ဒါရိုက်တာ ဏကြီး ရိုက်ကူးသည့် “နိုင်ငံပျောက်သူ” (ဇာတ်လမ်းတို) ရုပ်ရှင်ကို မေ ၃၀ တွင် ပြမည်

Cele News

ဒါရိုက်တာ ဏကြီး ရိုက်ကူးသည့် “နိုင်ငံပျောက်သူ” ဇာတ်လမ်းတို မေ ၃၀ တွင် ပြမည်

မြန်မာ၊ မေ ၂၅

လူငယ့်ခေတ်

“နိုင်ငံပျောက်သူ” Short film(ဇာတ်လမ်းတို) ရုပ်ရှင်ကို ပဒေသာပင်(Pa Day Thar Pin) YouTube ချန်နယ်မှတဆင့် လာမည့် မေလ ၃၀ ရက်နေ့တွင် ပြသသွားမည်ဖြစ်ကြောင်း စစ်အာဏာရှင်ကိုတော်လှန်နေသည့် ဒါရိုက်တာဏကြီးက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ကြေညာလိုက်သည်။

“ကျွန်တော်စစ်မတိုက်တတ်ဘူး၊ Fund raising တွေလည်း မလုပ်တတ်ဘူး။ ကျွန်တော်က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲရိုက်တတ်ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီးတော်လှန်ပါတယ်။” ဟု ဒါရိုက်တာဏကြီး က ပြောသည်။

အဆိုပါ “နိုင်ငံပျောက်သူ” Short film တွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဝရမ်းထုတ်ခံထားရသည့် သရုပ်ဆောင်များ ဖြစ်သည့် ဒေါင်းနှင့်ပိုင်ဖြိုးသု တို့က အဓိက သရုပ်ဆောင်ထားပြီး ရုပ်ရှင်တွင်ပါဝင်သည့် ဂီတနှင့် ပတ်သက်သည့် ကဏ္ဏကို အဆိုတော် ဟန်ထူးလွင် (ခ) ကြားပေါက်က တာဝန်ယူပေးထားကြောင်း သိရသည်။

ဒါရိုက်တာ ဏကြီး သည် ၎င်းရိုက်ကူးခဲ့သည့် “What happened to the wolf “ ရုပ်ရှင်ဇာတ်ကားကို စစ်အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံတွင် မပြသနိုင်ခဲ့သဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာလက ဂျာမနီနိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ပြသခဲ့ရာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်သူ သရုပ်ဆောင် အိန္ဒြာကျော် ဇင်က “Seymour Cassel Award for Best Performance “ ဆုကို ရရှိခဲ့သည်။

ဒါရိုက်တာ ဏကြီး သည် စာရေးဆရာမ ကြည်အေး၏ စာအုပ် “ မီ” အမည်ရှိ ဝတ္ထုကိုလည်း အာဏာမသိမ်းခင်က ရုပ်ရှင်အဖြစ် ရိုက်ကူး ပြသခဲ့ပြီး ပရိသတ်အများစု၏ အားပေးမှုကိုလည်း ရရှိခဲ့သူဖြစ်သည်။

၎င်းသည်လက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ်ခံထားရခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး ၂၀၂၁ ခုနှစ် မေလ (၈)ရက်က ၎င်း၏ မိခင်ဖြစ်သူ ကွယ်လွန်ချိန်တွင်လည်း လိုက်ပါပို့ဆောင်ခွင့်မရရှိခဲ့သူဖြစ်သည်။

Credit

Leave a Reply

Your email address will not be published.