ဝက်ခြံဖြစ်ပြီးကျန်ခဲ့တဲ့ကျောက်ပေါက်အမာရွတ်တွေကိုပျောက်ကင်းစေမယ့်နည်းလမ်း(၅)မျိုးဝက်ခြံကြိတ်ကြီးတွေထွက်ပြီးတဲ့အခါမှာအမာရွတ်တွေကလည်းဖုံးမရဖိမရအောင်
UNICDE
ကျန်နေခဲ့တတ်ပါတယ်ပြင်းထန်တဲ့ဝက်ခြံအမျိုးအစားတွေကြောင့်တစ်ချို့အမာရွတ်တွေကအသားထဲကိုချိုင့်ပြီးခွက်နေတာကြောင့်အဲလိုအမာရွတ်တွေကိုကျောက်ပေါက်အမာရွတ်
လို့ခေါ်ပါတယ်ခုဖော်ပြပေးမှာကတော့ကျောက်ပေါက်အမာရွတ်တွေကိုပျောက်ကင်းစေမယ့်အိမ်တွင်းနည်းလေးတွေပဲဖြစ်ပါတယ်ဓာတုပစ္စည်းတွေမပါဝင်တာကြောင့်စိတ်ချလက်ချအသုံးပြုလို့ရပါတယ်နော်သဘာဝ

နည်းလမ်းတွေဆိုတော့ချက်ချင်းလက်ငင်းအစွမ်းမပြသည့်တိုင်အောင်ပုံမှန်လေးပြုလုပ်ပေးသွားရင်အံ့မခန်းအကျိုးကျေးဇူးတွေကိုရရှိမှာပါနော်(၁)ပျားရည်နဲ့ကော်ဖီပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ကော်ဖီမှုန့်လက်ဖက်ရည်တစ်ဇွန်း
တို့ကိုသမသွားအောင်ရောမွှေလိုက်ပါ။ရလာတဲ့အနှစ်ကိုမိနစ်၂၀လောက်ခဏနှပ်ထားလိုက်ပါ။ပြီးရင်တော့ကျောက်ပေါက်အမာရွတ်တွေပေါ်ကိုလိမ်းပြီး၁၅မိနစ်အကြာမှာရေနွေးလေးနဲ့ဆေးကြောပေးလိုက်ရုံပါပဲနေ့စဉ်ပုံမှန်
ပြုလုပ်ပေးနိုင်ပါတယ်(၂)အယ်လ်မွန်ဆီအယ်လ်မွန်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုသံပုရာရည်၂စက်ရောပြီး၂၅မိနစ်ခန့်နှပ်ထားလိုက်ပါရလာတဲ့အဆီကိုကျောက်
ပေါက်အမာရွတ်တွေပေါ်လိမ်းပြီးမိနစ်၂၀ အကြာမှာ
ရေနွေးလေးနဲ့ဆေးကြောသန့်စင်ပေးလိုက်ရုံပါပဲဒီနည်းလမ်းလေးကိုနေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်(၃)ရှားစောင်းလက်ပပ်ရှားစောင်းလက်ပပ်အနှစ်ကိုတစ်နေ့၂ကြိမ်သန့်စင်တဲ့မျက်နှာပေါ်မှာလိမ်းပေးပြီးမိနစ်၂၀အကြာမှာဆေးကြောပေးခြင်းဖြင့်

ဝက်ခြံအမာရွတ်တွေတဖြည်းဖြည်းပါးလာပြီးအသားပြန်ပြည့်လာမှာဖြစ်ပါတယ်(၄)ပန်းသီးရှာလကာပန်းသီးရှာလကာ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောပြီးရလာတဲ့အရည်လေးကိုဂွမ်းစလေးနဲ့တို့တို့ပြီး
လိမ်းပေးခြင်းဖြင့်ကျောက်ပေါက်အမာရွတ်တွေကိုပျောက်ကင်းစေနိုင်ပါတယ်(၅)ကြက်ဥအကာကိုညအိပ်ရာဝင်ခါနီးတိုင်းဂွမ်းစလေးနဲ့တို့ပေးကာကျောက်ပေါက်အမာရွတ်တွေ
ပေါ်မှာလိမ်းပေးပြီး အိပ်ရာဝင်လိုက်ပါ။ဒီနည်းလမ်းလေးကိုညစဉ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့်အမာရွတ်တွေကိုပျောက်ကင်းစေပြီးနူးညံ့ချောမွေ့တဲ့အသားအရေကိုရရှိစေမှာပါCredit

ZAWGYI


