“Gun အစစ်ရှိမှ တိုက်မယ်ဆိုတဲ့အထဲ အညာသားတွေမပါဘူး

News

“Gun အစစ်ရှိမှ တိုက်မယ်ဆိုတဲ့အထဲ အညာသားတွေမပါဘူးဆိုတဲ့ သပြေညိုပြောက်ကျားတပ်ဖွဲ့ | လက်ရှိ K/D – 70:0 ”

27.5.2022(FRI) | အရာတော်

၅/ အညာဒေသအခြေပြု သပြေညိုပြောက်ကျားတပ်ဖွဲ့က ၂၀၂၁ နိုဝင်ဘာလ မှစ၍ ၂၀၂၂ မေလထိ (၇)လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီပစ်မှတ်များကို လက်နက်ကြီး (၄ဝမမ,၆ဝမမ,ရှော့ဒုံး)များဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ငယ်ဖြင့် ပြောက်ကျားတိုက်ခိုက်ခြင်း၊

ထိတွေ့တိုက်ပွဲ နှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများစွာ ဆင်နွှဲခဲ့ပြီး စစ်သား၊ ရဲသား နှင့် ပျူ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၇ဝ)ကျော်ကို ထိခိုက်သုတ်သင်နိုင်ခဲ့ကြောင်း ၎င်းတို့ စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

သပြေညိုပြောက်ကျားတပ်ဖွဲ့က”မောင်းပြန်ကိုလူတိုင်းကိုင်ချင်ပေမဲ့ ရောက်မလာခင်မှာ ရှိတာလေးနဲ့လှအောင်ဝတ်ရမယ်။ သုညကနေစခဲ့တာမို့ တူမီးလေးလက်ထဲထည့်ပေးထားလဲ အသေခံတိုက်ရဲတဲ့အထိ ၅/တွေရဲ့ သွေးဟာ ရဲတယ်။”ဟု ပြောဆိုထားပါတယ်။

ထုတ်လုပ်ရေးပိုင်းကို Safe ဖြစ်အောင် လုံခြုံရေးအဓိကထားပြီး စနစ်တကျထုတ်လုပ်တဲ့အတွက် အချိန်နဲ့ ကုန်ကျစရိတ်များ ပိုမိုမြင့်တက်ပေမယ့် တပ်ဖွဲ့ရဲဘော်တွေ မတော်တဆဖြစ်မှုကို ကာကွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သပြေညိုပြောက်ကျားတပ်ဖွဲ့လို အညာဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တူမီးယမ်းထောင်းရတဲ့အခြေအနေကနေ အခုလို Bolt-Action တတောင့်ထိုးရိုင်ဖယ်သေနတ်တွေပါ ကိုယ်တိုင်ထုတ်လုပ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

သပြေညိုပြောက်ကျားရဲဘော်တွေက “တိုက်ပွဲတိုင်းမှာ မပြည့်မစုံနဲ့ ဆင်နွှဲခဲ့ရပေမယ့် မောင်းပြန်ကိုင်ထားတဲ့သူတွေနဲ့ တန်းတူရှေ့ကတိုက်ရဲတယ်။ ဒါဟာ အညာသားတွေ ၅/တွေ။

ဒီလို အာဂအညာသားတွေအတွက် ပြည်စုံအောင်သာထောက်ပံ့နိုင်ရင်••••••” လို့ ပြောပြီး မျှဝေမှုကို အဆုံးသတ်ထားပါတယ်။

ဓာတ်ပုံ – သပြေညို ပြောက်ကျားတပ်ဖွဲ့

Zawgyi

“Gun အစစ္ရွိမွ တိုက္မယ္ဆိုတဲ့အထဲ အညာသားေတြမပါဘူးဆိုတဲ့ သေျပညိဳေျပာက္က်ားတပ္ဖြဲ႕ | လက္ရွိ K/D – 70:0 ”

27.5.2022(FRI) | အရာေတာ္

၅/ အညာေဒသအေျချပဳ သေျပညိဳေျပာက္က်ားတပ္ဖြဲ႕က ၂၀၂၁ ႏိုဝင္ဘာလ မွစ၍ ၂၀၂၂ ေမလထိ (၇)လအတြင္းမွာ အၾကမ္းဖက္စစ္ေကာင္စီပစ္မွတ္မ်ားကို လက္နက္ႀကီး (၄ဝမမ,၆ဝမမ,ေရွာ့ဒုံး)မ်ားျဖင့္ ပစ္ခတ္ျခင္း၊ လက္နက္ငယ္ျဖင့္ ေျပာက္က်ားတိုက္ခိုက္ျခင္း၊

ထိေတြ႕တိုက္ပြဲ ႏွင့္ မိုင္းဆြဲတိုက္ခိုက္ျခင္းမ်ားစြာ ဆင္ႏႊဲခဲ့ၿပီး စစ္သား၊ ရဲသား ႏွင့္ ပ်ဴ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ စုစုေပါင္း (၇ဝ)ေက်ာ္ကို ထိခိုက္သုတ္သင္ႏိုင္ခဲ့ေၾကာင္း ၎တို႔ စာမ်က္ႏွာမွာ ထုတ္ျပန္ထားပါတယ္။

သေျပညိဳေျပာက္က်ားတပ္ဖြဲ႕က”ေမာင္းျပန္ကိုလူတိုင္းကိုင္ခ်င္ေပမဲ့ ေရာက္မလာခင္မွာ ရွိတာေလးနဲ႔လွေအာင္ဝတ္ရမယ္။ သုညကေနစခဲ့တာမို႔ တူမီးေလးလက္ထဲထည့္ေပးထားလဲ အေသခံတိုက္ရဲတဲ့အထိ ၅/ေတြရဲ႕ ေသြးဟာ ရဲတယ္။”ဟု ေျပာဆိုထားပါတယ္။

ထုတ္လုပ္ေရးပိုင္းကို Safe ျဖစ္ေအာင္ လုံၿခဳံေရးအဓိကထားၿပီး စနစ္တက်ထုတ္လုပ္တဲ့အတြက္ အခ်ိန္နဲ႔ ကုန္က်စရိတ္မ်ား ပိုမိုျမင့္တက္ေပမယ့္ တပ္ဖြဲ႕ရဲေဘာ္ေတြ မေတာ္တဆျဖစ္မႈကို ကာကြယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

သေျပညိဳေျပာက္က်ားတပ္ဖြဲ႕လို အညာေဒသျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြဟာ တူမီးယမ္းေထာင္းရတဲ့အေျခအေနကေန အခုလို Bolt-Action တေတာင့္ထိုး႐ိုင္ဖယ္ေသနတ္ေတြပါ ကိုယ္တိုင္ထုတ္လုပ္လာႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

သေျပညိဳေျပာက္က်ားရဲေဘာ္ေတြက “တိုက္ပြဲတိုင္းမွာ မျပည့္မစုံနဲ႔ ဆင္ႏႊဲခဲ့ရေပမယ့္ ေမာင္းျပန္ကိုင္ထားတဲ့သူေတြနဲ႔ တန္းတူေရွ႕ကတိုက္ရဲတယ္။ ဒါဟာ အညာသားေတြ ၅/ေတြ။

ဒီလို အာဂအညာသားေတြအတြက္ ျပည္စုံေအာင္သာေထာက္ပံ့ႏိုင္ရင္••••••” လို႔ ေျပာၿပီး မွ်ေဝမႈကို အဆုံးသတ္ထားပါတယ္။

ဓာတ္ပုံ – သေျပညိဳ ေျပာက္က်ားတပ္ဖြဲ႕

Leave a Reply

Your email address will not be published.