နောက် ၂၄ နာရီမှ ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး မိုးကြီးလေထန်နိုင်သည့် ဒေသများ

Weather

Unicode

DAILY NEWS
နောက် ၂၄ နာရီမှ ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး မိုးကြီးလေထန်နိုင်သည့် ဒေသများ

နောက် ၂၄ နာရီမှ ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး မိုးကြီးလေထန်နိုင်သည့် ဒေသများအတွက် မိုးလေဝသဆရာမလေး စုစုစံမှ သတိပေးထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းတောင်ပိုင်း ဂေါ်ရင်ဂျီကျွန်း နှင့် ဟိုင်ကြီးကျွန်းတွေရဲ့ အနောက်တောင်ဖက်မှာ မုတ်သုန်လေဖိအားနည်းစနစ်ဖြစ်ပေါ်လာရန် tropical low များစုဖွဲ့နေပါတယ်။

နောက်၂၄ နာရီမှ ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပါပြီး

မေလ ၂၃ ရက်နေ့ ၂၄ ရက်နေ့တွမှာ ရန်ကုန်တိုင်းမိုးရွာနိုင်ပြီး ဧရာဝတီတိုင်း ဖျာပုံခရိုင် မအူပင်ခရိုင် လပွတ္တာခရိုင် အိမ်မဲခရိုင် ပုသိမ်ခရိုင် ဟင်္သာတခရိုင် ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်ဒေသတွေမှာ မိုးကြီးနိုင်ပါတယ်။

အဆိုပါရက်များအတွင်း ဧရာဝတီကမ်းရိုးတန်း ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်အတွင်း ငါးဖမ်းထွက်ခြင်း လှေသင်္ဘောများသွာရောက်ခြင်း မပြုလုပ်ကြဖို့ ကြိုတင်သတိပေးထားပါတယ်။

မေလ ၂၄ ရက်နေ့မှာ ဧရာဝတီတိုင်းတွင် မိုးများစွာရွာသွန်းနိုင်ပြီး မော်တင် ဟိုင်းကြီး လပွတ္တာငပုတော ပုသိမ် ငရုတ်ကောင်းဂေါ်ရင်ဂျီကျွန်း ငွေဆောင်ချောင်းသာ မိုးကြီးလေထန်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တွေမှာ မုတ်သုန်လေအားအလွန်ကောင်းနေပါတယ်။

တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းတွေမှာ မိုးရွာနိုင်ပြီး တနင်္သာရီတိုင်း ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသတွေမှာမိုးကြီးနိုင်ပါတယ်လို့ ထုတ်ပြန်ပေးထားတာဖြစ်ပါတယ်။

ပြည်သူ့အချစ်တော်လေး မင်း ဂွတ် သီး

Zawgyi

DAILY NEWS

ေနာက္ ၂၄ နာရီမွ ၄၈ နာရီအတြင္း ေလဖိအားနည္းရပ္ဝန္းတစ္ခုျဖစ္ေပၚလာႏိုင္ၿပီး မိုးႀကီးေလထန္ႏိုင္သည့္ ေဒသမ်ားအတြက္ မိုးေလဝသဆရာမေလး စုစုစံမွ သတိေပးထုတ္ျပန္ထားပါတယ္။

ထုတ္ျပန္ခ်က္အရ ဧရာဝတီတိုင္းေတာင္ပိုင္း ေဂၚရင္ဂ်ီကြၽန္း ႏွင့္ ဟိုင္ႀကီးကြၽန္းေတြရဲ႕ အေနာက္ေတာင္ဖက္မွာ မုတ္သုန္ေလဖိအားနည္းစနစ္ျဖစ္ေပၚလာရန္ tropical low မ်ားစုဖြဲ႕ေနပါတယ္။

ေနာက္၂၄ နာရီမွ ၄၈ နာရီအတြင္း ပိုမိုအားေကာင္းလာကာ ေလဖိအားနည္းရပ္ဝန္းတစ္ခုျဖစ္ေပၚလာႏိုင္ပါၿပီး

ေမလ ၂၃ ရက္ေန႔ ၂၄ ရက္ေန႔တြမွာ ရန္ကုန္တိုင္းမိုး႐ြာႏိုင္ၿပီး ဧရာဝတီတိုင္း ဖ်ာပုံခ႐ိုင္ မအူပင္ခ႐ိုင္ လပြတၱာခ႐ိုင္ အိမ္မဲခ႐ိုင္ ပုသိမ္ခ႐ိုင္ ဟသၤာတခ႐ိုင္ ရခိုင္ျပည္နယ္ သံတြဲခ႐ိုင္ ဂြၿမိဳ႕နယ္ေဒသေတြမွာ မိုးႀကီးႏိုင္ပါတယ္။

အဆိုပါရက္မ်ားအတြင္း ဧရာဝတီကမ္း႐ိုးတန္း ရခိုင္ကမ္း႐ိုးတန္း ပင္လယ္ျပင္အတြင္း ငါးဖမ္းထြက္ျခင္း ေလွသေဘၤာမ်ားသြာေရာက္ျခင္း မျပဳလုပ္ၾကဖို႔ ႀကိဳတင္သတိေပးထားပါတယ္။

ေမလ ၂၄ ရက္ေန႔မွာ ဧရာဝတီတိုင္းတြင္ မိုးမ်ားစြာ႐ြာသြန္းႏိုင္ၿပီး ေမာ္တင္ ဟိုင္းႀကီး လပြတၱာငပုေတာ ပုသိမ္ င႐ုတ္ေကာင္းေဂၚရင္ဂ်ီကြၽန္း ေငြေဆာင္ေခ်ာင္းသာ မိုးႀကီးေလထန္ႏိုင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းႏွင့္ ကပၸလီပင္လယ္ျပင္ေတြမွာ မုတ္သုန္ေလအားအလြန္ေကာင္းေနပါတယ္။

တနသၤာရီတိုင္း မြန္ျပည္နယ္ ကရင္ျပည္နယ္ ပဲခူးတိုင္း ရန္ကုန္တိုင္း ဧရာဝတီတိုင္း ရခိုင္ျပည္နယ္ေတာင္ပိုင္းေတြမွာ မိုး႐ြာႏိုင္ၿပီး တနသၤာရီတိုင္း ဧရာဝတီတိုင္းႏွင့္ ရခိုင္ျပည္နယ္ေတာင္ပိုင္း ေဒသေတြမွာမိုးႀကီးႏိုင္ပါတယ္လို႔ ထုတ္ျပန္ေပးထားတာျဖစ္ပါတယ္။

ျပည္သူ႔အခ်စ္ေတာ္ေလး မင္း ဂြတ္ သီး

Leave a Reply

Your email address will not be published.