မအလရဲ့ ထူးရှယ်ပလန် နှင့် ခရိုနီတွေ၊ ရေပေါ်ဆီ VVIP သူဌေးတွေအတွက် သတင်းကောင်း
ဒီမနက် နမခ ထဲက အကောင်ကြီးကြီး Pre-CDM တစ်ယောက် လျှို့ဝှက်ဖြင့်ပို့ ဆိုတဲ့ စကစရဲ့ ညွှန်ကြားချက်စာတစ်စောင် ပို့ပေးလာတယ်။ ( စာကိုတင်လိုက်ရင် နမခထဲက ဘယ်သူလဲဆိုတာ ချက်ခြင်းသိသွားနိုင်တဲ့အတွက် စာတော့မတင်ဖို့ မေတ္တာရပ်ခံထားပါတယ်။ ) နိုင်ငံတွေမှာ ကိုယ့်နိုင်ငံအတွက် လောက်လောက်ငင မထုတ်နိုင်သေးမျှ စက်သုံးဆီတို့၊ ရေနံတို့ကို




Dollar နဲ့သာဝယ်ယူတင်သွင်းကြရတယ်။ မအလ ရဲ့ Dollar ထိန်းချုပ်ကန့်သတ်လိုက်တဲ့ ဉာဏ်ရည်နိမ့်ပါး ဥပဒေကြောင့် ပြည်တွင်းမှာ စက်သုံးဆီဈေးတွေ ခေါင်ခိုက်ပြီး ပိုက်ဆံရှိတာ တောင်မှလိုသလောက် ဝယ်လို့မရတဲ့ အဖြစ်တွေ ကြုံနေကြရမှာပါ။ စစ်ကောင်စီမှာ Dollar ရှားပါး နေတာကြောင့် စက်သုံးဆီတွေတင်သွင်းပြီး ပြည်သူတွေကိုအဆမတန်ဈေးတွေနဲ့
ရောင်းချဖို့ တောင် တိုင်ပတ်နေကြတယ်။ သတင်း အနှစ်က အခုမှ လာတာ။ စစ်ကောင်စီက ခရိုနီတွေ၊ သူဌေးတွေရဲ့ ပြည်တွင်း ဘဏ်စာရင်းနဲ့ ပိုင်ဆိုင်မှုတွေကိုသာမက ပြည်ပဘဏ် တွေမှာ သိမ်းဆည်းထားတဲ့ Dollar စာရင်းတွေကိုပါ စစ်ကြောရေးတွေထဲ ခေါ်ယူပြီး Trace လိုက်ရမယ်လို့ Khwayတပ်တွေကို ပို့လာတဲ့ ညွှန်ကြားချက်စာစောင် ထဲက ကျနော်တို့
သိရတယ်။ နိုင်ငံတော် စီးပွားခွန်အနေနဲ့ % များများ တောင်းယူ မယ်လို့ လတ်တလော သိရပြီး မပေးတဲ့ ခရိုနီ၊ သူဌေးတွေကိုကျတော့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ပြီး ဇေကမ္ဘာတို့နဲ့ အတူတူနေစေမယ်လို့ သိရတယ်။ ကျန်ရစ်ခဲ့တဲ့ မျိုးဆက်ကတော့ နန္ဒာလှိုင်နဲ့ အတူ ဒူးရင်းသီးရောင်းကြရမှာပေါ့နော့။ အာဏာရှင်စနစ်အောက်မှာ ကျွန်ဘဝနဲ့ ပျော်မွေ့နေသမျှ ကာလပတ်လုံး




သင်ဟာ ဘာကောင်ကြီး ဖြစ်နေပါစေ အသက်ခန္ဓာကော ပိုင်ဆိုင်မှုပါ အစိုးမရဘူး ဆိုတာ သိထားစေခြင်ပါတယ်။ မနေ့ကတင် ဇော်ဌေး တစ်ယောက် လုပ်ကြံခံလိုက်ရပြီးပြီ။ ဇော်မဲလုံးလဲ ပေါက်လို့ပဲစားတွေ အပြောလွန်သွားလို့
ထိုင်ခုံ လှုပ်နေတယ်ကြားတယ်။ တော်လှန်ရေးမှာ မပါဝင်၊ မကူညီတဲ့ ခိုနီခိုပြာတွေ အတွက်တော့ မျက်ရည် အစက်သေးသေးလေး နှစ်စက်ပါ။ ကံထူးရှင်က ဘယ်သူတွေဖြစ်လာမလဲဆိုတဲ့ သတင်းကောင်းကိုတော့ ကျနော်တို့ PDF အဖွဲ့အစည်း တွေနဲ့အတူ တော်လှန်ရေးပြည်သူတစ်ရပ်လုံးက ဝမ်းသာအားရ စောင့်မျှော်နေပါကြောင်း။
❤️ တော်ဝင်နောင် (MasK.) Copy crd မင်းညို????