ယနေ့ မနက်ပိုင်းမှ စ၍ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းရှိ ဖုန်းလိုင်းဖြတ်တောက်ခံထားရသော မြို့နယ်များ

News

စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုနှင့်

မကွေးတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ဖုန်းလိုင်းများအားလုံး ဖြတ်တောက်ခံထားရ

ရန်ကုန်၊ မေ ၂၉

အကြမ်းဖက် စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုနှင့်

မကွေးတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ဖုန်းလိုင်းများအားလုံး ဖြတ်တောက်ခံထားရကြောင်း

ဒေသခံအများစုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

မေလ ၂၈ ရက်နေ့ ည ၁၁ နာရီကျော်အချိန်မှ စတင်ပြီး ဖုန်းလိုင်းများ ခေါ်ဆိုမရတော့ဘဲ လိုင်းပျောက်သွားခြင်းဖြစ်ပြီး

ယခုမနက်ပိုင်းတွင် မည်သည့်ဖုန်းအမျိုးအစား ဖုန်းကတ်များမှ ဖုန်းခေါ် ဆိုခြင်းနှင့်

ဖုန်းအဝင်လက်ခံခြင်းမရရှိတော့ ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“မုံရွာမြို့ပေါ်မှာလည်း ဖုန်းလိုင်းတွေ မရဘူး။ မုံရွာမှာ Ooredooနဲ့ Telenor လိုင်းတွေအကုန် ပျောက်နေတယ်။

တယ်လီနောက လိုင်းအရင် အရင်ပျောက်တာ။ မနေ့ည ၁၁ နာရီ ၄၅မိနစ်လောက်ကတည်းကပျောက်တတာ။

Ooredoo ကတော့ ည ၁၂ နာရီ ၁၀ မိနစ်က စပျောက်တာ။ ယင်းမာပင်ဘက်ကလည်း မရဘူးပြောတယ်။

ကနီ၊ဆားလင်းကြီး၊ ပုလဲ အဲဒီဘက်တွေလည်း မရဘူး။မနေ့ည ၁၁ နာရီ ၁၂ နာရီအကြားမှာ စဖြတ်တာ။

ဟိုတစ်နေ့ကလည်း အဲဒီလို ဖြတ်တယ်။ ဒီနေ့လည်း ထပ်ဖြတ်တယ်” ဟု မုံရွာဒေသခံတစ်ဦးက ပြောဆိုသည်။

လတ်တလော မေးမြန်းချက်အရ စစ်ကိုင်းတိုင်းမြို့နယ်အများစုတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခြင်းဖြစ်ကြောင်း

စုံစမ်းသိရှိရသည်။ အလားတူ မကွေးတိုင်း၊ မြိုင်၊ရေစကြို ၊ဂန့်​ဂေါ​ ၊ပေါက်မြို့​များတွင်လည်း ဖုန်းလိုင်းများ

ဖြတ်တောက်ခံထားရကြောင်း သိရှိရသည်။ ဓာတ်ပုံ- ကျေးလက်နေပြည်သူတချို့ မိုဘိုင်းလ်ဖုန်းအသုံးပြုနေစဉ်။

(ပုံအဟောင်းဖြစ်သည်)

Credit – Khit Thit

zawgyi,

စစ္တပ္ကို ေတာ္လွန္တိုက္ခိုက္ေနေသာ စစ္ကိုင္းတိုင္းရွိ ၿမိဳ႕နယ္အမ်ားစုႏွင့္

မေကြးတိုင္းအတြင္းရွိ ၿမိဳ႕နယ္တခ်ိဳ႕တြင္ ဖုန္းလိုင္းမ်ားအားလုံး ျဖတ္ေတာက္ခံထားရ

ရန္ကုန္၊ ေမ ၂၉

အၾကမ္းဖက္ စစ္တပ္ကို ေတာ္လွန္တိုက္ခိုက္ေနေသာ စစ္ကိုင္းတိုင္းရွိ ၿမိဳ႕နယ္အမ်ားစုႏွင့္

မေကြးတိုင္းအတြင္းရွိ ၿမိဳ႕နယ္တခ်ိဳ႕တြင္ ဖုန္းလိုင္းမ်ားအားလုံး ျဖတ္ေတာက္ခံထားရေၾကာင္း

ေဒသခံအမ်ားစုက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုၾကသည္။

ေမလ ၂၈ ရက္ေန႔ ည ၁၁ နာရီေက်ာ္အခ်ိန္မွ စတင္ၿပီး ဖုန္းလိုင္းမ်ား ေခၚဆိုမရေတာ့ဘဲ လိုင္းေပ်ာက္သြားျခင္းျဖစ္ၿပီး

ယခုမနက္ပိုင္းတြင္ မည္သည့္ဖုန္းအမ်ိဳးအစား ဖုန္းကတ္မ်ားမွ ဖုန္းေခၚ ဆိုျခင္းႏွင့္

ဖုန္းအဝင္လက္ခံျခင္းမရရွိေတာ့ ေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။

“မုံ႐ြာၿမိဳ႕ေပၚမွာလည္း ဖုန္းလိုင္းေတြ မရဘူး။ မုံ႐ြာမွာ Ooredooနဲ႔ Telenor လိုင္းေတြအကုန္ ေပ်ာက္ေနတယ္။

တယ္လီေနာက လိုင္းအရင္ အရင္ေပ်ာက္တာ။ မေန႔ည ၁၁ နာရီ ၄၅မိနစ္ေလာက္ကတည္းကေပ်ာက္တတာ။

Ooredoo ကေတာ့ ည ၁၂ နာရီ ၁၀ မိနစ္က စေပ်ာက္တာ။ ယင္းမာပင္ဘက္ကလည္း မရဘူးေျပာတယ္။

ကနီ၊ဆားလင္းႀကီး၊ ပုလဲ အဲဒီဘက္ေတြလည္း မရဘူး။မေန႔ည ၁၁ နာရီ ၁၂ နာရီအၾကားမွာ စျဖတ္တာ။

ဟိုတစ္ေန႔ကလည္း အဲဒီလို ျဖတ္တယ္။ ဒီေန႔လည္း ထပ္ျဖတ္တယ္” ဟု မုံ႐ြာေဒသခံတစ္ဦးက ေျပာဆိုသည္။

လတ္တေလာ ေမးျမန္းခ်က္အရ စစ္ကိုင္းတိုင္းၿမိဳ႕နယ္အမ်ားစုတြင္ ဖုန္းလိုင္းမ်ား ျဖတ္ေတာက္ခံထားရျခင္းျဖစ္ေၾကာင္း

စုံစမ္းသိရွိရသည္။ အလားတူ မေကြးတိုင္း၊ ၿမိဳင္၊ေရစႀကိဳ ၊ဂန႔္​ေဂါ​ ၊ေပါက္ၿမိဳ႕​မ်ားတြင္လည္း ဖုန္းလိုင္းမ်ား

ျဖတ္ေတာက္ခံထားရေၾကာင္း သိရွိရသည္။ ဓာတ္ပုံ- ေက်းလက္ေနျပည္သူတခ်ိဳ႕ မိုဘိုင္းလ္ဖုန္းအသုံးျပဳေနစဥ္။

(ပုံအေဟာင္းျဖစ္သည္)

Credit – Khit Thit

Leave a Reply

Your email address will not be published.