ဘဝကပေးတဲ့ သင်ခန်းစာအချို့ကြောင့် မိန်းကလေး တချို့သန်မာခဲ့ကြပြီလေ
Knowledge
မိန်းမတွေဟာ ကြလာလေတစ်​တစ်ယောက်တည်း ရှင်သန်လာတတ်ကြတယ်ဒါ ယနေ့ခေတ် တကယ်လက်တွေ့ပါ…
ကိုယ့်ပတ်ဝန်းကျင်ကမိန်းကလေးတစ်ချို့ တစ်နေ့ထက်တစ်နေ့ပိုပြီးထက်မြက်လာတယ်။ကိုယ်တိုင်ကားမောင်းတယ်၊ ပိုက်ဆံ ရှာတယ်၊အိမ်မှုကိစ္စနိုင်တယ်၊ဟင်းကောင်းတစ်ခွက်ကောင်းကောင်း ချက်နိုင်တယ်။
အခက်အခဲရှိရင်ကိုယ့်ဖာသာကိုယ်ရင်ဆိုင်နိုင်တယ်၊မိန်းမပျော့လေးကနေ မိန်းမလူစွမ်းကောင်းတွေဖြစ်လာကြတယ်။ယောက်ျားဆိုတာမလိုအပ်တော့တာထက်မရွေးချယ်ချင်တော့သလို ဖြစ်လာတယ်။ကိုယ့်ကိုယ်ကိုလည်း ချစ်မြက်နိုးပြီးပျော်ပျော်နေလည်း ဒီတစ်ရက်ပဲ၊ဝမ်းနည်းလည်း ဒီတစ်ရက်ပဲလို့ဘာကိုမှ ထိရှမှုမခံပဲ နေတတ်လာတယ်။
ဘဝကို တစ်ယောက်တည်းရှေ့ဆက်ရတဲ့မိန်းမသားတွေဟာ မငိုတတ်တော့ဘူးဘာဖြစ်လို့လဲ ဆိုတော့ လာချော့တဲ့သူမရှိတော့လို့ဘာမဆိုအရှုံးမပေးရဲတော့ဘူးကိုယ့်အားကိုယ်ကိုးနေရတဲ့ အတွက် လောကကြီးကိုရင်ဆိုင်နိုင်တဲ့ သတ္တိအပြည့်ရှိနေလို့
ခိုင်မာတဲ့ ခြေလှမ်းနဲ့ တစ်ကိုယ်တည်း ရှေ့ဆက်ရှောက်လှမ်းမယ်ဆိုတဲ့ မာန်အပြည့်နဲ့ ဘဝကိုရုန်းကန်ြကနေကြတယ်။ဘယ်မိန်းကလေးကများမိန်းမအရင့်အမာကြီး အဖြစ်ခံချင်ပါ့မလဲ၊သူများရင်ခွင်ထဲမှာ နွဲ့ဆိုးဆိုးချင်တာပေါ့။ကတိတစ်ခု၊ယုံကြည်မှုတစ်ခုနဲ၊
သူပေးတဲ့လက်တစ်ကမ်းဟာ ကိုယ့်အတွက်လုံခြုံမှုပေးနိုင်တယ်လို့ ထင်ခဲ့တဲ့အတွေးနဲ့
လက်ရှိအခြေအနေမှာ ကိုယ်တိုင်ကြုံနေတဲ့ဘဝကွာခြားမှန်းသိသွားတဲ့အခါမှာဘဝကပေးတဲ့ သင်ခန်းစာအချို့ကြောင့် မိန်းကလေး တချို့သန်မာခဲ့ကြပြီလေ….။
(ယောကျာ်း တချိုကြောင့် ရလာမဲ့ ဒဏ်ရာတွေထက် တစ်ယောက်ထဲ နေရတာ ပိုအေးချမ်းတယ်လို့ထင်လာတဲ့နောက် ဘယ်သူ့အပေါ်မှ သံယောဇဉ် မထားချင်တော့ဘူး)Credit..
Credit..
Leave a Reply
Your email address will not be published.