







အမေး – လျှပ်စီးတွေ လက်နေတဲ့အခါ ပြောနေတဲ့ ဖုန်းထဲကို လေထဲကနေ တဆင့် လျှပ်စီး မဝင်လာနိုင်ဘူးလား
အဖြေ – မဝင်နိုင်ပါဘူး လေဆိုတာ လျှပ်စီးကို ညှို့ယူနိုင်တဲ့ သတ္တိမရှိပါဘူး




အမေး – တာဝါတိုင်ကို မိုးကြိုး ပစ်လိုက်ရင်ကော အဲဒီလျှပ်စီးက ကိုယ်ပြောနေတဲ့ ဖုန်းထဲကို မဝင်လာနိုင်ဘူးလား
အဖြေ – ဝင်မလာနိုင်ပါဘူး တာဝါတိုင်ကို မိုးကြိုးပစ်ခဲ့လို့ Grounding မကောင်းခဲ့ရင်တောင် တာဝါတိုင်ကိုပဲ ထိခိုက်သွားမှာပါ။ အပေါ်က ပြောခဲ့သလို လေထဲကနေတဆင့် လျှပ်စီးကို မသယ်ဆောင်နိုင်ပါဘူး




အမေး – ဖုန်းဆိုတဲ့ လိုင်းဖမ်းယူဖို့ သုံးတဲ့ ပစ္စည်းက မိုးကြိုးကို သူ့ဆီရောက်လာအောင် မဆွဲဆောင်နိုင်ဘူးလား
အဖြေ – ဖုန်း ဆိုတာက သတ်မှတ်ထားတဲ့ Radio Frequency ကို ဆွဲဆောင်ဖို့သာ သုံးတာဖြစ်ပါတယ်။ လျှပ်စစ်ကို လေကနေ တစ်ဆင့် ဖမ်းယူဖို့ မဟုတ်ပါဘူး။ Metal နဲ့ ပြုလုပ်ထားတာမို့
အလွန်နီးကပ်တဲ့ လျှပ်စစ် စက်ကွင်းကို ဖမ်းယူဖို့တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရွယ်အစား သေးငယ်လွန်းပြီး Metal ပါဝင်မှု အလွန်နည်းပါးတာကြောင့် သူ့ဘေးမှာ တစ်ခြား အရွယ်အစားကြီးမားတဲ့ Metal တွေသာ ရှိနေခဲ့ရင် သူကိုယ်တိုင်လျှပ်စီးကို ဖမ်းယူဖို့ မိုးကြိုးပစ်ခံရဖို့ ရာခိုင်နှုန်း အင်မတန် နည်းပါးပါတယ် Crd








Crd