အော်တို ဂီယာအသုံးပြုသူတိုင်း မဖြစ်မနေသိထားသင့်တဲ့ အချက်များ

Knowledge

Unicode
အော်တို ဂီယာအသုံးပြုသူတိုင်း မဖြစ်မနေသိထားသင့်တဲ့ အချက်များ

အော်တိုကားတွေခေတ်စားလာချိန် အော်တို ဂီယာအသုံးပြုသူတိုင်း မဖြစ်မနေသိထားသင့်တဲ့ အချက်များကို ဗဟုသုတဖြစ်စေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

၁။အော်တို ဂီယာအသုံးပြုသူများမြင့်မားသော တောင်အတက်များတွင်အဲယားကွန်း မဖွင့်ပါနှင့်၊တောင်တက်ရန်အတွက် Second ဂီယာဖြစ်သောS, 2 တို့ဖြင့်သာ တောင်တက်ပါ…။D သာပါသော အော်တိုကားများတွင်Manual ပြောင်း၍ တက်သင့်ပါသည်။

ဒီဇယ် Pickup ကားများနှင့်Manual ဂီယာသုံးအိမ်သုံးကားငယ်များတွင်ဂီယာကိုကြိုဒေါင်းပါ…မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါကManual ဂီယာကားများတွင်ကလပ်ပလိတ်ပြားမျက်နှာပြင်များချော်တတ်ပါသည်။

၂။မြင့်မားသောတောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေManual ဂီယာဖြစ်စေ…ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်အနည်းဆုံးဆင်းပါ…။အဆင်းရှည်သော တောင်ဆင်းများတွင်
ဂီယာအသေးဖြစ်သော3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အားကြာရှည်စွာမှေးထားပါကတောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်…ဘရိတ်ပျောက်ပါကဘရိတ်အောက်ကျကာမမိတော့ပါ…။

၃။ဘရိတ်ပျောက်ခဲ့ပါကမစိုးရိမ်ပဲဂီယာဖြင့်ထိန်းရပ်ကာရပ်ပြီးနာရီဝက်ကျော်ခန့်နားလိုက်ပါကဘရိတ်နဂိုကဲ့သို့အပေါ်ပြန်တက်ကာကောင်းသွားပါလိမ့်မည်…။

၄။တောင်တက်တောင်ဆင်းမျက်ကွယ်ကွေ့များတွင်ဟွန်းတီးရန် မမေ့ပါနှင့်…။ဟွန်းသံသည်ကျဉ်းမြောင်းသောတောင်ကွေ့များတွင်နှစ်ဖက်လုံးအတွက်အန္တရယ်ကာကွယ်နိုင်ပါသည်…။

၅။တောင်တက်တောင်ဆင်းချောက်ကမ်းပါးနားကားချင်းကပ်ရှောင်ရာ၌ဘေးကာတန်းနှင့်တိုင်မရှိသောနေရာများတွင်ဖို့မြေသားပေါ်မနင်းပါနှင့်…။မသေချာပါက ရပ်ထားကာ ရှောင်ပါ…ဘယ်မောင်းကားများ မသေချာပါကရပ်ပြီးသာ ရှောင်သင့်ပါသည်…။

၆။တောင်တက်တောင်ဆင်းများတွင်ကားကြီးများကို ဦးစားပေးပါ…ကားကြီးများသည်ဝန်အလေးချိန်များသဖြင့်အချို့နေရာများ ဖို့မြေသားများတွင်ချောက်နုတ်ခမ်းအထိကပ်သွား၍မရပါ…ထို့ကြောင့် ကားကြီးများအား လမ်းဦးစားပေးပါ…။

၇။တောင်တက် တောင်ဆင်းများတွင်တအိအိ တက်ဆင်းနေသောကားကြီးများ အနှောင့်အယှက်ဖြစ်စေရန်ဟွန်း တတီတီ တီး၍ လမ်းမတောင်းပါနှင့်…လမ်းလွတ်သောနေရာများတွင်လမ်းမတောင်းသည့်တိုင်နောက်ကားအားကျော်ရန်နေရာပေးပါလိမ့်မည်…ကျော်မရသောလမ်းကျဉ်းများလမ်းပေးမရသောနေရာများတွင်ဝန်အလေးဖြင့် တက်ဆင်းနေသောကားကြီးများအား ဟွန်းသံဖြင့်အနှောင့် အယှက်မပေးပါနှင့်…။

၈။ရှမ်းအရှေ့ ကိုးကွေ့တောင်ကဲ့သို့အတက်များတွင် ကားကြီးများသည်ညာကွေ့များတွင် ကွေ့၍ မလွတ်သောကြောင့်ဘယ်ဘက်ယာဉ်ကြောမှ ပန်းကွေ့တတ်ပါသည်…ထို့ကြောင့် ကျဉ်းမြောင်းသော အကွေ့များတွင်ကားကြီး ဘယ်ကြောယူကွေ့ပါကကားငယ်များ ဘယ်ကြောမှဖြေးညှင်းစွာဆင်း၍ လမ်းပေးပါ…။

၉။ဝန်အလေးတင်ထားသော ကားကြီးများသည်ရပ်ပြီးမှအကွေ့တင်ပြန်တက်ပါကအခန့်မသင့်ပါက နောက်ကရောင်းကြွေခြင်း…ကလပ်ပလိတ်ကုန်ခြင်း…ရှပ်များကျိုးခြင်းဖြစ်တတ်ပါသည်…

၁၀။တောင်တက်များတွင်ဖြေးဖြေးမှန်မှန်သာတက်ခြင်းသည်ကားအင်ဂျင်ကိုဝန်ရုန်းရသက်သာစေပြီး အန္တရာယ်ကင်းပါသည်…အတက်အကွေ့များတွင်ချောက်ကမ်းပါးဘက်မှပန်းကွေ့ရပါကအရှိန်ကြိူလျော့ထားပါ…အကွေ့မနိုင်ပါကတစ်ဘက်ချောက်နုတ်ခမ်းအထိပါသွားတတ်ကာအန္တရာယ်ရှိပါသည်။

၁၁။တောင်တက်တောင်ဆင်းများတွင်မိတ်ဆွေတို့ကားများခေတ္တနားလိုပါကမျက်ကွယ်ကွေ့နေရာများနှင့်လမ်ကျဉ်းသောနေရာများကိုရှောင်ပြီးလမ်းကျယ်သောနေရာတွင်သာနားပါ…။

၁၂။မည်မျှမြင့်မားသောတောင်ပင်ဖြစ်ပါစေ…အိမ်စီးကားများသည်ရပ်ပြီးပြန်တက်ရာတွင်ယခုခေတ်ကားများသည်သာသာယာယာပင်တက်နိုင်ကြပါသည်…ဒါကြောင့်မသေချာသောနေရာများတွင်ရပ်ပြီး ရှောင်ပေးပါ…။

မိတ်ဆွေကားအန္တရာယ်ကင်းအောင်မောင်းပြီးအခြားကားများလည်းအန္တရယ်မဖြစ်အောင်ဂရုပြု မောင်းနှင်ပေးပါရန် လိုအပ်ပါသည်…

ခရီးမထွက်ခင်…ပန်ကာကြိုး…အင်ဂျင်ဝိုင်…ဂီယာဝိုင်…ဘရိတ်ဆီ…ရေတိုင်ကီ Coolant…ပါဝါဆီ…ရေသုတ်တံနှင့် မှန်ဆေးရည်…ကားဟွန်း…တိုင်မင်ကြိုး…ဘရိတ်ရှုးနှင့် အောက်ပိုင်းစစ်ဆေးရန်မမေ့ပါနှင့်…။

လေစစ်များ မကောင်းပါကအသစ်လဲလှယ်ပြီးမှ ခရီးထွက်ပါ…

ကား တာယာရက်စွဲများကိုခရီးမထွက်ခင်အသေအချာစစ်ဆေးပါ…တာယာပန်း ကောင်းမကောင်း စစ်ဆေးပါ…တာယာရက်စွဲသည် ၄ နှစ်ခန့်အထိသာစိတ်ချရပါသည်။

ချစ်မိတ်ဆွေများအားလုံးလိုရာခရီးသို့ ချောမောစွာရောက်ကြပါစေ…။

Zawgyi

ေအာ္တို ဂီယာအသုံးျပဳသူတိုင္း မျဖစ္မေနသိထားသင့္တဲ့ အခ်က္မ်ား

ေအာ္တိုကားေတြေခတ္စားလာခ်ိန္ ေအာ္တို ဂီယာအသုံးျပဳသူတိုင္း မျဖစ္မေနသိထားသင့္တဲ့ အခ်က္မ်ားကို ဗဟုသုတျဖစ္ေစဖို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

၁။ေအာ္တို ဂီယာအသုံးျပဳသူမ်ားျမင့္မားေသာ ေတာင္အတက္မ်ားတြင္အဲယားကြန္း မဖြင့္ပါႏွင့္၊ေတာင္တက္ရန္အတြက္ Second ဂီယာျဖစ္ေသာS, 2 တို႔ျဖင့္သာ ေတာင္တက္ပါ…။D သာပါေသာ ေအာ္တိုကားမ်ားတြင္Manual ေျပာင္း၍ တက္သင့္ပါသည္။

ဒီဇယ္ Pickup ကားမ်ားႏွင့္Manual ဂီယာသုံးအိမ္သုံးကားငယ္မ်ားတြင္ဂီယာကိုႀကိဳေဒါင္းပါ…မႏိုင္ေသာဂီယာႏွင့္ အတင္းဆြဲတက္ပါကManual ဂီယာကားမ်ားတြင္ကလပ္ပလိတ္ျပားမ်က္ႏွာျပင္မ်ားေခ်ာ္တတ္ပါသည္။

၂။ျမင့္မားေသာေတာင္အဆင္းတြင္လည္း ေအာ္တိုဂီယာျဖစ္ေစManual ဂီယာျဖစ္ေစ…ဂီယာႀကီးျဖစ္ေသာ S, 2 စေသာ ဂီယာႀကီးျဖင့္အနည္းဆုံးဆင္းပါ…။အဆင္းရွည္ေသာ ေတာင္ဆင္းမ်ားတြင္
ဂီယာအေသးျဖစ္ေသာ3, 4, D ျဖင့္ဆင္းၿပီး ဘရိတ္အားၾကာရွည္စြာေမွးထားပါကေတာင္ဆင္းတြင္ ဘရိတ္ေပ်ာက္တတ္ပါသည္…ဘရိတ္ေပ်ာက္ပါကဘရိတ္ေအာက္က်ကာမမိေတာ့ပါ…။

၃။ဘရိတ္ေပ်ာက္ခဲ့ပါကမစိုးရိမ္ပဲဂီယာျဖင့္ထိန္းရပ္ကာရပ္ၿပီးနာရီဝက္ေက်ာ္ခန္႔နားလိုက္ပါကဘရိတ္နဂိုကဲ့သို႔အေပၚျပန္တက္ကာေကာင္းသြားပါလိမ့္မည္…။

၄။ေတာင္တက္ေတာင္ဆင္းမ်က္ကြယ္ေကြ႕မ်ားတြင္ဟြန္းတီးရန္ မေမ့ပါႏွင့္…။ဟြန္းသံသည္က်ဥ္းေျမာင္းေသာေတာင္ေကြ႕မ်ားတြင္ႏွစ္ဖက္လုံးအတြက္အႏၲရယ္ကာကြယ္ႏိုင္ပါသည္…။

၅။ေတာင္တက္ေတာင္ဆင္းေခ်ာက္ကမ္းပါးနားကားခ်င္းကပ္ေရွာင္ရာ၌ေဘးကာတန္းႏွင့္တိုင္မရွိေသာေနရာမ်ားတြင္ဖို႔ေျမသားေပၚမနင္းပါႏွင့္…။မေသခ်ာပါက ရပ္ထားကာ ေရွာင္ပါ…ဘယ္ေမာင္းကားမ်ား မေသခ်ာပါကရပ္ၿပီးသာ ေရွာင္သင့္ပါသည္…။

၆။ေတာင္တက္ေတာင္ဆင္းမ်ားတြင္ကားႀကီးမ်ားကို ဦးစားေပးပါ…ကားႀကီးမ်ားသည္ဝန္အေလးခ်ိန္မ်ားသျဖင့္အခ်ိဳ႕ေနရာမ်ား ဖို႔ေျမသားမ်ားတြင္ေခ်ာက္ႏုတ္ခမ္းအထိကပ္သြား၍မရပါ…ထို႔ေၾကာင့္ ကားႀကီးမ်ားအား လမ္းဦးစားေပးပါ…။

၇။ေတာင္တက္ ေတာင္ဆင္းမ်ားတြင္တအိအိ တက္ဆင္းေနေသာကားႀကီးမ်ား အေႏွာင့္အယွက္ျဖစ္ေစရန္ဟြန္း တတီတီ တီး၍ လမ္းမေတာင္းပါႏွင့္…လမ္းလြတ္ေသာေနရာမ်ားတြင္လမ္းမေတာင္းသည့္တိုင္ေနာက္ကားအားေက်ာ္ရန္ေနရာေပးပါလိမ့္မည္…ေက်ာ္မရေသာလမ္းက်ဥ္းမ်ားလမ္းေပးမရေသာေနရာမ်ားတြင္ဝန္အေလးျဖင့္ တက္ဆင္းေနေသာကားႀကီးမ်ားအား ဟြန္းသံျဖင့္အေႏွာင့္ အယွက္မေပးပါႏွင့္…။

၈။ရွမ္းအေရွ႕ ကိုးေကြ႕ေတာင္ကဲ့သို႔အတက္မ်ားတြင္ ကားႀကီးမ်ားသည္ညာေကြ႕မ်ားတြင္ ေကြ႕၍ မလြတ္ေသာေၾကာင့္ဘယ္ဘက္ယာဥ္ေၾကာမွ ပန္းေကြ႕တတ္ပါသည္…ထို႔ေၾကာင့္ က်ဥ္းေျမာင္းေသာ အေကြ႕မ်ားတြင္ကားႀကီး ဘယ္ေၾကာယူေကြ႕ပါကကားငယ္မ်ား ဘယ္ေၾကာမွေျဖးညႇင္းစြာဆင္း၍ လမ္းေပးပါ…။

၉။ဝန္အေလးတင္ထားေသာ ကားႀကီးမ်ားသည္ရပ္ၿပီးမွအေကြ႕တင္ျပန္တက္ပါကအခန္႔မသင့္ပါက ေနာက္ကေရာင္းေႂကြျခင္း…ကလပ္ပလိတ္ကုန္ျခင္း…ရွပ္မ်ားက်ိဳးျခင္းျဖစ္တတ္ပါသည္…

၁၀။ေတာင္တက္မ်ားတြင္ေျဖးေျဖးမွန္မွန္သာတက္ျခင္းသည္ကားအင္ဂ်င္ကိုဝန္႐ုန္းရသက္သာေစၿပီး အႏၲရာယ္ကင္းပါသည္…အတက္အေကြ႕မ်ားတြင္ေခ်ာက္ကမ္းပါးဘက္မွပန္းေကြ႕ရပါကအရွိန္ႀကိဴေလ်ာ့ထားပါ…အေကြ႕မႏိုင္ပါကတစ္ဘက္ေခ်ာက္ႏုတ္ခမ္းအထိပါသြားတတ္ကာအႏၲရာယ္ရွိပါသည္။

၁၁။ေတာင္တက္ေတာင္ဆင္းမ်ားတြင္မိတ္ေဆြတို႔ကားမ်ားေခတၱနားလိုပါကမ်က္ကြယ္ေကြ႕ေနရာမ်ားႏွင့္လမ္က်ဥ္းေသာေနရာမ်ားကိုေရွာင္ၿပီးလမ္းက်ယ္ေသာေနရာတြင္သာနားပါ…။

၁၂။မည္မွ်ျမင့္မားေသာေတာင္ပင္ျဖစ္ပါေစ…အိမ္စီးကားမ်ားသည္ရပ္ၿပီးျပန္တက္ရာတြင္ယခုေခတ္ကားမ်ားသည္သာသာယာယာပင္တက္ႏိုင္ၾကပါသည္…ဒါေၾကာင့္မေသခ်ာေသာေနရာမ်ားတြင္ရပ္ၿပီး ေရွာင္ေပးပါ…။

မိတ္ေဆြကားအႏၲရာယ္ကင္းေအာင္ေမာင္းၿပီးအျခားကားမ်ားလည္းအႏၲရယ္မျဖစ္ေအာင္ဂ႐ုျပဳ ေမာင္းႏွင္ေပးပါရန္ လိုအပ္ပါသည္…

ခရီးမထြက္ခင္…ပန္ကာႀကိဳး…အင္ဂ်င္ဝိုင္…ဂီယာဝိုင္…ဘရိတ္ဆီ…ေရတိုင္ကီ Coolant…ပါဝါဆီ…ေရသုတ္တံႏွင့္ မွန္ေဆးရည္…ကားဟြန္း…တိုင္မင္ႀကိဳး…ဘရိတ္ရႈးႏွင့္ ေအာက္ပိုင္းစစ္ေဆးရန္မေမ့ပါႏွင့္…။

ေလစစ္မ်ား မေကာင္းပါကအသစ္လဲလွယ္ၿပီးမွ ခရီးထြက္ပါ…

ကား တာယာရက္စြဲမ်ားကိုခရီးမထြက္ခင္အေသအခ်ာစစ္ေဆးပါ…တာယာပန္း ေကာင္းမေကာင္း စစ္ေဆးပါ…တာယာရက္စြဲသည္ ၄ ႏွစ္ခန္႔အထိသာစိတ္ခ်ရပါသည္။

ခ်စ္မိတ္ေဆြမ်ားအားလုံးလိုရာခရီးသို႔ ေခ်ာေမာစြာေရာက္ၾကပါေစ…။

Leave a Reply

Your email address will not be published.