တော်လှန်ရေး မောင်နှမတွေနဲ့ ရယ်စရာအဖြစ်အပျက်လေးတစ်ခုကို မျှဝေလိုက်တဲ့ ထားထက်ထက်
Cele News
တော်လှန်ရေး မောင်နှမတွေနဲ့ ရယ်စရာအဖြစ်အပျက်လေးတစ်ခုကို မျှဝေလိုက်တဲ့ ထားထက်ထက်
ပရိသတ်ကြီးရေ အလှမယ် ထားထက်ထက် ကတော့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့လက်ရှိမှာဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ တောတွင်းတစ်နေရာမှာ ပြည်သူတွေကိုကာကွယ်ဖို့ စစ်သင်တန်းတတ်ရောက်နေပြီးတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှု့ကို အများဆုံးရရှိထားပါတယ်။
သူမကတော့ အမျိုးသမီးဖြစ်ပေမယ့် ယောက်ကျားတွေနဲ့ရင်ဘောင်တန်းပြီးတော့ ရရာလ က်နက်စွဲကိုင်၍ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ကြိုးစားနေသူတစ်ဦးဖြစ်တာကြောင့်အားလုံးကလေးစားရတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူမကတော့လက်ရှိမှာ ဒီမိုကရေစီရရှိရေးအတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။
ထားထက်ထက် ကိုတော့ စစ်ကောင်စီဘက်ကနေပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုထားတာကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေမှာ ဒီမိုကရေစီရရှိရေးအတွက် တာဝန်ထမ်းဆောင်နေပါတယ်။
ထားထက်ထက် ကတော့သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ”ရောက်ခါစက အမှတ်တရ ရီစရာလေး တောင်ပေါ်စခန်းကနေ တောင်အောက်ဆင်းလာချိန်ခဏမှာ ခေါင်းဆောင် ဆရာကိုလမင်းက သူ့ အဝယ်တော် ကို ပစ္စည်းမှာပါရော ဟေ့ရောင် အပြင်သွားရင်
ငါ့အတွက် Vape Watermelon ဝယ်ခဲ့ပေးပါကွာ အဝယ်တော် အကို က လဲ ဟုတ်ကဲ့ ဟုတ်ကဲ့ ပေါ့ ပြန်လာတော့ တခြားပစ္စည်းတွေနဲ့အတူ ခေါင်းဆောင် မှာလိုက်တဲ့ပစ္စည်းကို သေချာဝယ်လာပြီး ပေးလိုက်တယ်
ဟေ့ရောင် ဒါဘာလဲ ?ဆရာမှာတဲ့ဟာလေ ဗေ့ ဆိုတာတော့ မရှိဘူး Watermelon ပဲရှိလို့ မ လာခဲ့တယ် …(ဖရဲသီးကြီးတလုံး ထုတ်ပေးပါလေရော) ဆရာလုပ်သူလဲ “ ဟာ ” ဆိုတာ တခွန်းပဲ ပြောနိုင်ပြီး
ရီပါလေရော အေးကွာ ရပါတယ် ပေါ့ တောင်ပေါ်ပြန်ရောက်တော့ စခန်း က ရဲဘော်တွေ လဲ ဗေ့ တံဆိပ် watermelon ကြီး ဆိုပြီး ပြောလိုက် ရယ်လိုက် နဲ့ပါလာတဲ့ ဖရဲသီးကို ခွဲစားကြရတာပေါ့ အရာရာ ရှားပါးတဲ့ အချိန် ဗေ့ watermelon မရလဲ ဖရဲသီး ဝယ်ပေးတဲ့ အကို ကို ကျေးဇူးတွေတင်လို့ပေါ့ Vape Watermelon ဆို ဆရာပဲ ဆိုင်တာ
ဒီ watermelon ကတော့ အများပိုင် ဆိုတော့ (ကိုလမင်း နဲ့ ကိုထွန်းတို့ကို သတိရ လို့ ရေးလိုက်ပါတယ်) ” လို့သူမရဲ့လူမှု့ကွန်ယက်မှာရေးသားထားပါတယ်။ ပရိသတ်ကြီးရေ အလှမယ် ထားထက်ထက် ကတော့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
သူမကတော့ လက်ရှိမှာဆိုရင်တော ခက်ခဲကြမ်းတမ်းတဲ့ တောတွင်းတစ်နေရာမှာပြည်သူတွေကိုကာကွယ်ဖို့ စစ်သင်တန်းတတ်ရောက်နေပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှု့ကို အများဆုံးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ source,burmesenews
Crd
zawgyi version
Crd
Leave a Reply
Your email address will not be published.