အိမ်မက်ကြီးကြီးတစ်ခုကိုစတင်အကောင်အထည်ဖော်လိုက်ပြီးဖြစ်ကြောင်း ထားထက်ထက်ပြော

Cele News

အိမ်မက်ကြီးကြီးတစ်ခုကိုစတင်အကောင်အထည်ဖော်လိုက်ပြီးဖြစ်ကြောင်း ထားထက်ထက်ပြောကြား

မေလ ၂၄ ရက်နေ့။

အာဏာသိမ်းစစ်အာဏာရှင်တွေကို အမြစ်ပြတ်အောင် တိုက်ထုတ်ဖို့ နွေဦးတော်လှန်ရေးဆိုပြီး လမ်းပေါ်ထွက် ဆန္ဒတွေပြခဲ့ကြရင်း ၊ တဖြည်းဖြည်းနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တော်လှန်ရေးအရှိန်မြင့်လာလိုက်တာ ခုဆိုအနိုင်ပွဲကို နီးသထက်နီးလို့လာပြီဆိုတာ ပြည်သူအားလုံးအသိပဲဖြစ်ပါသည်။

အခုနွေဦးတော်လှန်ရေးမှာ တကယ်ကို အသိမှတ်ပြုလေးစားမိတဲ့ လူပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဒီလူတွေဟာ တော်လှန်ရေးရဲ့ အခရာ ၊ တော်လှန်ရေးရဲ့ အသက်‌တွေဖြစ်ပါတယ်။

▫️CDMers

▫️PDF

▫️ပြည်သူများနဲ့

▫️ထောက်ပို့ရဲဘော်တွေပါပဲ …..

အခုချိန်ဆို အရေးကြီးဆုံးအပိုင်းကဏ္ဍကိုရောက်လာတာနဲ့အမျှ တော်လှန်ရေးအရှိန်ကို မြှင့်သထက်မြှင့်ပေးနိုင်ဖို့အတွက် ၊ တိုက်ပွဲတိုင်းမှာ အောင်မြင်နိုင်ဖို့အတွက် ရှေ့တန်းကမြေပြင်တပ်ရင်းတပ်ဖွဲ့တွေကို ပိုမိုအားစိုက်ထောက်ပို့နိုင်ဖို့ လိုအပ်လာပါသည်။

ပြည်တွင်းပြည်ပက ပြည်သူတွေ ပင်ပန်းနေကြပြီဆိုတာသိပေမယ့် အားလျော့လိုက်လို့ (လုံးဝ) မဖြစ်တဲ့အခြေနေပဲဖြစ်ပါသည်။

စစ်ကောင်စီ ဖက်ကလဲ ဒီအခြေကိုမြင် ၊ ကြား ၊ သိနေတာမို့ သူတို့ဖက်ကလဲ အရှိန်တိုးမြှင့်ဖို့ပြင်ဆင်နေကြပါသည်။

အခုလိုအခြေနေမှာ ထောက်ပို့တွေအနေနဲ့ တစ်သီးပုဂ္ဂလ ကြိုကြားထောက်ပို့နေကြတာထက်ဒေသအလိုက် ထောက်ပို့မှုကိုအရှိန်မြှင့်ဖို့ ၊ ပိုမိုကောင်းမွန်တဲ့ပွဲတွေဖော်ဆောင်နိုင်ဖို့ စုစည်းဆောင်ရွက်ခြင်း ၊ စုပေါင်းထောက်ပို့ခြင်းဟာ အရေးပါတယ်လို့ ယူဆပါသည်။

ဒီအခြေနေကို အောင်မြင်စွာဖော်ဆောင်နိုင်ဖို့အတွက် နွေဦးတော်လှန်ရေးသမိုင်းမှာ မှတ်ကျောက်တင်ခံနိုင်မယ့် သွေးရင်းထောက်ပို့တချို့နဲ့ စုစည်းပြီး ခုဆို အိပ်မက်ကြီးကြီးတစ်ခုကို စတင်အကောင်ထည်ဖော်လိုက်ပြီဖြစ်ပါသည်။

ယခု ရည်မှန်းချက် အောင်မြင်ခဲ့ရင် တိုင်းဒေသကြီးအလိုက် ဒီထောက်ပို့စုပေါင်းအားနဲ့ အလှည့်ကျ ထောက်ပို့သွားကြမှာပဲဖြစ်ပါသည်။

ယခု ပေါင်းစည်းခြင်းအား နဲ့ စုဖွဲ့မှုသည် တော်လှန်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ထိရောက်အောင်မြင်ပါစေသား။

မိမိတို့ရဲ့ “Fund Raiser Network” ကို ထပ်မံချိတ်ဆက်လိုတဲ့ FR တိုင်းကိုလဲ လှိူက်လှိူက်လှဲလှဲကြိုဆိုပါတယ်ရှင့် ဟုဆိုကာ ပြည်သူအများရဲ့၊ အားပေးထောက်ပို့မှုအပြည့်ဖြင့် ပထမဆုံးရည်မှန်းချက် အောင်မြင်ပါစေသားဟု မထားထက်ထက်ကရင်ဖွင့်ရေးသားထားပါသည်။

Credit

Leave a Reply

Your email address will not be published.