ချစ်သူအသစ်စက်စက်လေးကို အပြည့်အဝခအချစ်တွေပေးတော့မယ်ဆိုတဲ့အကြောင်းဖွင့်ချလာတဲ့L Htang Ra

Cele News

ပြီးခဲ့တဲ့ရက်တွေမှာတော့ သရုပ်ဆောင်နေဒွေးဟာ သူ့ရဲ့အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြားပြဿနာတွေတက်ခဲ့ရတာပဲဖြစ်ပါတယ်။

လမ်းခွဲလိုက်ပြီဆိုပေမယ့် တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲချက်တွေနဲ့ ပြဿနာတွေဖြစ်ခဲ့ရတဲ့ နေဒွေးနဲ့ Htang Ra တို့ဟာ အခုဆိုရင်

ကိစ္စတွေအားလုံးကိုမေ့ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်နေကြပြီပဲဖြစ်ပါတယ်။ နေဒွေးဘက်ကလည်း

ပို့စ့်တွေအားလုံးကိုဖြတ်ပေးခဲ့သလို Htang Ra ကလည်း သူမလုပ်စရာရှိတဲ့အလုပ်တွေကိုသာ ဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်။

ဒီကနေ့မှာတော့ Htang Ra ဟာ သူမချစ်ရတဲ့ ချစ်သူသစ်ရဲ့ဓာတ်ပုံလေးကို လူသိရှင်ကြားချပြလာခဲ့ပါတယ်။ Htang Ra က “ကောင်လေးရေ

မနာလိုတယ် ငါ့ထက်အသားဖြူလို့?ငယ်ငယ်လေးနဲ့အလုပ်ကြိုးစားသူ လူကြီးတစ်ယောက်လိုဘဲဆုံးမတဲ့သူ Support

ပေးသူလေး ခုချိန်မှာ အပြည့်ဝစချစ်ပေးတော့မယ် ?❤️” “တခြားသူတွေရဲ့ ဂရုစိုက်မှုကို မလိုချင်ဘူး၊

မင်းအတွက်ပဲ ငါလိုချင်တာ ?” ဆိုပြီး ချစ်သူသစ်ရဲ့ ပုံရိပ်လေးကို ချပြလာခဲ့ပါတယ်။

Htang Ra ကတော့ ဖြစ်ခဲ့သမျှကိုမေ့ပြီး စိတ်သစ်လူသစ်နဲ့ ရှေ့ဆက်လျှောက်နေခဲ့ပြီပဲဖြစ်ပါတယ်။

Htang Ra တစ်ယောက် အချစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source: Htang Ra ‘s fb

Credit ; Cele Active World

Leave a Reply

Your email address will not be published.