဖစ်တတ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ အလုပ်တွေကို ပုံမှန်လေးပဲဆက်ပြီး လုပ်နေသင့်ပါ တယ်။ လက်ရှိအလုပ်ကို စိတ်ပျက်လာတာမျိုးတွေ ကြုံလာရတတ်တယ်။ အလုပ်ကို အင်နဲ့အားနဲ့ မချဲ့သင့်ပါဘူး၊ လုပ်ငန်း ကြီးကြီးမားမားတွေလည်း အသစ်မစသင့် ပါဘူး။




ဘာလို့လဲဆိုတော့ ဒီအချိန်မျိုးဟာ ငွေကံမကောင်းတဲ့အချိန်၊ လာဘ်ပိတ် တဲ့ အချိန်မျိုးဖြစ်နေတတ်ပါတယ်။ ဘယ်လောက်ပဲ သတိထားထား ကြံဖန်ပြီး အကြွေးတင်သွားတတ်တယ်။ ရစရာရှိတဲ့ငွေ တွေမရဘဲဖြစ်တတ်တယ်။ ငွေ ပျောက်တာ၊ ဆုံးရှုံးနစ်နာတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ သူတစ်ပါးအတွက် လည်း ငွေကုန်ကြေးကျများရတတ်ပါတယ်။
ဆရာသမား၊ ကြီးကဲသူတို့ရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ ဘယ်သူဟာ မိတ်ဆွေကောင်းဆိုတာကို မျက်ဝါးထင်ထင် သိခွင့်ရ မယ့် ကာလမျိုးပါပဲ။
မဖြစ်စလောက်နဲ့ စကားပြောငြင်းခုန်ရတာတွေ ကြုံရတတ်ပါတယ်။ ဆွေမျိုးအတွက် သောကရောက်စရာ ကြုံရတတ်တယ်။ ပြည်တွင်းခရီးတွေ အလွဲလွဲအချော်ချော် ဖြစ်နေမယ်။
နိုင်ငံရပ်ခြားနဲ့ပတ်သက်တဲ့ အလုပ်တွေ၊ ခရီးတွေကတော့ အောင်မြင်ကိန်းရှိနေပါတယ်။ ပညာရပ်ဆိုင်ရာအလုပ်တွေ၊ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ ထွန်းပေါက်အောင်မြင်တတ်ပါတယ်။ ဘာအလုပ်ပဲ လုပ်လုပ် နာမည်ကြီးပြီး ငွေပြတ်နေတတ်ပါတယ်။
အဖိုးတန် ပရိဘောဂ၊ လျှပ်စစ်ပစ္စည်း၊ တယ်လီဖုန်း၊ အထည်၊ ထီး၊ ဖိနပ်၊ အသုံးအဆောင် တွေဝင်လာမယ်။ နိုင်ငံခြား၊ လူမျိုးခြား အဆက်အသွယ် ကောင်းတွေ ပေါ်လာမယ်။ အမွေကိစ္စ၊ မြေကိစ္စတွေမှာလည်း အဆင်ပြေအောင် မြင်နိုင်ပါတယ်။
အလုပ်နဲ့ပတ်သက်ပြီး ငွေကြေးကြပ်တည်းပေမဲ့ ထီဘက်ကနေပြီး ငွေ တွေ ဝင်လာတတ်ပါတယ်။ ဘာသာရေးပုံတွေ၊ ဘာသာရေးပစ္စည်း စတာတွေ လက်ဆောင်အဖြစ် ဝင်လာခဲ့ရင် ထီပေါက်မယ့်နိမိတ်ပါပဲ။ ၅ ထိပ် ၇ ပိတ်၊ ၅ ထိပ် ၈ ပိတ်၊ ၄ ထိပ် ၂ ပိတ်၊ ၄ ထိပ် ၇ ပိတ် ဂဏန်းတွေရှာပြီး ထိုးသင့်ပါတယ်။
ရွှေဝင်လိုက်ထွက်လိုက်ဖြစ်နေမယ်။ အိမ်အဆောက်အဦးကိစ္စ၊ နေရာ ထိုင်ခင်းကိစ္စတွေမှာ မတင်မကျဖြစ်တာ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံရတတ်ပါ တယ်။ မိသားစုနဲ့ စိတ်သဘောကြီးစွာ ကွဲရတတ်ပါတယ်။ အိမ်ကထွက်သွား မိသည်အထိ ဖြစ်တတ်ပါတယ် …။




အလှူပွဲ၊ မင်္ဂလာပွဲကိစ္စတွေမှာလည်း စိတ်ညစ်ရတတ်တယ်။ ယာဉ်၊စက်ပစ္စည်းတွေနဲ့ ထိမိခိုက်မိဖြစ်တတ်ပါတယ်။ အောက်လက်ငယ်သားအတွက်လည်း စိတ်ညစ်ရတတ်ပါ တယ်။
စပ်တူလုပ်ငန်းတွေလည်း မလုပ်သင့်ပါဘူး။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ပျက်စီးတာ၊ပျောက်ဆုံးတာ၊ မှားတာယွင်းတာ ဖြစ်တတ် ကြောင်းလည်း သတိပြုစေလိုပါတယ်။
ဝန်ထမ်းဆိုရင် ရာထူးတက်ပြီး နေရာကိစ္စ၊ ဝင်ငွေကိစ္စ အခက်အခဲတွေ့တတ်တဲ့အချိန်ဖြစ်ပါတယ်။ ဆုထူးဂုဏ်ထူးတွေ ဒီအချိန်မှာရတတ်ပါတယ်။
အလုပ်အပြောင်းအလဲ နေရာအပြောင်းအလဲကြုံတတ်ပါတယ် … ။ ကောင်းသောပြောင်းလဲခြင်းဖြစ်ပါတယ် … ။
အိမ်ထောင်ရေးအတော်သတိထားရမယ့် ကာလမျိုးပါပဲ။ စိတ်သဘောမတိုက်ဆိုင် တင်းတင်းမာမာဖြစ်တတ်ပါတယ်။
အချစ်ရေး ကံခေတဲ့အချိန်ပါပဲ။ ညှိမရနှိုင်းမရတွေ တစ်ခုပြီးတစ်ခု ဖြစ်ရတတ်ပါတယ်။ မင်္ဂလာကိစ္စ မစီစဉ်သင့်ပါဘူး။ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်တတ်ပါတယ်။
ခြေထောက်၊ခါး၊သွား၊သွေး၊အစာအိမ် ဒုက္ခပေးတတ်ပါတယ်။ အစားမှား၊ ဆေးမှားဖြစ်တာ၊ အစားအသောက်ပျက်တာမျိုးတွေ ကြုံရတတ်ပါတယ်။
ကံကောင်းစေတဲ့အရောင် – အကျိုး ပေးတဲ့၊ ကံတတ် စေတဲ့၊ အောင်မြင် စေတဲ့ အရောင် ကတော့ အဝါရောင် ၊အနက်ရောင် ၊အစိမ်းရောင် တွေဖြစ်ပါတယ်။




ပန်းမြတ်မာလာ – ဆောင်တာ ပန်တာ၊ ပန်းအိုး ထိုးတာ၊ ဘုရား လှူတာ အတွက် ပန်းမြတ်မာလာကတော့ … နှင်းဆီ၊ မေမြို့၊ ပိတောက်၊ ရွက်လှ ပန်းတွေ ဖြစ်ပါတယ်။
နေ့ကောင်းရက်သာ – အရေးကြီးအလုပ်တွေလုပ်မယ်ဆိုရင်၊ စကားပြောမယ်၊ လုပ်ငန်းသစ်စမယ်ဆိုရင် စနေ၊ ကြာသ ပတေး၊ ဗုဒ္ဓဟူး နေ့တွေမှာ လုပ်သင့်၊စသင့်ပါတယ်။
အကျိုးပေးနေ့သား – လုပ်ငန်း စပ်တူ လုပ်မယ် ဆိုရင်လည်း စနေ ၊ကြာသ ပတေး၊ ဗုဒ္ဓဟူး သားသမီး တွေနဲ့ တွဲပြီး လုပ်ရင် အောင်မြင်မယ်၊ အကျိုး ပေးမယ်၊ သဘော ကတော့ စနေ၊ ကြာသ ပတေး၊ ဗုဒ္ဓဟူး နံတွေဟာ အကျိုး ပေးတယ် လို့ပဲ နားလည် လိုက်ပါ။
အကြံအစည်များအောင်မြင်ရန် ကံကောင်းရန် ယတြာများ –
မနက်(၇)နာရီ(၅၀)မိနစ်တိတိ အိမ်ဘုရားမှာ နှင်းဆီ(၇)ပွင့် ၊ ပေါင်မုန့်(၅)ချပ် ၊ နွားနို့(၁)ခွက်လှူဒါန်းပြီး အလိုရှိရာများကို အသံထွက်ပြီး အတိအကျဆုတောင်းပါ …။




ချိုးမယ့်ရေထဲမှာ နွားနို့အနည်းငယ်ထည့် နှင်းဆီ (၃) ပွင့်ထည့် ခေါင်းလောင်းချိုးပါ …။(ဘယ်နေ့ ဘယ်ချိန်မဆို လုပ်ပါ ၊ မကြာခဏ လုပ်ပေးပါ)
မိတ်ဆွေများနှင့်တကွ တစ်မိသားစုလုံး ၊ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကိုရိုနာဗိုင်းရပ်ကပ်ရောဂါရန်မှ အမြန်ဆုံးကင်းဝေးကြပါစေ …။
မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)
Credit