26.May.2022 မှ 1.Jun. 2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ဒီအပတ်အတွင်းအိမ်မီးလန့်တတ်သည်။ ခရီးတစ်ခုထွက်ရမည်။ ရွှေ (သို့) အဖိုးတန်ပစ္စည်းများ ထွက်တတ် သည်။ လုပ်ငန်းများမပြီးပြတ်ပဲ ဖြစ်နေတတ်သည်။ လူမျိုးခြားအကူညီရမည်။ ပတ်ဝန်းကျင်တွင် နာရေး သတင်း တစ်ခုကြားရမည်။ မိမိမသိသော်လည်း လာရောက် ပါတ်သက်မည့်သူများနှင့် ကြုံတွေ့ရမည်။ ဆုံးဖြတ်ချက်တစ်ခု ကိုသာ ပြတ်ပြတ်သားသားလုပ်မှ အဆင်ပြေမည်ဖြစ်သည်။ စိတ်ဆိုးဒေါသထွက်စရာတွေ အရမ်း များလာမယ်။
အပြောအဆို မတတ်လို့ လူရင်းတွေနဲ့တောင် စကားများရတတ်တယ်။ ဘယ်အလုပ်မှာမဆို ဆုံးဖြတ်ချက်တွေ မှားယွင်းလွယ်လို့ သတိထားရ မယ်။ အကြံအစည်၊ ရည်ရွယ်ချက်တွေ အကောင်အထည် ပေါ်လာမယ့်ကာလ ဖြစ် တယ်။ ရုန်းကန်မှုနဲ့အတူ အောင်မြင်မှုတွေလည်း လိုက်ပါလာမယ်။ အခွင့်အရေးတွေလည်း ရလာနိုင်တယ်။ ဆုံးဖြတ် ချက် မပြတ်သားတာ၊ တွေဝေတာတွေ များနေလို့ ဒီကာလမှာ အခွင့်ကောင်း တွေ လက်လွှတ်ရတတ်တယ်။ လုပ်စရာ ရှိတာရဲရဲလုပ်၊ မြန်မြန်ဆုံးဖြတ်တတ်ဖို့ လိုမယ်။ ငွေကြေး အချေးအငှားတွေ ရှောင် ပါ။
ပြဿနာ ဖြစ်လွယ် မယ်။အချစ်ရေးအိမ်ထောင်ရေးကိစ္စများကတော့ အညံ့အဆိုးနည်းပါးတာကိုတွေ့ရပါတယ်။ ကျန်းမာရေး ကတော့ မဆိုးပေမဲ့ လေးလံထိုင်းမိုင်းနေတာကိုတွေ့ရပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးအပြိုင်အဆိုင် အတိုက်အခိုက်တွေနဲ့ ယှဉ်ပြီးတိုးတတ်ပါလိမ်မယ်။အကျိုးပေးဂဏန်း ၄/၈/၅ အထူးဟော အနည်းငယ်သောကလေးတွေရှိနေမယ်။ယတြာ လက်ဖက်ထမင်းဘုရားကပ်လှူပေးပါ။
တနင်္လာ
ဤအချိန်တွင် အထက်လူကြီး အကူအညီရမည်။ အောက်လက်ငယ်သားများ၏ ဒုက္ခပေးခြင်း ခံရတတ် သည်။ ရပ်ဝေးမှ မိတ်ဆွေများ မိမိအိမ်သို့ ရောက်လာမည်။ မိမိပြုစုပျိုးထောင်ထားသောအသီးအနှံများကို ခံစားစံ စားရမည့်အချိန်ဖြစ်သည်။ ဤအချိန်တွင်ဘာပဲလုပ်လုပ် အဆင်ပြေမည်။ ဘဝင်မမြင့်ဖို့လိုအပ်ပါသည်။အလှူ အတန်း များများပြုလုပ်ပေးပါ။လှူလေအဆင်ပြေလေဆိုသော အချိန် သည် ဤအချိန်ဖြစ်သည်။ အိမ်တွင်းရေးအဆင်ပြေနေမည်။
အပေါင်းအသင်းများနှင့် အဆင်မပြေ ဖြစ် သည်။ ထီထိုးးရန်မမေ့ပါနှင့်။ ထီပေါက်သကဲ့သို့ငွေဝင်မည် ဖြစ်ပါသည်။ ရပ်ဝေးသတင်းကြားမည်။ နိုင်ငံရပ်ခြား လူမျိုး ခြားထံမှ အကူအညီရမည်။ ငွေ ဝင် မည်။ အိမ်ပြင် ရမည်။ ကျန်းမာရေး ဂရုစိုက်ပါ။ သွေးတိုးနေတာမျိုး၊ဆီးချိုတက်နေတာမျိုးဖြစ်တတ်သည်။မလှုပ်ချင် မကိုင်ချင် ဖြစ်တတ် သည်။ သူတစ်ပါးအား ငွေမချေးပါနှင့်။ ငွေကြေးကိစ္စ ပြဿနာ ဖြေရှင်းရတတ်သည်။ ရက်ပိုင်းအတွင်း သင့်လုပ်ငန်းများ တိုး အောင်မြင်မည့်အချိန်ဖြစ်သည်။
အဖွဲ့ အစည်းနှင့် ပတ်သက်သော လုပ်ငန်းများ တိုးချဲ့ သင့်သည်။ဤရက်ပိုင်းတွင် တနင်္ဂနွေသားသမီး စနေသားသမီး ထံမှ အကူအညီရစေနိုင်သည်။အချစ်ရေးအတွက် စိတ်ပူပန်ရမယ်။ ဝေးနေတဲ့ချစ်သူကိုစိတ်မချဖြစ်နေရတတ်ပါတယ်။ ပညာစတင်သင်ယူလို့အလွန်ကောင်းတဲ့ကာလ ပဲဖြစ်ပါတယ်။အကျိုးပေးဂဏန်း ၉၊၅၊၆ အထူးဟော ကံမြင့်မားနေမယ်။ယတြာ သပြေပန်းဘုရားကပ်လှူလိုက်ပါ။
အင်္ဂါ
ငွေများတရစပ်ဝင်မည်။ မကြာခဏ အလှူအတန်း ပေးရမည်။ မိမိစိတ်ထဲဖြစ်ချင်နေတဲ့ စိတ်ဆန္ဒလေးတွေ မကြာခဏပြည့်ဝလိမ့်မယ်။သင်၏ကံကြမ္မာသည် နှိမ်ရာမှ မြင့်ရာသို့ တရှိန်ထိုး တိုးတက်သွားသောကြောင့် ဖြစ်သည်။ တစ်ချိန်က သင့်အားအထင်သေးသောသူများလည်း ဤ အချိန်တွင် သင့်ကိုလွန်က အထင်ကြီး နေလိမ့်မည်။ ပတ်ဝန်း ကျင်၏ အနှောက်အယှက်ပေးမှုကိုတော့ သတိထားသင့် သည်။ ခြေလက်များ ညောင်းညာ ကိုက်ခဲ နေတတ်သည်။
အချစ်ရေးအဆင်ပြေနေမည်..အိမ်တွင်းရေး အဆင် ပြေနေမည်..။စီးပွားရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်သင့်သည်။ငွေဝင်မည်။ ရွှေဝင်မည်။ ဆန့်ကျင်ဘက်သူများ၏ မျက်နှာသာပေးမှုကို ခံရမည်။ ပတ်ဝန်းကျင်၏ အရေးပေးမှု ခံရမည်။ကလေးများကို မကြာခဏပျော်ရွှင်အောင်ထားပါ။ ဘာသာရေး အဓိဋ္ဌာန်ပြု လုပ်လျှင် အကောင်းဆုံးအချိန်ဖြစ် သည်။ ဤအချိန်တွင် နိုင်ငံရပ်ခြားကိစ္စ၊ ခရီးကိစ္စ အဆင် ပြေအောင်မြင် မည်ဖြစ်သည်။
အထက်လူကြီး၊ မိတ်ဆွေ အပေါင်းအသင်း အကူအညီရမည်။ ငွေဝင်မည်။ အိမ်တွင်း ရေးသာယာ နေမည်။ အလှူအတန်းပြုလုပ်ရမည်။ နှစ်ကြိမ် နှစ်ခါဖြစ်တတ်သည်။ ဤအချိန်တွင် သင်ဘာပဲလုပ်လုပ်ကောင်းသော အချိန်ဖြစ်သည်။ လုပ်ငန်းနှစ်ခု တစ်ပြိုင်နက် တည်းပေါ်မည်။ ပညာရေးအတွက်စိတ်ပူပန်ကြောင့်ကြရမယ်။အကျိုးပေးဂဏန်း ၃၊၆၊၀ အထူးဟော လိုအင်ဆန္ဒပြည့်ဝမယ်။ ယတြာသရက်သီးမှည့် ၁၀စိပ်ခန့်ဘုရားကပ်ပါ
ဗုဒ္ဓဟူး/ရာဟု
ဒုက္ခအခက်အခဲများ ကြုံတွေ့နေရတတ်သည်။ ဤအချိန်မျိုးလွင် သူများပြဿနာ ကြားဝင်ဖြေရှင်းမပေးနှင့်၊ အာမမခံနှင့်။ ဤအချိန်တွင် မကောင်းသော ကံကြမ္မာဆိုးများ သင့်ထံသို့ ရောက်ရှိလာမည့် အချိန်ဖြစ်သည်။ ဘာကိုဘဲ လုပ်လုပ် သတိနှင့်ယှဉ်၍ လုပ်သင့်သည်။ကံကောင်းတာကမိမိအခက်အခဲတွေကို ဒိုင်းသဖွယ်ကာကွယ်ပြီး ကူညီပေးမဲ့သူတွေရှိနေတတ်သည်။ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ငွေရေးကြေးရေး အစစအရာရာ တေ့လွဲလေး တွေလွဲချော်မှုများနှင့် ကြုံတွေ့ရတတ် သည်။
အိမ်မက်ဆိုးများ မက်တတ်သည်။ အိမ်ပတ်ဝန်းကျင် တွင် မနာလိုသူ မိမိအားအပုပ်ချသူများရှိနေတတ်သည်။ ဤရက်ပိုင်းတွင် သတိရှိမှ သင့်အတွက် အကောင်းဆုံးဖြစ် မည်။စိတ်ရှည်ပါ ။..ထို ကဲ့သို့ ဆင်ခြင်လိုက်ပါက အောင်မြင်မှုများသည် သင့်ထံသို့ မမျှော်လင့်ဘဲ ရောက်ရှိလာမည်ဖြစ်သည်. ကြိုးစားအားထုတ်မှုနဲ့အတူ အခက်အခဲတွေ့ပြလည်ပြီး အောင်မြင်မှုပါ ဒွန်တွဲ ရရှိ မယ်။ မနားမနေ ကြိုးစားရာကနေ ရလဒ်ကောင်းတွေ မြင်ရမယ်။ အကူအညီကောင်းတွေပါ ရရှိမယ်။
အင်တာဗျူးကိစ္စတွေ အောင်မြင်မယ်။ အခြေအနေအဆိုးတွေကို ပြန်ထိန်းနိုင်မယ်။ မေတ္တာရေး စိတ်ညစ်ရမယ်။သူအတ္တကိုပဲ ဦးစားပေးတဲ့ချစ်သူကြောင့် စိတ်ဆင်းရဲရမယ်။ငွေလူလိမ်ခံရတတ်သည်။ စက်ပစ္စည်းဝင်မည်။ကျန်းမာရေးအဆိုးသိပ်မတွေ့ရသေးပါ။ ပညာရေး မှာတော့ လူကြီးတွေစီမံတာကို မကြိုက်ပေမဲ့ လက်ခံလိုက်တဲ့ကာလလဲဖြစ်တယ်။
အကျိုးပေးဂဏန်း ၁၊၇၊၄ အထူးဟော ကံအင်အားနည်းနေမယ်။ယတြာ ဘုရားရှင်အားတစ်ပတ်လုံး အလင်းတိုင်ထွန်းညှိပူဇော်ပါ။
ကြာသပတေး
အချိန်တွင် သင့်အတွက် ဒုက္ခအနည်းငယ်သာ ကြုံတွေ့ရတတ်သည်။ ဘာမှပူမနေပါနှင့်။ ငွေတွေ အမြဲ မပြက် ၀င်လာကလည်။ အိမ်ထောင်ရှိသူများ ပြဿနာ ဖြစ်တတ်သည်။ အိမ်ထောင်မရှိသေးသူများ အချစ်ရေး အဆင်ပြေ မည်။ အတိုက်အခိုက်များ ကြုံတွေ့သော်လည်း သင့်ဘက်က အောင်မြင်မှုရရှိမည်။ ထူးခြားသော လက်ဆောင် ပစ္စည်းများ ရရှိတတ်သည်။ လုပ်ငန်းပုံစံသစ်ပြောင်းရွှေ့ လုပ်ကိုင်ရမည်။
ဤရက်ပိုင်း တွင် သင်၏စီးပွားရေး၊ လူမှုရေး၊ အထူးကောင်းမွန်လျှက်ရှိသည်..စနေသားသမီး များ၊ ဗုဒ္ဓဟူးသားသမီးများ၏ အကူအညီရမည်၊၊ အလုပ်အကိုင်အကြံစည်သစ်များ ပေါ်မည်။ မိဘ ဘိုးဘွား ပိုင်ဆိုင်သော လက်ငုတ်လက်ရင်း အလုပ်များဖြင့် ပိုမိုတိုးတက်အောင်မြင်မည်။ ခရီးတစ်ခု သွားရတတ် သည်။ ဒီအပတ်မှာ အိမ်ထောင်ရေးကိစ္စ စိတ်ညစ်စရာ များမယ်။ အချင်းချင်းက ညှိမရလို့ ရန် များ၊ စကားများရတတ်တယ်။ အဆင်မပြေ စိတ်ဆင်းရဲရမယ်။ အလုပ် တွေ ကောင်းပေမဲ့ ကိုယ်တိုင်က စိတ်မပါလက်မပါ ဖြစ်နေမယ်။
အိမ်မှာ မနေချင်ဘဲနဲ့ ခရီးသွားချင်စိတ် များမယ်။ လုပ်သမျှ အကြံအစည်တွေက ဟိုမရောက် ဒီမရောက်နဲ့ တပိုင်းတစ ဖြစ်လိမ့်မယ်။တတ်နိုင်သမျှစိတ်ကို စုစည်းပါ။ သတိကပ်ပြီး ဘာလုပ်ရမလဲ ဆင်ခြင်ပါ။ဗိုက်အောင့်တာမျိုးဖြစ်ရင်မပေါ့လိုက်ပါနဲ့။ ဆေးမြီတိုနဲ့ကုနေရင် ဆေးရုံ ဆေးခန်းသွားရမည်..။ပညာရေးအတွက် ကောင်းသောအကူအညီတွေရလိမ့်မယ်။ မိမိနဲ့ သဟဇာတဖြစ်တဲ့ ဆရာများ နဲ့ကြုံရဆုံရမယ်။အကျိုးပေးဂဏန်း ၁၊၂၊၅ အထူးဟော အကြံအစည်တွေပျက်နေလိမ့်မယ်။ယတြာ မိဘနှစ်ပါးကို တတ်နိုင်တာလေးနဲ့ ကန်တော့ပါ။
သောကြာ
ဤအချိန်တွင် သင်၏လုပ်ငန်းများ တိုးချဲ့ရန် တောင်း မွန်သောအချိန်ကာလဖြစ်သည်။ သင့်ထက်ကြီးသော သူများ ထံမှ အကူအညီရမည်။ငယ်ရွယ်သူများထံမှလည်း မမျှော်လင့်ဘဲ အကူအညီရတတ်သည်။မိမိနှင့်အဆင့်တ တူ၊ ရွယ်တူ မိတ်ဆွေ အပေါင်းအသင်းများ၏ ဒုက္ခကိုကူညီဖြေရှင်းပေးရတတ်သည်။ဤအချိန်တွင် သင် ဘာပဲလုပ်လုပ် (၂)ကြိမ် (၂)ခါလုပ်ရမည်။ အဝတ်အထည် ပစ္စည်းများ၊ အိမ်အတွင်းပစ္စည်းများ ဝင်လာမည်။
စီးပွားရေး သမားများကံကောင်းချိန်သို့ ရောက်ရှိမည်။မပါးနပ်သူများ လူလိမ်ခံရတတ်သည်၊၊ မိသားစုများနှင့် ခွဲခွာနေရတ သည်၊၊အလှူအတန်း မင်္ဂလာပွဲများ မိသားစုဆွေမျိုးကြားကြုံရတတ်သည်။ အိမ်ပြင်ရမည်..။ အကျိုးဆောင်လုပ်ငန်း များ ကူညီဖြေရှင်းပေးရမည်။ထီထိုးမည်ဆိုပါက၂အစ ၆အဆုံးဂဏန်းများသည် သင့်အတွက် အကျိုးပေးသော ဂဏန်းများဖြစ်သည်။ အစိမ်း ရောင် အနီရောင်များကို ဝတ်ဆင်ထားခြင်းဖြင့် ကံကောင်း စေနိုင်သည်. ဤရက်ပိုင်း တွင်စီးပွားရေးနှင့် လူမှုရေး အထူးကောင်းမွန်လျက်ရှိ သည်။
ဒီအချိန်တွင်သင်ဘာပဲလုပ်လုပ် အထူးအောင်မြင်နေ မည်။အင်္ဂါနှင့်စနေ.. သားသမီးများ၏ အကူအညီရမည်။ချစ်မှုရေးရာကိစ္စများ နားလည်မှုတွေတည်ဆောက်နိုင်ပါ လိမ့်မယ်။ ကျန်းမာရေးကတော့ ခုခံအားကောင်းပြီး တော်ရုံမဆင်ခြင်လဲ နေထိုင်ကောင်းနေမည်။ ပညာရေးအတွက် အနည်းငယ်စိတ်ဖိစီးရလိမ့်မယ်။အကျိုးပေးဂဏန်း ၂၊၃၊၆ အထူးဟော လုပ်ငန်းစီးပွားကောင်းစွာလည်ပတ်နိုင်မယ်။ယတြာ သော့တစ်စုံလောက် ဘုန်းကြီးကျောင်းလှူပါ
စနေ
ဤရက်ပိုင်းအတွင်း ပတ်ဝန်းကျင်၏ မကောင်း ပြောဆိုမှုများ မမျှော်လင့်ဘဲ ခံရတတ်သည်။ သင်ဘာပဲ လုပ်လုပ် သတိနှင့်လုပ်သင့်သည်။အစာမှား၊ ဆေးမှား ဖြစ်တတ်သည်။ အလွန်ခင်မင် ရင်းနှီးသူများနှင့် ခွဲခွာရတတ် သည်။အိမ်တွင်းရေး အဆင်မပြေဖြစ်မည်။နိုင်ငံရပ်ခြား နှင့်ပတ်သက်၍ အဆင်ပြေအောင်မြင်မည်။လူမှုရေးအသင်း အဖွဲ့များသည် သင့်အတွက် အောင်မြင်မှုရစေနိုင်သည်။ ကိုယ့်အတွက်ရော သူတပါးအတွက် စိတ်ပင်ပန်းစရာတွေ ဖြစ်လာမယ်။
ပရဟိတတွေနဲ့ အချိန်ကုန် ရတတ်တယ်။ တစ်ပတ်တာ အလုပ်စီးပွားကံ ကောင်းနိုင်တယ်။ လုပ်ထားတာလေးတွေ အောင်မြင်မှု အခွင့်အလမ်း ပေါ်လာ တော့မယ်။ အောက်လူငယ်သားနဲ့ အဆင်မပြေတာ ဖြစ်တတ်တယ်။ ငွေဝင်ပြီးမှ လက်ထဲ မမြဲဘဲ ပြန်ကုန်လွယ်မယ်။အမှုအခင်း၊ ပဋိပက္ခတွေ မဖြစ်အောင် ရှောင်ပါ နံပါတ်တစ် ကျန်းမာရေး ဂရုစိုက်ရမယ်။ ရောဂါရှာမရဘဲ ဟိုဟာဖြစ်လိုက်၊ ဒီဟာညံ့လိုက်နဲ့ ဖြစ်နေတက် တယ်။ ဝေဒနာဟောင်းတွေ ပြန်ပေါ်တက်တယ်။
ကျန်းမာရေး ကောင်းသူဆိုရင်လည်း ဒီအပတ်မှာ အာရုံနောက်စရာတွေ များ မယ်။ သူများကိစ္စ ကြားပင်ခံရတတ်တယ်အလုပ်တွေ တစ်ခုမက လျှောက်လုပ်ရပြီး အကျိုးအမြတ်တော့ နည်းလိမ့်မယ်။ မိသားစုအရေး စိတ်ညစ်ရတတ်ပေမဲ့ မိတ်ဆွေတွေက ကူညီဖေးမမယ်။ အချစ်ရေးနှင့် ပညာရေးမှာ တော့စိတ်ရှုပ်စရာတွေပြည့်နှက်နေမယ်။အကျိုးပေးဂဏန်း ၃၊၄၊၈ အထူးဟော စိတ်ရှုပ်စရာများမယ်။ယတြာ ဒဏ်ကြေလိမ်းဆေး မိတ်ဆွေတစ်ဦးကိုလက်ဆောင်ပေးပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695
Zawgyi
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး/ရာဟု
ကြာသပတေး
သောကြာ
စနေ
Credit