











ပန်းများပွင့်စေဖို့ အိမ်တွင်းဖြစ်ဆေး ဖော်ကြရအောင် အပင်မသန်ရင်နေ ပန်းတွေပွင့်နေရင်ကို ပျော်နေပါပြီဆိုတဲ့ ပန်းချစ်သူတို့အတွက်ပန်းပွင့်စေတဲ့အားဆေးတွေပြောပြချင်ပါတယ်ခင်ဗျ ပန်းဆိုပေမယ့် ဓါတ်သေဘာအရ အသီးနဲ့လည်း ဆိုင်ပါတယြ်




ဒါကြောင့်အလျင်းသင့်သလိုချဲ့ပြီးသုံးကြပါခင်ဗျကြက်ဥခွံဒါကေတာ့ကျွန်တော်အမြဲပြောနေကျမို့ တော်တော်များများသိနေ လောက်ပါပြီခင်ဗျ ကြက်ဥအခွံမှာကအပွင့်အတွက်လိုအပ်တဲ့Calciumနဲ့Phosphoric acidတို့အပြင်
Nitrogenပါပါဝင်လို့အပင်ကိုလည်းအားရှိစေပါတယ်ကြက်ဥခွံကိုအမှုန့်ကြိတ်ပြီးပဲဖြစ်ဖြစ်သုံးလို့ရသလို ဆေးရည်အနေနဲ့လည်းသုံးလို့ရပါတယ်ခင်ဗျဆေးရည်ရယူပုံကကြက်ဥခွံငါးလုံးခန့်ကိုထုခြေပြီးရေတစ်လီတာနဲ့ပြုပ်ပါတယ်
ပြီးရင် ရေတစ်ဂါလံနဲ့ ပြန်ရောသုံးပါတယ်ခင်ဗျဆေးရည်ပိုထိရောက်စေချင်ရင်တော့တစ်ညတိတိနှပ်ထားပြီးမှာနောက်ရက်မှာသုံးပေးပါငှက်ပျောခွံငှက်ပျောခွံတွေကိုအခြောက်လှမ်းထားပြီး နုတ်နုတ်စင်းတာပဲဖြစ်ဖြစ်blenderထဲထည့်




ကြိတ်တာပဲဖြစ်ဖြစ်လုပ်ယူလိုက်ပါခင်ဗျအစိုမသုံးဘဲအခြောက်လှန်းပြီးမှသုံးဖို့ဂရုစိုက်စေချင်ပါတယ်စိုနေချိန်ဆိုပိုးတွေမှိုတွေလာတက်လို့ပါ။ငှက်ပျောခွံအခြောက်မှာဆိုအပင်အတွက်လိုအပ်တဲ့PotassiumPotash,Phosphorous,
nitrogenနဲ့Magnesiumဓါတ်တွေပါဝင်လို့အပင်အပွင့်နဲ့အမြစ်တွေအထိအကုန်အားရှိစေပါတယ်ခင်ဗျရောဂါခံနိုင်ရည်ကိုလည်း မြင့်တက်စေပါတယ်ငှက်ပျောခြောက်အမှုန့်တွေကိုတော့အပင်ခြေတွေမှာဖြူးပေးပီးslow
release fertilizerအဖြစ်သုံးနိုင်ပါတယ်ဆေးရည်အနေနဲ့ဖြန်းချင်ရင်တော့ကြက်ဥအခွံပြုပ်ချိန်မှာလက်တစ်ဆုပ်စာထည့်ပြုပ်ပေးပါခင်ဗျနွားနို့လောက်အဟာရပေါကြွယ်ဝတာကတော့ နွားနို့ပဲရှိမယ်ခင်ဗျအသားဓါတ်တွေပြည့်ဝတဲ့




အပြင်calciumဓါတ်ကလည်းအပွင့်ကိုသန်စေပါတယ် နောက်ပြီး နွားနို့ကနေအချဉ်ပေါက်လာတဲ့အကျိုးပြုပိုးတွေကအပင်မှာကျရောက်တဲ့ပိုးတွေကိုတိုက်ဖျက်ပေးပါတယ် ရေနဲ့ရောသုံးမယ်ဆိုနွားနို့တစ်ဆရေလေးဆရောပေးပါခင်ဗျ
ကုန်ကျစရိတ်သက်သာချင်ရင်တော့ နွားနို့တစ်ဆ ရေရှစ်ဆလည်းရပါတယ်ခင်ဗျဒါတွေက အိမ်မှာအလွယ်တကူရှိနေတဲ့အသီးအပွင့်အားဆေးတွေပါနွားနို့ကလွဲရင်ကျန်တာတွေကကုန်ကျစရိတ်မရှိတဲ့ဆေးနည်းတွေဖြစ်လို့သုံးရတာအဆင်ပြေ
ကြမှာပါခင်ဗျတစ်ခါတည်းပြောပြချင်တာရှိသေးတယ်ခင်ဗျဘာလဲဆိုတော့ဘုရားပန်းထိုးတာပဲဖြစ်ဖြစ်စားပွဲတင်ပန်းထိုးတာပဲဖြစ်ဖြစ်ပန်းကိုတာရှည်ခံအောင်ထားနိုင်မယ့်ဆေးနည်းကိုပြောပြချင်ပါတယ်ပန်းတာရှည်ခံအောင်ထားနည်းသကြားလက်ဘက်စားဇွန်းတစ်ဇွန်းချွတ်ဆေးလက်ဘက်စားဇွန်း




တစ်ဇွန်းသံပုရာရည်လ်ဘက်စားဇွန်းနှစ်ဇွန်းရေတစ်လီတာပါဝင်ပစ္စည်းတွေကိုရောစပ်ထားတဲ့ဆေးရည်ထဲပန်းတွေထိုးပေးပြီးတာရှည်ခံအောင်ထားလို့ရပါတယ်ခင်ဗျကိုယ်သုံးမယ့်ပမာဏအပေါ်မူတည်ပြီးအနည်းအများအဆင်ပြေသလိုလုပ်လို့ရပါတယ်
Credit