​မေလ ၃၀ ည မှာ များပြားတဲ့ ကြယ်မိုးရွာခြင်း ကြယ်မိုးမုန်တိုင်းတစ်ခု ဖြစ်လာနိုင်

Knowledge

Unicode

​မေလ ၃၀ ည မှာ များပြားတဲ့ ကြယ်မိုးရွာခြင်း ကြယ်မိုးမုန်တိုင်းတစ်ခု ဖြစ်လာနိုင်

လာမည့် ၂၀၂၂ ခုနှစ် မေလ ၃၀ ည(၃၁ နံနက်)မှာရာစုနှစ်အတွက် များပြားတဲ့ကြယ်​ကြွေခြင်း(ကြယ်မိုးရွာခြင်း)ဖြစ်​ပေါ်လာနိုင်​ချေတစ်ခုရှိ​နေပါတယ်။

ဟာကျူလီကြယ်တာရာမှ​ကြွေဆင်းမည့် Tau Herculidကြယ်မိုးဟာအခန့်မသင့်လျှင် ၁၉ ရာစုက မြန်မာဘုရင်သီ​ပေါမင်းပါ​တော်မူစဥ်ကကျဆင်းခဲ့​သောကြယ်​ကြွေခြင်းပုံစံအတိုင်းတစ်နာရီလျှင်အလုံး ရာ-​ထောင်ချီပြီး ကျဆင်းလာနိုင်သလို၊လုံးဝမကျဆင်းခြင်းလည်းဖြစ်လာနိုင်ပါတယ်။

ကြယ်​ကြွေတယ်ဆိုတာစကြဝဠာအတွင်းကကြယ်​တွေကြွေကျပျက်စီးခြင်းမဟုတ်ပါ။ကျ​နော်တို့ ​နေအဖွဲ့အစည်းအတွင်းကနေကိုဗဟိုပြုလှည့်ပတ်​နေ​သောဥက္ကာပျံ၊ကြယ်တံခွန်တို့ရဲ့ပတ်လမ်းမှာကျကျန်ခဲ့​သောအမှုန်များရှိရာသို့ကမ္ဘာ ရောက်ရှိလာတဲ့အခါမှာကမ္ဘာ့​လေထုနဲ့အဆိုပါကျောက်ခဲမှုန်တို့ပွတ်တိုက်ရာမှ​ပေါ်ထွက်လာတဲ့အလင်းတန်းများဖြစ်ပါတယ်။

ဟာကျူလီကြယ်စု​နေရာမှာမြင်ရမည့်ကြယ်​ကြွေဆင်းခြင်းများဟာ SW3 လို့​ခေါ်တဲ့ 73P/ Schwassmann-Wachmannကြယ်တံခွန်လမ်း​ကြောင်းမှာကျကျန်ခဲ့တဲ့အမှုန်များဖြစ်ပါတယ်။

အဆိုပါကြယ်တံခွန်ကို ၁၉၃၀ ခုနှစ်ကအာကာသပညာရှင်Schwassmann နဲ့ Wachmann တို့ကရှာ​ဖွေ​တွေ့ရှိခဲ့တာဖြစ်ပြီး​နေကို ၅.၄ နှစ်လျှင်တစ်ပါတ်နှုန်းနဲ့လှည့်ပတ်​နေပါတယ်။နေနဲ့နီးကပ်စဥ်မှာနေမုန်တိုင်းအပူဒဏ်​ကြောင့်အမှုန်များလွင့်စင်ပါးလွှာခဲ့ပြီး၁၉၉၅ ခုနှစ်မှာ ဒီကြယ်တံခွန်ဟာနှစ်ခြမ်းစတင်ကွဲထွက်လာတာကို​လေ့လာ​တွေ့ရှိခဲ့ပါတယ်။

ထို့​နောက်အစိတ်အပိုင်းများဆက်လက်ကွဲထွက်လာခဲ့ပြီးပုံတွင်ပြထားသလို B, G, R, Nအစိတ်အပိုင်း(အကြီး)၄ ခုအထိရှိ​နေပါပြီ။၂၀၀၆ ခုနှစ်မှာအစိတ်အပိုင်းတစ်ခုက​နေအစိတ်​ပေါင်း ၆၈ ခုအထိကွဲထွက်သွားခဲ့ပါတယ်။

လာမည့်မေလ ၃၀ – ၃၁ မှာ ဒီကြယ်တံခွန်အစိတ်အပိုင်းများရဲ့အရှိန်ဟာတစ်နာရီကို မိုင် ၂၂၀ ခန့်ရှိမည်ဆိုပါက အစိတ်အပိုင်းများစွာကွဲထွက်သွားနိုင်ပြီးကြယ်အလင်းတန်းများစွာကိုမြင်​တွေ့ရနိုင်ပါတယ်။

တကယ်လို့ထိုအရှိန်ထက်နှေးသွားပါကကြယ်​ကြွေခြင်းဖြစ်စဥ်မဖြစ်နိုင်ပါ။ All or none law ဖြစ်တဲ့အတွက်စောင့်ကြည့်ရမည့်အ​နေအထားဖြစ်ပါတယ်။

၁၈၈၅ ခုနိုဝင်ဘာလ ၂၇ ရက်​နေ့သီ​ပေါမင်းပါ​တော်မူစဥ်မှာအန်ဒရိုမီဒါ ကြယ်တာရာမှကြယ်မိုးများစွာ ကျဆင်းခဲ့ဖူးပါတယ်။

သန့်ဦး အာကာသနှင့်စကြဝဠာသင်​ထောက်ကူ)

Zawgyi

DAILY NEWS
​ေမလ ၃၀ ည မွာ မ်ားျပားတဲ့ ၾကယ္မိုး႐ြာျခင္း ၾကယ္မိုးမုန္တိုင္းတစ္ခု ျဖစ္လာႏိုင္

လာမည့္ ၂၀၂၂ ခုႏွစ္ ေမလ ၃၀ ည(၃၁ နံနက္)မွာရာစုႏွစ္အတြက္ မ်ားျပားတဲ့ၾကယ္​ေႂကြျခင္း(ၾကယ္မိုး႐ြာျခင္း)ျဖစ္​ေပၚလာႏိုင္​ေခ်တစ္ခုရွိ​ေနပါတယ္။

ဟာက်ဴလီၾကယ္တာရာမွ​ေႂကြဆင္းမည့္ Tau Herculidၾကယ္မိုးဟာအခန္႔မသင့္လွ်င္ ၁၉ ရာစုက ျမန္မာဘုရင္သီ​ေပါမင္းပါ​ေတာ္မူစဥ္ကက်ဆင္းခဲ့​ေသာၾကယ္​ေႂကြျခင္းပုံစံအတိုင္းတစ္နာရီလွ်င္အလုံး ရာ-​ေထာင္ခ်ီၿပီး က်ဆင္းလာႏိုင္သလို၊လုံးဝမက်ဆင္းျခင္းလည္းျဖစ္လာႏိုင္ပါတယ္။

ၾကယ္​ေႂကြတယ္ဆိုတာစၾကဝဠာအတြင္းကၾကယ္​ေတြေႂကြက်ပ်က္စီးျခင္းမဟုတ္ပါ။က်​ေနာ္တို႔ ​ေနအဖြဲ႕အစည္းအတြင္းကေနကိုဗဟိုျပဳလွည့္ပတ္​ေန​ေသာဥကၠာပ်ံ၊ၾကယ္တံခြန္တို႔ရဲ႕ပတ္လမ္းမွာက်က်န္ခဲ့​ေသာအမႈန္မ်ားရွိရာသို႔ကမာၻ ေရာက္ရွိလာတဲ့အခါမွာကမာၻ႔​ေလထုနဲ႔အဆိုပါေက်ာက္ခဲမႈန္တို႔ပြတ္တိုက္ရာမွ​ေပၚထြက္လာတဲ့အလင္းတန္းမ်ားျဖစ္ပါတယ္။

ဟာက်ဴလီၾကယ္စု​ေနရာမွာျမင္ရမည့္ၾကယ္​ေႂကြဆင္းျခင္းမ်ားဟာ SW3 လို႔​ေခၚတဲ့ 73P/ Schwassmann-Wachmannၾကယ္တံခြန္လမ္း​ေၾကာင္းမွာက်က်န္ခဲ့တဲ့အမႈန္မ်ားျဖစ္ပါတယ္။

အဆိုပါၾကယ္တံခြန္ကို ၁၉၃၀ ခုႏွစ္ကအာကာသပညာရွင္Schwassmann နဲ႔ Wachmann တို႔ကရွာ​ေဖြ​ေတြ႕ရွိခဲ့တာျဖစ္ၿပီး​ေနကို ၅.၄ ႏွစ္လွ်င္တစ္ပါတ္ႏႈန္းနဲ႔လွည့္ပတ္​ေနပါတယ္။ေနနဲ႔နီးကပ္စဥ္မွာေနမုန္တိုင္းအပူဒဏ္​ေၾကာင့္အမႈန္မ်ားလြင့္စင္ပါးလႊာခဲ့ၿပီး၁၉၉၅ ခုႏွစ္မွာ ဒီၾကယ္တံခြန္ဟာႏွစ္ျခမ္းစတင္ကြဲထြက္လာတာကို​ေလ့လာ​ေတြ႕ရွိခဲ့ပါတယ္။

ထို႔​ေနာက္အစိတ္အပိုင္းမ်ားဆက္လက္ကြဲထြက္လာခဲ့ၿပီးပုံတြင္ျပထားသလို B, G, R, Nအစိတ္အပိုင္း(အႀကီး)၄ ခုအထိရွိ​ေနပါၿပီ။၂၀၀၆ ခုႏွစ္မွာအစိတ္အပိုင္းတစ္ခုက​ေနအစိတ္​ေပါင္း ၆၈ ခုအထိကြဲထြက္သြားခဲ့ပါတယ္။

လာမည့္ေမလ ၃၀ – ၃၁ မွာ ဒီၾကယ္တံခြန္အစိတ္အပိုင္းမ်ားရဲ႕အရွိန္ဟာတစ္နာရီကို မိုင္ ၂၂၀ ခန္႔ရွိမည္ဆိုပါက အစိတ္အပိုင္းမ်ားစြာကြဲထြက္သြားႏိုင္ၿပီးၾကယ္အလင္းတန္းမ်ားစြာကိုျမင္​ေတြ႕ရႏိုင္ပါတယ္။

တကယ္လို႔ထိုအရွိန္ထက္ေႏွးသြားပါကၾကယ္​ေႂကြျခင္းျဖစ္စဥ္မျဖစ္ႏိုင္ပါ။ All or none law ျဖစ္တဲ့အတြက္ေစာင့္ၾကည့္ရမည့္အ​ေနအထားျဖစ္ပါတယ္။

၁၈၈၅ ခုႏိုဝင္ဘာလ ၂၇ ရက္​ေန႔သီ​ေပါမင္းပါ​ေတာ္မူစဥ္မွာအန္ဒ႐ိုမီဒါ ၾကယ္တာရာမွၾကယ္မိုးမ်ားစြာ က်ဆင္းခဲ့ဖူးပါတယ္။

သန္႔ဦး အာကာသႏွင့္စၾကဝဠာသင္​ေထာက္ကူ)

Leave a Reply

Your email address will not be published.