အာဏာရှင်ကိုအံတုတဲ့ ဒေးဗစ်တို့ မိသားစု
===============
“စစ်အာဏာရှင်ကိုမကြိုက်လို့ မိသားစုလိုက်အတူတူတော်လှန်ခဲ့ကြတယ်။ မိသားစုလိုက်အတူတူဆန္ဒပြကြတယ်။ အဲ့နောက် ကျွန်တော်တို့ညီအကို နှစ်ယောက်လုံး PDF ထဲဝင်သွားကြတယ်။ လက်ရှိမိသားစုကတော့ အိမ်နီးချင်းနိုင်ငံမှာ တိမ်းရှောင်ရင်း နောက်ကနေ တတ်နိုင်သလောက် ပံ့ပိုးပေးနေတယ်။ ကျွန်တော့်အမေဆိုရင် တအားတက်ကြွတာ။




စစ်အာဏာရှင်ကို သူကိုယ်တိုင် ထိပ်ကနေတိုက်မယ်၊ ချမယ်ပဲ အမြဲပြောနေတာ။ ကျွန်တော့်အဖေလည်း အတူတူပဲ” ဆိုပြီး တမူး PDF တပ်ရင်း ၂ မှာ တိုက်ခိုက်ရေးပိုင်းကနေ ပါဝင်နေတဲ့ သားအကြီးဆုံး ရဲဘော် ဒေးဗစ်ကပြောပြပါတယ်။
မိသားစုဝင် ခြောက်ယောက်ရှိတဲ့ထဲ အဖေကတော့ NLD အစိုးရလက်ထက်မှာ တမူးမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါ။ ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးကနှုတ်ထွက်ပြီး အိမ်နီးချင်းနိုင်ငံမှာ ဇနီးသည်အပါအဝင် သမီး နှစ်ယောက်နဲ့အတူ တိမ်းရှောင်နေရပါတယ်။ သားနှစ်ယောက်ကတော့ တမူး PDF နဲ့အတူ ရှေ့တန်းစစ်မြေပြင်မှာ စစ်ကောင်စီတပ်သားတွေကိုတိုက်ထုတ်နေတာ တစ်နှစ်ကျော်လာပါပြီ။




“စစ်ကောင်စီရဲ့လက်နက်ကြီးဘေးမှကျလို့ ကျွန်တော်လည်းလွင့်သွားပါတယ်။ ကျွန်တော့ကို ရဲဘော်တွေလာပြီး အိမ်တစ်အိမ်ကို သယ်သွားကြတယ်။ အဲဒီအချိန်မှာ ကျွန်တော့ရဲ့ခြေထောက်ကို မကြည့်ရဲတဲ့အခြေအနေဖြစ်ခဲ့ရတယ်။ ပြတ်သွားပြီလားပေါ့ တွေးပြီးငိုနေရတယ်။ ဆရာဝန်ရောက်လာတော့ ပြတ်မသွားပါဘူး၊ ယမ်းစထိယုံလောက်ပါပဲလို့ပြောတော့မှ ကျွန်တော်ပြန်အားရှိသွားတယ်။ ကျွန်တော့အနာကို ဆေးဝါးထည့်ပြီးတာနဲ့ ညီအကိုတွေနဲ့ ပြန်ပြီးမှ ချက်ချင်းတော်လှန်ခဲ့တယ်ဗျ” လို့ ရဲဘော် ဒေးဗစ်က သူကြုံခဲ့ရတဲ့အဖြစ်အပျက်ကို နွေဦးသူရဲကောင်းများအစီအစဉ်ကတဆင့် မျှဝေထားပါတယ်။
#SpringHero
#MizzimaTV




အာဏာရွင္ကိုအံတုတဲ့ ေဒးဗစ္တို႔ မိသားစု
===============
“စစ္အာဏာရွင္ကိုမႀကိဳက္လို႔ မိသားစုလိုက္အတူတူေတာ္လွန္ခဲ့ၾကတယ္။ မိသားစုလိုက္အတူတူဆႏၵျပၾကတယ္။ အဲ့ေနာက္ ကၽြန္ေတာ္တို႔ညီအကို ႏွစ္ေယာက္လုံး PDF ထဲဝင္သြားၾကတယ္။ လက္ရွိမိသားစုကေတာ့ အိမ္နီးခ်င္းနိုင္ငံမွာ တိမ္းေရွာင္ရင္း ေနာက္ကေန တတ္နိုင္သေလာက္ ပံ့ပိုးေပးေနတယ္။ ကၽြန္ေတာ့္အေမဆိုရင္ တအားတက္ႂကြတာ။
စစ္အာဏာရွင္ကို သူကိုယ္တိုင္ ထိပ္ကေနတိုက္မယ္၊ ခ်မယ္ပဲ အျမဲေျပာေနတာ။ ကၽြန္ေတာ့္အေဖလည္း အတူတူပဲ” ဆိုၿပီး တမူး PDF တပ္ရင္း ၂ မွာ တိုက္ခိုက္ေရးပိုင္းကေန ပါဝင္ေနတဲ့ သားအႀကီးဆုံး ရဲေဘာ္ ေဒးဗစ္ကေျပာျပပါတယ္။




မိသားစုဝင္ ေျခာက္ေယာက္ရွိတဲ့ထဲ အေဖကေတာ့ NLD အစိုးရလက္ထက္မွာ တမူးၿမိဳ႕ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးပါ။ ဒါေပမယ့္ အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္တဲ့အေနနဲ႔ ရာထူးကႏႈတ္ထြက္ၿပီး အိမ္နီးခ်င္းနိုင္ငံမွာ ဇနီးသည္အပါအဝင္ သမီး ႏွစ္ေယာက္နဲ႔အတူ တိမ္းေရွာင္ေနရပါတယ္။ သားႏွစ္ေယာက္ကေတာ့ တမူး PDF နဲ႔အတူ ေရွ႕တန္းစစ္ေျမျပင္မွာ စစ္ေကာင္စီတပ္သားေတြကိုတိုက္ထုတ္ေနတာ တစ္ႏွစ္ေက်ာ္လာပါၿပီ။
“စစ္ေကာင္စီရဲ့လက္နက္ႀကီးေဘးမွက်လို႔ ကၽြန္ေတာ္လည္းလြင့္သြားပါတယ္။ ကၽြန္ေတာ့ကို ရဲေဘာ္ေတြလာၿပီး အိမ္တစ္အိမ္ကို သယ္သြားၾကတယ္။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ့ရဲ့ေျခေထာက္ကို မၾကည့္ရဲတဲ့အေျခအေနျဖစ္ခဲ့ရတယ္။ ျပတ္သြားၿပီလားေပါ့ ေတြးၿပီးငိုေနရတယ္။ ဆရာဝန္ေရာက္လာေတာ့ ျပတ္မသြားပါဘူး၊ ယမ္းစထိယုံေလာက္ပါပဲလို႔ေျပာေတာ့မွ ကၽြန္ေတာ္ျပန္အားရွိသြားတယ္။ ကၽြန္ေတာ့အနာကို ေဆးဝါးထည့္ၿပီးတာနဲ႔ ညီအကိုေတြနဲ႔ ျပန္ၿပီးမွ ခ်က္ခ်င္းေတာ္လွန္ခဲ့တယ္ဗ်” လို႔ ရဲေဘာ္ ေဒးဗစ္က သူၾကဳံခဲ့ရတဲ့အျဖစ္အပ်က္ကို ေႏြဦးသူရဲေကာင္းမ်ားအစီအစဥ္ကတဆင့္ မၽွေဝထားပါတယ္။




#SpringHero
#MizzimaTV
Credit