ဇွန်လ ၁ ရက်နေ့နှင့် မေလ ၂၈ ရက်နေ့ (ယနေ့) အတွက် မိုးလေဝသဆရာမလေး စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်

Weather

uni
ဇွန်လ ၁ ရက်နေ့နှင့် မေလ ၂၈ ရက်နေ့ (ယနေ့) အတွက် မိုးလေဝသဆရာမလေး စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်

၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့နှင့် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အတွက် မိုးလေဝသဆရာမလေး စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်တို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

မေလ ၂၈ ရက်နေ့ ယနေ့မှာ ကော့သောင်းခရိုင်နှင့် လမ်းပိကျွန်း ဇာဇာနှင့် ဇာတက်ကြီးကျွန်းတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်။ ရေလှိုင်းအမြင့် ၅ပေ မှ ၉ပေအထိရှိနိုင်ပြီး မိုးသက်လေပြင်းကျရောက်စဉ်တစ်နာရီ ၁၈ မိုင်မှ ၂၄ မိုင်အထိတိုက်ခတ်နိုင်ပါတယ်။

ဘုတ်ပြင်း ကျွန်းစုမြို့ တနင်္သာရီမြို့ မြိတ်မြို့ ကတန်ကျွန်း ပြင်းဖြူကြီး သရက်ချောင်း လောင်းလုံ ထားဝယ် မောင်းမကန်ကမ်းခြေတို့မှာ မိုးရွာသွန်းနိုင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့်ကပ္ပလီပင်လယ်ပြင်တွေမှာ မုတ်သုန်လေသည်အားအသင့်အတင့်မှ အားကောင်နေပါတယ်။

တနင်္သာရီတိုင်း မွန်ပြည်နယ်ကရင်ပြည်နယ် ပဲခူးတိုင်းအရှေ့ပိုင်း နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသတွေမှာ မိုးရွာနိုင်ပါတယ်။

၂၀၂၂ ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ် ဆိုပြီး ကြိုတင်ခန့်မှန်းပေးထားပါတယ်။

Source: မင်း ဂွတ် သီး

Zawgyi








Source: မင်း ဂွတ် သီး

Leave a Reply

Your email address will not be published.