ဒုဗိုလ်ချုပ်ကြီးဟောင်းစိန်ဝင်း၏ ဇာတိရွာအပါ ၄ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီး

News

ဒုဗိုလ်ချုပ်ကြီးဟောင်းစိန်ဝင်း၏ ဇာတိရွာအပါ ၄ ရွာကိုအကြ မ်းဖက်စစ်တပ် မီး ရှို့ဖျ က်ဆီး

တန့်ဆည်၊ မေ ၂၁

လူငယ့်ခေတ်

အကြမ်းဖက်စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဟောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဒုဥက္ကဌ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ၏ ဇာတိနှင့်အမျိုးများ နေထိုင်သည့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ် ခပေါင်းကြိုင် ကျေးရွာ အပါအဝင် ရွာ ၄ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ယမန်နေ့ မေလ (၂၀) ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံပြည်သူ (၃၀၀၀)ကျော် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“ခပေါင်းကြိုင်မှာ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း အမေနဲ့အစ်မ ဝမ်းကွဲတွေနေတာ။ အခုသူတို့ပါ ထွက်‌ပြေး နေရတယ်”ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

အဆိုပါ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းမှာ မေမြို့တွင် လက်ရှိ အခြေ ချနေထိုင်နေသည်ဟုလည်း သိရသည်။

လက်ရှိ မီးရှို့ဖျက်ဆီးခံရသည့် ရွာများမှာ ခပေါင်းကြိုင်ရွာအပါအဝင် တဆက်တည်းရှိ ဖန်းခါးဇင်းရွာ၊ စိန်းစားရွာ နှင့် ချောင်းရိုးရွာများ ဖြစ်ပြီး တန့်ဆည်နှင့်ရေဦးအစပ်တွင် တည်ရှိသည့်ရွာများဖြစ်ကြောင်း၊ ခပေါင်းကြိုင်ရွာမှ ပြည်သူ များသည် အင်တိုင်းရွာ ဘုန်းကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေကြောင်းလည်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ရွာမီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်သည့်အပြင် ခပေါင်းကြိုင်စာသင်ကျောင်းမှတဆင့် လက်နက်ကြီးဖြင့်လည်း ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

“ မနေ့က တစ်ရက်ထဲ ၃ ရွာတိတိ မီးရှို့ခံရတယ်။ တစ်ရွာကတော့ လုံးဝ အဖတ် ဆယ်မရအောင် ပျက်ဆီးသွားတယ်။ မီးငြှိမ်းဖို့တောင်အချိန်မရဘူး“ဟု ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော်တစ်ဦး က လူငယ့်ခေတ်သို့ ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် ဧပြီလ (၃၀)ရက်အထိ လူနေအိမ်ပေါင်း (၁၁၄၁၇) လုံးကို အကြမ်းဖက်စစ်တပ်က မီးရှိဖျက်ဆီးခဲ့ကြောင်း Data for Myanmar ၏ စာရင်းများအရ သိရသည်။

ထိုစာရင်းများအနက် စစ်ကိုင်းတိုင်းသည် အိမ်ပေါင်း (၇၅၀၀) ကျော်အထိ မီးရှိဖျက်ဆီးခံထားရသည့် ဖျက်ဆီးခံရမှု အများဆုံးတိုင်းတစ်ခု ဖြစ်နေသည်။

Credit

Leave a Reply

Your email address will not be published.