News
crd-Myanmar Platform
ယူနီကုတ်
ကုန်ဈေးနှုန်းများ ၂ ဆနီးပါးမြင့်တက်နေပြီး ဆန်တစ်အိတ် ၈ သောင်းကျပ် အထိပေါက်ဈေးရှိနေတဲ့ ကချင်ပြည်နယ် ပူတာအိုဒေသ
ကချင်ပြည်နယ် ပူတာအိုဒေသတွင်ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေပြီးဆန်တစ်အိတ်လျှင်ကျပ် ၈၀၀၀၀ အထိပေါက်ဈေးရှိနေလို့ဒေသခံများအခက်တွေ့နေရတယ်လို့ဆိုပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှုတွကြောင့်ဒေသခံများရဲ့လူမှုစီးပွားဘဝတွေကိုပါထိခိုက်မှုရှိလာပြီးယခုလိုကုန်ဈေးနှုန်းမြင့်တက်မှုကိုထိန်းညှိပေးဖို့ကိုလည်းဒေသခံများ
ကလိုလားလျက်ရှိနေတယ်လို့ ဆိုပါတယ်။ ပူတာအိုဒေသတွင်ယခင်ကဆန်တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်သာရှိခဲ့ရာမှ ယခုအခါကျပ် ၈၀၀၀၀ အထိ ပေါက်ဈေးရှိနေပြီး စားဆီတစ်ပိဿာလျှင် ၉၀၀၀ ကျပ်နှင့် ဓါတ်ဆီတစ်ဂါလံလျှင် ၁၀၀၀၀ ကျပ် ကျော်အထိမြင့်တက်နေတာဖြစ်ပြီး ဒီထက်ကုန်ဈေးနှုန်း ပိုမိုမြင့်မားလာမှာကို
ဒေသခံတွေကစိုးရိမ်လျှက်ရှိနေကြတယ်လို့သိရပါတယ်။ ပူတာအိုဒေသဟာလမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတစ်ခုဖြစ်သလို ယခုကဲ့သို့ ကုန်ဈေးနှုန်းတွေ ထက်ဝက်ခန့် အဆမတန်မြင့်တက်နေမှုတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ထိန်းညှိပေးဖို့ ဒေသခံတွေကလိုလားလျက်ရှိနေကြပါတယ်။။
crd-Myanmar Platform
Leave a Reply
Your email address will not be published.