ကိုဗစ္ ကာကြယ္ေဆးက်ယ္က်ယ္ျပန႔္ျပန႔္ မထိုးရေသးတာေၾကာင့္ ဂ်င္းျပဳတ္ရည္နဲ႔ ကိုဗစ္ကိုအန္တုမဲ့ ေျမာက္ကိုရီးယား
ကိုဗစ္ ကာကြယ္ေဆးက်ယ္က်ယ္ျပန႔္ျပန႔္ မထိုးရေသးတဲ့ ေျမာက္ကိုရီးယားမွာ Covid ပ်ံ႕ႏွံ႔မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ 2020 ခုႏွစ္အေစာပိုင္းကတည္းက ကပ္ေရာဂါကာကြယ္ဖို႔ နယ္စပ္ေတြပိတ္ထားတဲ့ ေျမာက္ကိုရီးယားဟာ ႏိုင္ငံတကာထံမွ ေဆးဘက္ဆိုင္ရာ ပံ့ပိုးကူညီမႈေတြကိုလက္ခံဖို႔ ယခုအခ်ိန္အထိ ပယ္ခ်ထားဆဲျဖစ္ပါတယ္။ကပ္ေရာဂါကို




ကိုင္တြယ္တဲ့ေနရာမွာ ထိေရာက္တဲ့ ေဆးဝါးေတြအစား ႐ိုးရာကုသမႈေတြကို အသုံးျပဳဖို႔ ႏိုင္ငံပိုင္သတင္းဌာနက အႀကဳံျပဳေနပါတယ္။ အျပင္းဖ်ားျခင္းမရွိသူေတြ အတြက္ အာဏာရပါတီသတင္းစာ Rodong Sinmun က ဂ်င္းျပဳတ္ရည္၊ လက္ဖက္ေျခာက္ နဲ႔ မိုးမခ႐ြက္ေဖ်ာ္ရည္ ေတြကိုေသာက္ၾကဖို႔ အႀကံျပဳထားပါတယ္။ လက္ဖက္ေျခာက္ပါတဲ့ ေရေႏြးက
လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းဆိုးျခင္းကဲ့သို႔ အခ်ိဳ႕ေသာ Covid လကၡဏာမ်ားကို သက္သာေစႏိုင္ၿပီး ေရဓာတ္ဆုံးရႈံးတာကို ကူညီေပးႏိုင္ပါတယ္။ အဲ့ဒိလိုပဲ ဂ်င္းနဲ႔ မိုးမခအ႐ြက္ေတြမွာ ေရာင္ရမ္းမႈနဲ႔ နာက်င္မႈကို သက္သာေစတဲ့ ဂုဏ္သတၱိေတြ ရွိပါတယ္။ ဒါေပမဲ့ ကိုဗစ္ ဗိုင္းရပ္စ္ကိုတိုက္ထုတ္ရာမွာေတာ့ အေထာက္အကူျပဳ၊မျပဳ ဆိုတာေတာ့ မေသခ်ာပါဘူး။ မၾကာေသးမီက ႏိုင္ငံပိုင္မီဒီယာက




ဆားေရနဲ႔ မနက္ေရာ ညပါ ပလုတ္က်င္းဖို႔ အႀကံျပဳထားၿပီး “ဆားတန္ခ်ိန္တစ္ေထာင္” ကို ၿပဳံယမ္းသို႔ ေပးပို႔ခဲ့ေၾကာင္း ႏိုင္ငံပိုင္သတင္းေအဂ်င္စီက ေဖာ္ျပခဲ့ပါတယ္။ ေလ့လာမႈအခ်ိဳ႕အရ ဆားရည္ျဖင့္ ပလုတ္က်င္းျခင္းနဲ႔ ႏွာေခါင္းေဆးျခင္းဟာ
သာမန္အေအးမိျခင္းကို ျဖစ္ေစေသာ ဗိုင္းရပ္စ္ပိုးမ်ားကို တိုက္ဖ်က္ရာတြင္ အေထာက္အကူ ျဖစ္ေစႏိုင္ေပမယ့္လည္း Covid ျပန႔္ပြားမႈကို ေႏွးေကြးေစတာ ဒါမွမဟုတ္ တားဆီးႏိုင္မွာေတာ့မဟုတ္ပါဘူး။ အေရးယူ ပိတ္ဆို႔မႈေတြခံထားရၿပီး တံခါးပိတ္ဝါဒက်င့္သုံးတဲ့ ေျမာက္ကိုးရီးယားအေနနဲ႔ က်န္းမာေရးစနစ္အားနည္း လ်က္ရွိကာ ၿမိဳ႕ေတာ္ ၿပဳံယမ္းျပင္ပမွာ က်န္းမာေရး




ဝန္ထမ္းမရွိတာ၊ ေဆးဝါးႏွင့္ စက္ကိရိယာမ်ား ျပတ္လပ္တာေတြ နဲ႔ ႀကဳံေတြ႕ေနရပါတယ္။ ၿပီးခဲ့သည့္ႏွစ္က ကုလသမဂၢ၏ အစီရင္ခံစာတစ္ခုအရ ေျမာက္ကိုရီးယားမွာ “ေဆးဝါး၊ ကာကြယ္ေဆးထိုးျခင္းႏွင့္ ေဆးဘက္ဆိုင္ရာသုံး ပစၥည္းစက္႐ုံအခ်ိဳ႕” ဟာ WHO မွ ခ်မွတ္ထားတဲ့ စံႏႈန္းေတြနဲ႔ကိုက္ညီမႈမရွိဘူးလို႔ ေဖာ္ျပထားပါတယ္။
crd-
Unicode
ကိုဗစ် ကာကွယ်ဆေးကျယ်ကျယ်ပြန့်ပြန့် မထိုးရသေးတာကြောင့် ဂျင်းပြုတ်ရည်နဲ့ ကိုဗစ်ကိုအန်တုမဲ့ မြောက်ကိုရီးယား
ကိုဗစ် ကာကွယ်ဆေးကျယ်ကျယ်ပြန့်ပြန့် မထိုးရသေးတဲ့ မြောက်ကိုရီးယားမှာ Covid ပျံ့နှံ့မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 2020 ခုနှစ်အစောပိုင်းကတည်းက ကပ်ရောဂါကာကွယ်ဖို့ နယ်စပ်တွေပိတ်ထားတဲ့ မြောက်ကိုရီးယားဟာ နိုင်ငံတကာထံမှ ဆေးဘက်ဆိုင်ရာ ပံ့ပိုးကူညီမှုတွေကိုလက်ခံဖို့ ယခုအချိန်အထိ ပယ်ချထားဆဲဖြစ်ပါတယ်။ကပ်ရောဂါကို




ကိုင်တွယ်တဲ့နေရာမှာ ထိရောက်တဲ့ ဆေးဝါးတွေအစား ရိုးရာကုသမှုတွေကို အသုံးပြုဖို့ နိုင်ငံပိုင်သတင်းဌာနက အကြုံပြုနေပါတယ်။ အပြင်းဖျားခြင်းမရှိသူတွေ အတွက် အာဏာရပါတီသတင်းစာ Rodong Sinmun က ဂျင်းပြုတ်ရည်၊ လက်ဖက်ခြောက် နဲ့ မိုးမခရွက်ဖျော်ရည် တွေကိုသောက်ကြဖို့ အကြံပြုထားပါတယ်။ လက်ဖက်ခြောက်ပါတဲ့ ရေနွေးက
လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းကဲ့သို့ အချို့သော Covid လက္ခဏာများကို သက်သာစေနိုင်ပြီး ရေဓာတ်ဆုံးရှုံးတာကို ကူညီပေးနိုင်ပါတယ်။ အဲ့ဒိလိုပဲ ဂျင်းနဲ့ မိုးမခအရွက်တွေမှာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ ဒါပေမဲ့ ကိုဗစ် ဗိုင်းရပ်စ်ကိုတိုက်ထုတ်ရာမှာတော့ အထောက်အကူပြု၊မပြု ဆိုတာတော့ မသေချာပါဘူး။ မကြာသေးမီက နိုင်ငံပိုင်မီဒီယာက




ဆားရေနဲ့ မနက်ရော ညပါ ပလုတ်ကျင်းဖို့ အကြံပြုထားပြီး “ဆားတန်ချိန်တစ်ထောင်” ကို ပြုံယမ်းသို့ ပေးပို့ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ လေ့လာမှုအချို့အရ ဆားရည်ဖြင့် ပလုတ်ကျင်းခြင်းနဲ့ နှာခေါင်းဆေးခြင်းဟာ
သာမန်အအေးမိခြင်းကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးများကို တိုက်ဖျက်ရာတွင် အထောက်အကူ ဖြစ်စေနိုင်ပေမယ့်လည်း Covid ပြန့်ပွားမှုကို နှေးကွေးစေတာ ဒါမှမဟုတ် တားဆီးနိုင်မှာတော့မဟုတ်ပါဘူး။ အရေးယူ ပိတ်ဆို့မှုတွေခံထားရပြီး တံခါးပိတ်ဝါဒကျင့်သုံးတဲ့ မြောက်ကိုးရီးယားအနေနဲ့ ကျန်းမာရေးစနစ်အားနည်း လျက်ရှိကာ မြို့တော် ပြုံယမ်းပြင်ပမှာ ကျန်းမာရေး




ဝန်ထမ်းမရှိတာ၊ ဆေးဝါးနှင့် စက်ကိရိယာများ ပြတ်လပ်တာတွေ နဲ့ ကြုံတွေ့နေရပါတယ်။ ပြီးခဲ့သည့်နှစ်က ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်ခုအရ မြောက်ကိုရီးယားမှာ “ဆေးဝါး၊ ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းစက်ရုံအချို့” ဟာ WHO မှ ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့ကိုက်ညီမှုမရှိဘူးလို့ ဖော်ပြထားပါတယ်။
crd-