Unicode
ဇာတ်လမ်းအစက ဒီလိုဗျာ။




မနေ့က Fbပေါ်မှာ အကောင့်ထဲက ကလေးမတစ်ယောက်က ယတြာတစ်ခု Shareထားတာ မြင်တယ်ဗျ။ ကြည့်လိုက်တော့ ဖယောင်းတိုင်ကို ဂျင်းတစ်တက်ပေါ် မီးထွန်းခိုင်းတာ။တခြားဘာမှမပါဘူး။
Color Theoryနဲ့ နေ့ဂျင်းညဂျင်းဖြစ်စေတဲ့ ဓာတ်ကို Mixလုပ်လိုက်တယ် ထင်ပါတယ်။
အဲ့မှာစပြီး ကျနော့်ဖာသာ တစ်ယောက်တည်း စောက်သည်းယားလာတော့တာပဲ။ ဂျင်းဆိုတာက တေဇောဓာတ်အပူဓာတ်ကိုအားပေးတာ။ မီးဆိုတာကလည်း အပူပဲ။ ဆိုတော့ အပူနှစ်ခုကို နေ့ချင်းညချင်းဖြစ်အောင်ဆိုတဲ့ ဓာတ်ယူတာကို တွေးကြည့်တတ်ရင်တောင် အတော်လန့်စရာကောင်းနေပြီ။
ဒါပေမယ့် ဂျင်းနဲ့မီးထွန်းတာကို ဆရာကြီးမင်းသိင်္ခရဲ့ ယတြာတွေထဲမြင်ထားဖူးခဲ့တော့ အပြစ်တင်မစောရဲသေးဘူး။ ငါများလေ့လာမှုနည်းနေလို့လားဆိုပြီး ပြန်ရှာရ လေ့လာရသေးတယ်။




အဲ့ဒီလိုလေ့လာရင်းနဲ့ တွေ့ခဲ့တဲ့ ဓာတ်ယတြာလေးတွေ ပြန်ဝေမျှပေးချင်လာလို့ ဖောက်သည်ချလိုက်ပြီဗျာ။ “ဂျင်းမမိစေဖို့ ဂျင်းတက်ယတြာများ”လို့ပဲ ဒီစာစုကို နာမည်ပေးလိုက်တော့မယ်။
ဂျင်းတက်နဲ့ နေ့ဂျင်းညဂျင်းအကျိုးပေးအောင် ယတြာလုပ်မရတာတော့မဟုတ်ဘူးဗျ။ လုပ်တတ်ရင် ရတယ်။ နေ့ဂျင်းညဂျင်းဓာတ်ကိုယူရင် ဂျင်းတက်ကလေးကနေ အတက်အသစ်ကလေး ထွက်လာဖို့ လိုသဗျ။
ဒါမှလည်း ဓာတ်သဘောမိမှာ။ဆိုတော့ ဂျင်းပေါ်ဖယောင်းတိုင်တင်ထွန်းရင် မီးအပူကြောင့် ဂျင်းကိုသတ်သလိုဖြစ်ပြီး ဘယ်လိုမှ ယတြာအဆင်ပြေမှာမဟုတ်ဘူး။
အတက်မထွက်ရင် ဓာတ်သက်လည်းမဝင်ဘူး။ နေ့ဂျင်းညဂျင်းယတြာ လုပ်နည်းလေးပြောပြမယ်။ ယတြာကို နေ့ဂျင်းညဂျင်းစီးပွားတက်ယတြာလို့ နာမည်ပေးချင်လည်း ပေးပေါ့ဗျာ။




ဂျင်းတက်နှစ်ခုကို ပန်းကန်ပြားတစ်ချပ်စီထဲထည့်ရမယ်။
မထည့်ခင်မှာလည်း ပန်းကန်ထဲမှာ သဲအစိုခင်းပြီးမှ ထည့်ရမယ်။
ဂျင်းတက်တစ်ခုပေါ်မှာ “နေ့ဂျင်း”၊ ဂျင်းတက်နောက်တစ်ခုပေါ်မှာ “ညဂျင်း”လို့ ဆော့ပင်နဲ့ ပီပီသသရေးပြီးမှ ပန်းကန်ထဲကသဲပေါ်ထည့်ရမယ်။ မှင်အရောင်က အဓိကမကျဘူး။စာပီသဖို့ အဓိကပဲ။
“နေ့ဂျင်း”ထည့်ထားတဲ့ ပန်းကန်အနီးမှာ နေ့မွန်းမလွဲခင် မနက်အစောပိုင်းထဲ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီး နေ့ဂျင်းညဂျင်းစီးပွားတက်ပါစေလို့ ဆုတောင်းရမယ်။
“ညဂျင်း”ထည့်ထားတဲ့ ပန်းကန်အနီးမှာ နေရောင်ပျောက်စ ညအချိန်စောစောပိုင်းထဲ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီး နေ့ဂျင်းညဂျင်းစီးပွားတက်ပါစေလို့ ဆုတောင်းရမယ်။




ဖယောင်းတိုင်အစိမ်းမကလို့ ရောင်စုံထွန်းတာဖြစ်ဖြစ် မီးထွန်းရင်း ဂါထာရွတ်တာဖြစ်ဖြစ် အတတ်ဆန်းထွင်ချင်သပဆိုလည်း သဘော။ လုပ်တတ်ရင်လုပ်၊မပိုင်ရင်တော့ မလုပ်နဲ့။
အရေးကြီးဆုံးက ဂျင်းတက်ပေါ် ဖယောင်းတိုင် လုံးဝတင်မထွန်းရဘူး။ဂျင်းကနေ အတက်မထွက်လာရင် ယတြာဓာတ်သက်မဝင်လို့ ယတြာပျက်တယ်။ဖယောင်းတိုင်မီးအပူလည်း မဟပ်စေနဲ့။ ဒီတစ်ချက်တော့ ဂရုစိုက်ရလိမ့်မယ်။
ဂျင်းတက်ပေါ်ဖယောင်းတိုင်အစိမ်းထွန်းပြီး လာဘ်ဖွင့်တာက နောက်တစ်နည်းရှိသေးသဗျ။ သူ့ချည်းပဲတော့မဟုတ်ဘူး။ဘေးကအကူပစ္စည်းလေးတွေကို ဓာတ်မျှအောင်ထည့်ပေးရတယ်။ စာရှည်မှာစိုးလို့ လုပ်နည်းပဲရေးတော့မယ်။ ဒီလိုဗျာ။




လိုတာတွေက ကြွေပန်းကန်ပြားတစ်ချပ်၊ ကျောက်စရစ်အဖြူကိုးလုံး၊ဂျင်းတစ်တက်၊ ဖယောင်းတိုင်အစိမ်းတစ်တိုင်၊ရေအနည်းငယ်တို့ လိုမယ်။
ကျောက်စရစ်ခဲတွေကို သေချာသန့်စင်ပြီးကြွေပန်းကန်ပြားအလယ်မှာ စီစီရီရီထည့်။
ကျောက်စရစ်ခဲပေါ်ကနေ ဂျင်းတစ်တက်ကို တင်။
ရေကို ဂျင်းအပေါ်ကနေလောင်းပြီး ကျောက်စရစ်ခဲ မြုပ်အောင် ကြွေပန်းကန်ပြားထဲထည့်။
သတိပြုရမှာက ရေက ကျောက်စရစ်အကုန်မြုပ်ပြီး ဂျင်းတက်ကိုထိနေရမယ်။ဂရုစိုက်။
ဂျင်းတက်ပေါ်ကနေ ဖယောင်းတိုင်အစိမ်း မနက်တစ်ကြိမ် ညတစ်ကြိမ်ထွန်းပြီး ငွေကြေးဆိုင်ရာအလုပ်ကိစ္စဘာညာ ဆုတောင်းရတယ်။
ယတြာအသက်ဝင်အောင် ကိုးရက်ဆက်တိုက်တော့ လုပ်ပေးရမယ်။ ယတြာလေးက ဒါပဲ။




ဂျင်းနဲ့ပက်သက်ပြီး ဆရာကြီးမင်းသိင်္ခရဲ့ ယတြာတစ်မျိုးလည်း ရှိသေးတယ်။ ဒီယတြာရဲ့ အလုပ်လုပ်ပုံကိုတော့ ကျနော်လည်းနားမလည်ဘူး။ ဒါပေမယ့် အလုပ်ကတော့တစ်ကယ်ဖြစ်တယ်ဗျ။ ဆရာကြီးရဲ့သာဝကတွေ ရေးထားခဲ့တဲ့အာဘော်အတိုင်းပဲ ပြန်ကူးရေးပေးလိုက်တော့မယ်။
“”မှားတဲ့အမှားတွေက ပြင်လို့ရတာတွေရှိသလို ပြင်လို့မရတာ ပြင်ဖို့ခက်နေတဲ့ အမှားတွေလည်းရှိတာပေါ့ ဥပမာ စာချုပ်တစ်ခုချုပ်ဆိုလက်မှတ်ထိုးတယ် သက်သေတွေရှေ့မှာလုပ်ပြီး သက်သေတွေကလည်း လက်မှတ်ထိုးပြီးပြီ
အဲ့ဒီမှာ ကိုယ့်အနေနဲ့ မစဉ်းစားမိလို့ ဖြစ်စေ စဉ်းစားမှုနည်းလို့ဖြစ်စေ လက်မှတ်ထိုးလောကြီးသွားတယ် စာချုပ်လက်မှတ်မှားထိုးမိတယ် အဲ့ဒီလိုဖြစ်ခဲ့ရင် ပြန်ပြင်ဖို့ဆိုတာမလွယ်တော့ဘူး အဲ့ဒါဆိုရင် ယတြာလုပ်ပြီးပြန်ပြင်မှဖြစ်မယ်




အဲ့တော့ သေသေချာချာမှတ်ထား ဘုရားစင်ပေါ်မှာ ဂျင်း(၈)တက်ကို ကြွေပန်းကန်ပြားသေးလေးတစ်ခုစီမှာ ဂျင်း(၁)တက်စီတင် အဲ့ဒီဂျင်းတက်တစ်ခုစီတိုင်းရဲ့အပေါ်မှာ ဖယောင်းတိုင်စိုက်ပြီး ဖယောင်းတိုင်မီး(၈)တိုင်ပူဇော်ပြီး ဘုရားမှာ စာချုပ်သစ် ပြန်ပြင်ပြီး လက်မှတ်ထိုးနိုင်ရန် ဆုတောင်းရတယ်
အဲ့ဒီယတြာကို မနက်ပိုင်းတစ်ကြိမ် ညမှောင်နေတဲ့အချိန်မှာ တစ်ကြိမ် ရှစ်ရက်ဆက်တိုက်ပြုလုပ်ရမယ် အဲ့ဒါဆိုရင်တော့ ကိုယ့်အနေနဲ့ စာချုပ်သစ်ပြောင်းပြီးလက်မှတ်ထိုးဖို့ လွယ်လွယ်ကူကူနဲ့ပြောဆိုလို့ရလိမ့်မယ် အဲ့တော့ ကိုယ့်ဘက်က နစ်နာစရာရှိတာတွေ မနစ်နာတော့ဘူးပေါ့ “”
တခြား ဂျင်းနဲ့ပက်သက်တဲ့ ယတြာလေးငါးမျိုးတော့ လေ့လာမှတ်သားဖူးသေးတယ်။ လက်တွေ့မစမ်းသပ်ဖူးသေးလို့
နောက်နောင်များမှပဲ အလျင်းသင့်သလို ဖော်ပြပေးတော့မယ်ဗျာ။
အခုကတော့ စာလည်းအတော်ရှည်ပြီမလို့ နိဂုံးချုပ်လိုက်တော့မယ်။
ကောင်းညိုစည်သူ_စုစည်းတင်ဆက်သည်




Zawgyi
ဇာတ္လမ္းအစက ဒီလိုဗ်ာ။
မေန႔က Fbေပၚမွာ အေကာင့္ထဲက ကေလးမတစ္ေယာက္က ယၾတာတစ္ခု Shareထားတာ ျမင္တယ္ဗ်။ ၾကည့္လိုက္ေတာ့ ဖေယာင္းတိုင္ကို ဂ်င္းတစ္တက္ေပၚ မီးထြန္းခိုင္းတာ။တျခားဘာမွမပါဘူး။
Color Theoryနဲ႔ ေန႔ဂ်င္းညဂ်င္းျဖစ္ေစတဲ့ ဓာတ္ကို Mixလုပ္လိုက္တယ္ ထင္ပါတယ္။




အဲ့မွာစၿပီး က်ေနာ့္ဖာသာ တစ္ေယာက္တည္း ေစာက္သည္းယားလာေတာ့တာပဲ။ ဂ်င္းဆိုတာက ေတေဇာဓာတ္အပူဓာတ္ကိုအားေပးတာ။ မီးဆိုတာကလည္း အပူပဲ။ ဆိုေတာ့ အပူႏွစ္ခုကို ေန႔ခ်င္းညခ်င္းျဖစ္ေအာင္ဆိုတဲ့ ဓာတ္ယူတာကို ေတြးၾကည့္တတ္ရင္ေတာင္ အေတာ္လန႔္စရာေကာင္းေနၿပီ။
ဒါေပမယ့္ ဂ်င္းနဲ႔မီးထြန္းတာကို ဆရာႀကီးမင္းသိခၤရဲ႕ ယၾတာေတြထဲျမင္ထားဖူးခဲ့ေတာ့ အျပစ္တင္မေစာရဲေသးဘူး။ ငါမ်ားေလ့လာမႈနည္းေနလို႔လားဆိုၿပီး ျပန္ရွာရ ေလ့လာရေသးတယ္။
အဲ့ဒီလိုေလ့လာရင္းနဲ႔ ေတြ႕ခဲ့တဲ့ ဓာတ္ယၾတာေလးေတြ ျပန္ေဝမွ်ေပးခ်င္လာလို႔ ေဖာက္သည္ခ်လိုက္ၿပီဗ်ာ။ “ဂ်င္းမမိေစဖို႔ ဂ်င္းတက္ယၾတာမ်ား”လို႔ပဲ ဒီစာစုကို နာမည္ေပးလိုက္ေတာ့မယ္။




ဂ်င္းတက္နဲ႔ ေန႔ဂ်င္းညဂ်င္းအက်ိဳးေပးေအာင္ ယၾတာလုပ္မရတာေတာ့မဟုတ္ဘူးဗ်။ လုပ္တတ္ရင္ ရတယ္။ ေန႔ဂ်င္းညဂ်င္းဓာတ္ကိုယူရင္ ဂ်င္းတက္ကေလးကေန အတက္အသစ္ကေလး ထြက္လာဖို႔ လိုသဗ်။
ဒါမွလည္း ဓာတ္သေဘာမိမွာ။ဆိုေတာ့ ဂ်င္းေပၚဖေယာင္းတိုင္တင္ထြန္းရင္ မီးအပူေၾကာင့္ ဂ်င္းကိုသတ္သလိုျဖစ္ၿပီး ဘယ္လိုမွ ယၾတာအဆင္ေျပမွာမဟုတ္ဘူး။
အတက္မထြက္ရင္ ဓာတ္သက္လည္းမဝင္ဘူး။ ေန႔ဂ်င္းညဂ်င္းယၾတာ လုပ္နည္းေလးေျပာျပမယ္။ ယၾတာကို ေန႔ဂ်င္းညဂ်င္းစီးပြားတက္ယၾတာလို႔ နာမည္ေပးခ်င္လည္း ေပးေပါ့ဗ်ာ။
ဂ်င္းတက္ႏွစ္ခုကို ပန္းကန္ျပားတစ္ခ်ပ္စီထဲထည့္ရမယ္။
မထည့္ခင္မွာလည္း ပန္းကန္ထဲမွာ သဲအစိုခင္းၿပီးမွ ထည့္ရမယ္။




ဂ်င္းတက္တစ္ခုေပၚမွာ “ေန႔ဂ်င္း”၊ ဂ်င္းတက္ေနာက္တစ္ခုေပၚမွာ “ညဂ်င္း”လို႔ ေဆာ့ပင္နဲ႔ ပီပီသသေရးၿပီးမွ ပန္းကန္ထဲကသဲေပၚထည့္ရမယ္။ မွင္အေရာင္က အဓိကမက်ဘူး။စာပီသဖို႔ အဓိကပဲ။
“ေန႔ဂ်င္း”ထည့္ထားတဲ့ ပန္းကန္အနီးမွာ ေန႔မြန္းမလြဲခင္ မနက္အေစာပိုင္းထဲ ဖေယာင္းတိုင္တစ္တိုင္ထြန္းၿပီး ေန႔ဂ်င္းညဂ်င္းစီးပြားတက္ပါေစလို႔ ဆုေတာင္းရမယ္။
“ညဂ်င္း”ထည့္ထားတဲ့ ပန္းကန္အနီးမွာ ေနေရာင္ေပ်ာက္စ ညအခ်ိန္ေစာေစာပိုင္းထဲ ဖေယာင္းတိုင္တစ္တိုင္ထြန္းၿပီး ေန႔ဂ်င္းညဂ်င္းစီးပြားတက္ပါေစလို႔ ဆုေတာင္းရမယ္။
ဖေယာင္းတိုင္အစိမ္းမကလို႔ ေရာင္စုံထြန္းတာျဖစ္ျဖစ္ မီးထြန္းရင္း ဂါထာ႐ြတ္တာျဖစ္ျဖစ္ အတတ္ဆန္းထြင္ခ်င္သပဆိုလည္း သေဘာ။ လုပ္တတ္ရင္လုပ္၊မပိုင္ရင္ေတာ့ မလုပ္နဲ႔။
အေရးႀကီးဆုံးက ဂ်င္းတက္ေပၚ ဖေယာင္းတိုင္ လုံးဝတင္မထြန္းရဘူး။ဂ်င္းကေန အတက္မထြက္လာရင္ ယၾတာဓာတ္သက္မဝင္လို႔ ယၾတာပ်က္တယ္။ဖေယာင္းတိုင္မီးအပူလည္း မဟပ္ေစနဲ႔။ ဒီတစ္ခ်က္ေတာ့ ဂ႐ုစိုက္ရလိမ့္မယ္။




ဂ်င္းတက္ေပၚဖေယာင္းတိုင္အစိမ္းထြန္းၿပီး လာဘ္ဖြင့္တာက ေနာက္တစ္နည္းရွိေသးသဗ်။ သူ႔ခ်ည္းပဲေတာ့မဟုတ္ဘူး။ေဘးကအကူပစၥည္းေလးေတြကို ဓာတ္မွ်ေအာင္ထည့္ေပးရတယ္။ စာရွည္မွာစိုးလို႔ လုပ္နည္းပဲေရးေတာ့မယ္။ ဒီလိုဗ်ာ။
လိုတာေတြက ေႂကြပန္းကန္ျပားတစ္ခ်ပ္၊ ေက်ာက္စရစ္အျဖဴကိုးလုံး၊ဂ်င္းတစ္တက္၊ ဖေယာင္းတိုင္အစိမ္းတစ္တိုင္၊ေရအနည္းငယ္တို႔ လိုမယ္။
ေက်ာက္စရစ္ခဲေတြကို ေသခ်ာသန႔္စင္ၿပီးေႂကြပန္းကန္ျပားအလယ္မွာ စီစီရီရီထည့္။
ေက်ာက္စရစ္ခဲေပၚကေန ဂ်င္းတစ္တက္ကို တင္။
ေရကို ဂ်င္းအေပၚကေနေလာင္းၿပီး ေက်ာက္စရစ္ခဲ ျမဳပ္ေအာင္ ေႂကြပန္းကန္ျပားထဲထည့္။
သတိျပဳရမွာက ေရက ေက်ာက္စရစ္အကုန္ျမဳပ္ၿပီး ဂ်င္းတက္ကိုထိေနရမယ္။ဂ႐ုစိုက္။




ဂ်င္းတက္ေပၚကေန ဖေယာင္းတိုင္အစိမ္း မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ထြန္းၿပီး ေငြေၾကးဆိုင္ရာအလုပ္ကိစၥဘာညာ ဆုေတာင္းရတယ္။
ယၾတာအသက္ဝင္ေအာင္ ကိုးရက္ဆက္တိုက္ေတာ့ လုပ္ေပးရမယ္။ ယၾတာေလးက ဒါပဲ။
ဂ်င္းနဲ႔ပက္သက္ၿပီး ဆရာႀကီးမင္းသိခၤရဲ႕ ယၾတာတစ္မ်ိဳးလည္း ရွိေသးတယ္။ ဒီယၾတာရဲ႕ အလုပ္လုပ္ပုံကိုေတာ့ က်ေနာ္လည္းနားမလည္ဘူး။ ဒါေပမယ့္ အလုပ္ကေတာ့တစ္ကယ္ျဖစ္တယ္ဗ်။ ဆရာႀကီးရဲ႕သာဝကေတြ ေရးထားခဲ့တဲ့အာေဘာ္အတိုင္းပဲ ျပန္ကူးေရးေပးလိုက္ေတာ့မယ္။
“”မွားတဲ့အမွားေတြက ျပင္လို႔ရတာေတြရွိသလို ျပင္လို႔မရတာ ျပင္ဖို႔ခက္ေနတဲ့ အမွားေတြလည္းရွိတာေပါ့ ဥပမာ စာခ်ဳပ္တစ္ခုခ်ဳပ္ဆိုလက္မွတ္ထိုးတယ္ သက္ေသေတြေရွ႕မွာလုပ္ၿပီး သက္ေသေတြကလည္း လက္မွတ္ထိုးၿပီးၿပီ




အဲ့ဒီမွာ ကိုယ့္အေနနဲ႔ မစဥ္းစားမိလို႔ ျဖစ္ေစ စဥ္းစားမႈနည္းလို႔ျဖစ္ေစ လက္မွတ္ထိုးေလာႀကီးသြားတယ္ စာခ်ဳပ္လက္မွတ္မွားထိုးမိတယ္ အဲ့ဒီလိုျဖစ္ခဲ့ရင္ ျပန္ျပင္ဖို႔ဆိုတာမလြယ္ေတာ့ဘူး အဲ့ဒါဆိုရင္ ယၾတာလုပ္ၿပီးျပန္ျပင္မွျဖစ္မယ္
အဲ့ေတာ့ ေသေသခ်ာခ်ာမွတ္ထား ဘုရားစင္ေပၚမွာ ဂ်င္း(၈)တက္ကို ေႂကြပန္းကန္ျပားေသးေလးတစ္ခုစီမွာ ဂ်င္း(၁)တက္စီတင္ အဲ့ဒီဂ်င္းတက္တစ္ခုစီတိုင္းရဲ႕အေပၚမွာ ဖေယာင္းတိုင္စိုက္ၿပီး ဖေယာင္းတိုင္မီး(၈)တိုင္ပူေဇာ္ၿပီး ဘုရားမွာ စာခ်ဳပ္သစ္ ျပန္ျပင္ၿပီး လက္မွတ္ထိုးႏိုင္ရန္ ဆုေတာင္းရတယ္
အဲ့ဒီယၾတာကို မနက္ပိုင္းတစ္ႀကိမ္ ညေမွာင္ေနတဲ့အခ်ိန္မွာ တစ္ႀကိမ္ ရွစ္ရက္ဆက္တိုက္ျပဳလုပ္ရမယ္ အဲ့ဒါဆိုရင္ေတာ့ ကိုယ့္အေနနဲ႔ စာခ်ဳပ္သစ္ေျပာင္းၿပီးလက္မွတ္ထိုးဖို႔ လြယ္လြယ္ကူကူနဲ႔ေျပာဆိုလို႔ရလိမ့္မယ္ အဲ့ေတာ့ ကိုယ့္ဘက္က နစ္နာစရာရွိတာေတြ မနစ္နာေတာ့ဘူးေပါ့ “”
တျခား ဂ်င္းနဲ႔ပက္သက္တဲ့ ယၾတာေလးငါးမ်ိဳးေတာ့ ေလ့လာမွတ္သားဖူးေသးတယ္။ လက္ေတြ႕မစမ္းသပ္ဖူးေသးလို႔
ေနာက္ေနာင္မ်ားမွပဲ အလ်င္းသင့္သလို ေဖာ္ျပေပးေတာ့မယ္ဗ်ာ။
အခုကေတာ့ စာလည္းအေတာ္ရွည္ၿပီမလို႔ နိဂုံးခ်ဳပ္လိုက္ေတာ့မယ္။
ေကာင္းညိဳစည္သူ_စုစည္းတင္ဆက္သည္