နိုင်ငံကျော် ငွေကြယ်ပွင့် နှစ်ပွင့် ဖြစ်ကြတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီ က အနုပညာလုပ်ငန်းတွေ မှာလည်း ကိုယ်စီအောင်မြင်မှု ရရှိနေသလို သာယာတဲ့ အိမ်ထောင်ရေးကိုလည်း အတူတကွ တည်ဆောက်ထား ကြသူများ ဖြစ်ပါတယ်။




ရွှေထူး နဲ့ ရွှေမှုံရတီက အောင်မြင်တဲ့ အနုပညာလမ်းမပေါ် ကို လျှောက်လှမ်းနေ ကြသလို တစ်ယောက်ရဲ့ အလုပ်တွေမှာလည်း တစ်ယောက် တတ်နိုင်သလောက် ပံ့ပိုးမှုတွေ ပြုလုပ် နေကြတဲ့ ချစ်စရာ ဇနီးမောင်နှံပဲ ဖြစ်ကြပါတယ်။
စစ်မှန်တဲ့ ချစ်ခြင်း အပေါ် အခြေပြုပြီး တည်ဆောက် ထားကြတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေး ကတော့ သာယာဖြောင့်ဖြူး စွာနဲ့ပဲ လူတ ကာက အားကျ ခြင်းခံနေရတာပဲ ဖြစ်ပါတယ်။




ပြီးခဲ့တဲ့နှစ်ကတည်းက အနုပညာအလုပ်တွေရပ်နားထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီဟာ ဒီနေ့မှာတော့ Huawei Flagship Product Launch ပွဲကို အမိုက်စားဖက်ရှင်တွေနဲ့အတူ စုံတွဲတတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ရွှေမှုံရတီ ကတော့ အနုပညာအလုပ်တွေကိုရှေ့ဆက်လုပ်ကိုင်သွားဖို့ကြိုးစားမယ်လို့ အင်တာဗျူးမှာဖြေကြားသွားပါတယ်။ရွှေထူးကလည်း သီချင်းတွေနှင့် MTV တွေထွက်လာဖို့လုပ်ဆောင်နေကြောင်းလည်းပြောခဲ့ပါသေးတယ်နော်




ရွှေထူးနဲ့ ရွှေမှုံရတီ တို့ဇနီးမောင်နှံရဲ့ အနုပညာလှုရှားမှုတွေကိုပြန်လည်မြင်တွေ့ချင်တဲ့ ပရိသတ်တွေအတွက် ဒီသတင်းလေးကိုမျှဝေပေးလိုက်ပါတယ်နော်
Credit Cele Gabar
Zawgyi








Credit