အကုန်သိသတင်းဌာန


NUG Pay ဝန်ဆောင်မှု လာမယ့်လမှာ စတင်တော့မယ်လို့ ဆို
အကုန်သိသတင်းဌာန
အမျိုးသားညီညွှတ်ရေး(NUG)အစိုးရရဲ့NUG Pay ကို လာမယ့် ဇွန်လ မှာ စတင်နိုင်ဖို့ ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဒုဝန်ကြီး ဦးမင်းဇေယျာဦးက PVTV သတင်းမှာ ဖေါ်ပြထားချက်အရသိရပြီး
အခြား(Wave money) တို့လို NUG Pay သုံးတဲ့သူ အချင်းချင်း ငွေလွှဲတာ လုပ်နိုင်မှာပါ
ဒါ့အပြင် နွေဦးထီ၊ ငွေတိုက် စာချုပ် အစရှိတဲ့ ထောက်ပံ့ရေး အစီအစဉ်တွေကိုလည်း လုံခြုံမှုအပြည့်နဲ့ သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်

အဲဒီ Pay ကို Andriod ဖုန်း၊ iOS ဗားရှင်းနဲ့ အသုံးပြုနိုင်အောင်စီ စဉ်နေတယ်လို့လည်း သိရပါတယ်
လောလောဆယ်မှာ မြန်မာကျပ်ငွေ တစ်မျိုးသာ သုံးစွဲနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံခြားငွေလွှဲ ငွေထုတ်တာတွေ အတွက်ပါ
အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း PVTV မှာ ဖော်ပြထားပါတယ်။ Credit- AKonThi NUGPay

အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း PVTV မှာ ဖော်ပြထားပါတယ်။
Credit- AKonThi NUGPay