မႏၲေလးမွာ ညအိပ္ရမယ့္ ကုန္တင္ကားဆရာႀကီးမ်ား သတိထားရန္ ( ကားဆရာတို႔အားလုံးကိုေျပာခ်င္ပါတယ္ )
ကားဆရာတို႔အားလုံးကိုေျပာခ်င္ပါတယ္။ မႏၲေလးေရာက္ခဲ့ရင္ စြယ္ေတာ္ဝင္း ထဲကားထိုးအိပ္ပါ။ ညေၾကးကိုမႏွေမ်ာၾကပါနဲ႔။ စြယ္ေတာ္အျပင္မွာ ဘယ္ကားမွညအိပ္မရပ္ၾကပါနဲ႔။ လုယက္မႈေတြၾကမ္းေနလို႔ပါ။ ဘယ္သူကားတံခါးေခါက္ေခါက္ဖြင့္မေပးပါနဲ႔ ကားေမာင္းၿပီးတန္းထြက္ပါ။ လုံးဝစိတ္မခ်ရပါဘူး။ အသိကားတစ္စီး မေန႔မနက္ (၃) နာရီေလာက္က ကားတံခါးေခါက္လို႔ဖြင့္ေပးမိတာ၊




လူတစ္စုကသံတုတ္နဲ႔ဝိုင္း႐ိုက္ၿပီး ကားေပၚပါလာတဲ့ကားခ သိန္း (၃ဝ) လုံးယူေဆာင္သြားၾကပါတယ္။ ဒါ့အျပင္ အုံနာဘုတ္ေတြေရာယူသြားၾကတယ္။ ဒါေၾကာင့္ကားထဲမွာလုံၿခဳံေအာင္သိမ္းပါ။ စပါယ္ယာ၊ ဒ႐ိုင္ဘာေတြအထူးသတိထားၿပီးသြာလာၾကပါ။ အခ်ိန္ေနာက္က်ရင္ဆီဆိုင္တခုခုမွာညအိပ္ရပ္နားၾကပါ။ စြယ္ေတာ္ဝင္းအျပင္ဘက္
ဘယ္နားမွမရပ္ပါနဲ႔၊ မအိပ္ပါနဲ႔။ ကားအုပ္စုေတာင့္ရင္ေတာ့တစ္မ်ိဳးေပါ့။ တစီးႏွစ္စီးေလာက္နဲ႔ေတာ့မအိပ္ၾကပါနဲ႔လို႔သတိေပးလိုက္ပါရေစ။ ရန္ကုန္-ေနျပည္ေတာ္-မႏၲေလးၾကား လမ္းခရီးဆီဆိုင္မ်ားနဲ႔ စိတ္ခ်ရေသာထမင္းဆိုင္မ်ားမွအပ စိတ္မခ်ရေတာ့ပါ။ ကားဆရာမ်ားရန္ကုန္ဘက္မွလာေသာ္ ေနျပည္ေတာ္ၿမိဳ႕ေရွာင္လမ္း ထမင္းဆိုင္မွအပ




အျခားေနရာမ်ားညအိပ္ရပ္နားျခင္းမျပဳပါနဲ႔။ ေနာက္က်ပါက ေဘာဂသီရိကားဝန္းထဲအိပ္ပါ။ အျပင္လုံးဝမအိပ္ၾကပါနဲ႔။ ေျမာက္ဖက္ရမည္းသင္းဖက္မွဆိုပါက ေညာင္လြန္စစ္ေဆးေရးဂိတ္ေက်ာ္ၿပီး ထမင္းဆိုင္သာအိပ္ပါ။ တပ္ကုန္းတိုးဂိတ္ဝန္းက်င္အဆုံတံတားအနီး လုံးဝမအိပ္ၾကရန္သိေစခ်င္ပါတယ္။
crd-




ယူနီကုတ္
မန္တလေးမှာ ညအိပ်ရမယ့် ကုန်တင်ကားဆရာကြီးများ သတိထားရန် ( ကားဆရာတို့အားလုံးကိုပြောချင်ပါတယ် )
ကားဆရာတို့အားလုံးကိုပြောချင်ပါတယ်။ မန္တလေးရောက်ခဲ့ရင် စွယ်တော်ဝင်း ထဲကားထိုးအိပ်ပါ။ ညကြေးကိုမနှမျောကြပါနဲ့။ စွယ်တော်အပြင်မှာ ဘယ်ကားမှညအိပ်မရပ်ကြပါနဲ့။ လုယက်မှုတွေကြမ်းနေလို့ပါ။ ဘယ်သူကားတံခါးခေါက်ခေါက်ဖွင့်မပေးပါနဲ့ ကားမောင်းပြီးတန်းထွက်ပါ။ လုံးဝစိတ်မချရပါဘူး။ အသိကားတစ်စီး မနေ့မနက် (၃) နာရီလောက်က ကားတံခါးခေါက်လို့ဖွင့်ပေးမိတာ၊




လူတစ်စုကသံတုတ်နဲ့ဝိုင်းရိုက်ပြီး ကားပေါ်ပါလာတဲ့ကားခ သိန်း (၃ဝ) လုံးယူဆောင်သွားကြပါတယ်။ ဒါ့အပြင် အုံနာဘုတ်တွေရောယူသွားကြတယ်။ ဒါကြောင့်ကားထဲမှာလုံခြုံအောင်သိမ်းပါ။ စပါယ်ယာ၊ ဒရိုင်ဘာတွေအထူးသတိထားပြီးသွာလာကြပါ။ အချိန်နောက်ကျရင်ဆီဆိုင်တခုခုမှာညအိပ်ရပ်နားကြပါ။ စွယ်တော်ဝင်းအပြင်ဘက်
ဘယ်နားမှမရပ်ပါနဲ့၊ မအိပ်ပါနဲ့။ ကားအုပ်စုတောင့်ရင်တော့တစ်မျိုးပေါ့။ တစီးနှစ်စီးလောက်နဲ့တော့မအိပ်ကြပါနဲ့လို့သတိပေးလိုက်ပါရစေ။ ရန်ကုန်-နေပြည်တော်-မန္တလေးကြား လမ်းခရီးဆီဆိုင်များနဲ့ စိတ်ချရသောထမင်းဆိုင်များမှအပ စိတ်မချရတော့ပါ။ ကားဆရာများရန်ကုန်ဘက်မှလာသော် နေပြည်တော်မြို့ရှောင်လမ်း ထမင်းဆိုင်မှအပ




အခြားနေရာများညအိပ်ရပ်နားခြင်းမပြုပါနဲ့။ နောက်ကျပါက ဘောဂသီရိကားဝန်းထဲအိပ်ပါ။ အပြင်လုံးဝမအိပ်ကြပါနဲ့။ မြောက်ဖက်ရမည်းသင်းဖက်မှဆိုပါက ညောင်လွန်စစ်ဆေးရေးဂိတ်ကျော်ပြီး ထမင်းဆိုင်သာအိပ်ပါ။ တပ်ကုန်းတိုးဂိတ်ဝန်းကျင်အဆုံတံတားအနီး လုံးဝမအိပ်ကြရန်သိစေချင်ပါတယ်။
crd-