“အရင်လို VPN သုံးရုံလောက်နဲ့ မလုံခြုံတော့တဲ့ ဖုန်းတွေ IMEI မှတ်ပုံတင်ခြင်းကိစ္စ နှင့် IMEI ဆိုတာ ဘာလဲ”
လူနာမည်နဲ့ IMEI တွေမှတ်ပုံတင်ရမယ်ဆိုရင် VPN သုံးရုံလောက်နဲ့ ဘာမှကာလို့မရတော့တဲ့ မိုဘိုင်းဟန်းဆက်တွေမှာပါတဲ့ IMEI ဆိုတာ ဘာလဲဆိုတာ ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ရပါတယ်။




IMEI ဆိုတာဟမ်းဆက်တလုံးကိုခြေရာခံတဲ့နံပါတ်တခုပါ။ ဘယ်ဟမ်းဆက်မဆို IMEI တွေကမတူကြပါဘူး။ဖုန်းတလုံးစက်ရုံကထုတ်ရင် IMEI ဂဏန်းတလုံးထည့်ပေးရပါတယ်။
ဖုန်းတွေထဲကို sim cardထည့်လိုက်ရင်အဲဒီဖုန်းက operatorဆီကို IMEI နံပါတ်ပို့ပေးပြီး register ပြန်လုပ်ရပါတယ်။ Sim card တွေပြောင်းရင်လဲဖုန်းရဲ့ IMEI ကမပြောင်းပါဘူး။Sim card နဲ့ချိတ်ဆက်ထားတာမဟုတ်ပဲဟမ်းဆက်နဲ့ချိတ်ဆက်ထားတာမို့ပါ။ IMEI ကဖုန်းအော်ပရေတာတွေကဖုန်းတခုချင်းစီကို identifyလုပ်တဲ့နံပါတ်ပါ။




ဒါကြောင့်အဲဒီဖုန်းတွေဘယ်တာဝါတိုင်တွေနဲ့ချိတ်ဆက်နေပြီလဲဆိုတာကိုသိတဲ့အတွက်ဖုန်းရဲ့ တည်နေရာကိုလဲ triangulateလုပ်ယူလို့ရပါတယ်။ ဖုန်းကလိုင်းရနေသ၍ဖုန်း operatorတွေကဖုန်းအကြောင်းသိနေတဲ့သဘောပါ။
ဒီကိစ္စကပုံမှန်ဆိုသိပ်ပြသနာမဟုတ်ပါဘူး။ ဥပမာ IMEI နံပါတ် ၁၂၃၄ က Saw Kyaw Thuကိုင်တဲ့ဖုန်းဆိုပေမဲ့အော်ပရေတာကSaw Kyaw Thu ဖုန်းမှန်းမသိပါဘူး။သူတို့မြင်ရတာ ၁၂၃၄ ပဲမြင်ရတာပါ။




ဒီအတွက် ကိုယ့် privacy က somewhatတော့လုံခြုံသေးတယ်ပေါ့ဗျာ။ လူနာမည်နဲ့ IMEI တွေမှတ်ပုံတင်ရမယ်ဆိုရင် IMEI နံပါတ် ၁၂၃၄ သည် Saw Kyaw Thuဖြစ်ကြောင်း ပြောလိုက်ရသလိုပဲ။
ဒီအတိုင်းဆိုအော်ပရေတာကအချိန်တိုင်း Saw Kyaw Thuဘယ်ရောက်နေလဲဖုန်းကနေသိနေတော့မှာ ဖြစ်ပါတယ်။ ပြီးရင်ကိုယ်ဖုန်းခေါ်ထားသမျှဆက်သွယ်ထားသမျှဖုန်းတွေကိုလဲIMEIကနေခြေရာခံလိုက်နိုင်တော့မှာပါ။ လုံခြုံမှုဟာသုညဖြစ်သွားပြီ။ဖုန်းရှိနေသ၍ကိုယ့်အကြောင်းတွေအကုန်သိနေတော့မဲ့သဘောပဲ။အရင်လို VPN သုံးရုံလောက်နဲ့ဘာမှကာလို့မရတော့ပါဘူး။
crd-Saw Kyaw Thu
“အရင္လို VPN သုံး႐ုံေလာက္နဲ႔ မလုံျခဳံေတာ့တဲ့ ဖုန္းေတြ IMEI မွတ္ပုံတင္ျခင္းကိစၥ ႏွင့္ IMEI ဆိုတာ ဘာလဲ”




လူနာမည္နဲ႔ IMEI ေတြမွတ္ပုံတင္ရမယ္ဆိုရင္ VPN သုံး႐ုံေလာက္နဲ႔ ဘာမွကာလို႔မရေတာ့တဲ့ မိုဘိုင္းဟန္းဆက္ေတြမွာပါတဲ့ IMEI ဆိုတာ ဘာလဲဆိုတာ ဗဟုသုတအျဖစ္ ျပန္လည္မၽွေဝလိုက္ရပါတယ္။
IMEI ဆိုတာဟမ္းဆက္တလုံးကိုေျခရာခံတဲ့နံပါတ္တခုပါ။ ဘယ္ဟမ္းဆက္မဆို IMEI ေတြကမတူၾကပါဘူး။ဖုန္းတလုံးစက္႐ုံကထုတ္ရင္ IMEI ဂဏန္းတလုံးထည့္ေပးရပါတယ္။




ဖုန္းေတြထဲကို sim cardထည့္လိုက္ရင္အဲဒီဖုန္းက operatorဆီကို IMEI နံပါတ္ပို႔ေပးၿပီး register ျပန္လုပ္ရပါတယ္။ Sim card ေတြေျပာင္းရင္လဲဖုန္းရဲ့ IMEI ကမေျပာင္းပါဘူး။Sim card နဲ႔ခ်ိတ္ဆက္ထားတာမဟုတ္ပဲဟမ္းဆက္နဲ႔ခ်ိတ္ဆက္ထားတာမို႔ပါ။ IMEI ကဖုန္းေအာ္ပေရတာေတြကဖုန္းတခုခ်င္းစီကို identifyလုပ္တဲ့နံပါတ္ပါ။
ဒါေၾကာင့္အဲဒီဖုန္းေတြဘယ္တာဝါတိုင္ေတြနဲ႔ခ်ိတ္ဆက္ေနၿပီလဲဆိုတာကိုသိတဲ့အတြက္ဖုန္းရဲ့ တည္ေနရာကိုလဲ triangulateလုပ္ယူလို႔ရပါတယ္။ ဖုန္းကလိုင္းရေနသ၍ဖုန္း operatorေတြကဖုန္းအေၾကာင္းသိေနတဲ့သေဘာပါ။




ဒီကိစၥကပုံမွန္ဆိုသိပ္ျပသနာမဟုတ္ပါဘူး။ ဥပမာ IMEI နံပါတ္ ၁၂၃၄ က Saw Kyaw Thuကိုင္တဲ့ဖုန္းဆိုေပမဲ့ေအာ္ပေရတာကSaw Kyaw Thu ဖုန္းမွန္းမသိပါဘူး။သူတို႔ျမင္ရတာ ၁၂၃၄ ပဲျမင္ရတာပါ။
ဒီအတြက္ ကိုယ့္ privacy က somewhatေတာ့လုံျခဳံေသးတယ္ေပါ့ဗ်ာ။ လူနာမည္နဲ႔ IMEI ေတြမွတ္ပုံတင္ရမယ္ဆိုရင္ IMEI နံပါတ္ ၁၂၃၄ သည္ Saw Kyaw Thuျဖစ္ေၾကာင္း ေျပာလိုက္ရသလိုပဲ။




ဒီအတိုင္းဆိုေအာ္ပေရတာကအခ်ိန္တိုင္း Saw Kyaw Thuဘယ္ေရာက္ေနလဲဖုန္းကေနသိေနေတာ့မွာ ျဖစ္ပါတယ္။ ၿပီးရင္ကိုယ္ဖုန္းေခၚထားသမၽွဆက္သြယ္ထားသမၽွဖုန္းေတြကိုလဲIMEIကေနေျခရာခံလိုက္နိုင္ေတာ့မွာပါ။ လုံျခဳံမႈဟာသုညျဖစ္သြားၿပီ။ဖုန္းရွိေနသ၍ကိုယ့္အေၾကာင္းေတြအကုန္သိေနေတာ့မဲ့သေဘာပဲ။အရင္လို VPN သုံး႐ုံေလာက္နဲ႔ဘာမွကာလို႔မရေတာ့ပါဘူး။
crd-Saw Kyaw Thu