ထိုင်းနိုင်ငံမှ ၂၄ ဘီးတွဲကားနှင့်မြန်မာနိုင်ငံမှဆိုင်ကယ်တို့ တာချီလိတ်မြို့တွင်တိုက်မိ……..

News

Unicode

ထိုင်းနိုင်ငံမှ ၂၄ ဘီးတွဲကားနှင့်မြန်မာနိုင်ငံမှဆိုင်ကယ်တို့ တာချီလိတ်မြို့တွင်တိုက်မိ၍ ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးသေဆုံး

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ရန်အောင်မြေရပ် ကွက်(ပါလျံ(၃)ရပ်ကွက်)တွင် ဖေဖော်ဝါရီ ၁၁ ရက်ညနေပိုင်းက

ဖြစ်ပွားခဲ့ခြင်းဖြစ်ကြာင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

 

ယမန်နေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က တာချီလိတ်မြို့၊ရန်အောင်မြေရပ်ကွက်(ပါလျံ(၃)ရပ်ကွက်) တွင်

ထိုင်းနိုင်ငံမှ ၂၄ ဘီးတွဲကားနှင့်ကျိုင်းတုံနောင်ခေကျေးရွာနေ မနန်းဟွမ်ဖောင်း(၃၆)နှစ်မောင်းလာသည့်ဆိုင်ကယ်တို့ တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းလာသည့် မနန်းဟွမ်ဖောင်းသည် ခြေထောက်၊ကျော/ဝမ်း ဗိုက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ

အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

“ယာဉ်တိုက်မှုဖြစ်တဲ့နေရာက ယာဉ်ထိန်းရုံးရှေ့မှာပဲ ယာဉ်ထိန်းတပ်ဖွဲ့က အကူအညီတောင်းလို့သွားပြီးကူညီပေးခဲ့ပါတယ်

ကလေးမလေးက ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သေဆုံးသွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရှမ်အရှေ့သတင်းမဏ္ဍိုင်/ဦးလှမိုးအသင်း

Zawgyi

ထိုင္းႏိုင္ငံမွ ၂၄ ဘီးတြဲကားႏွင့္ျမန္မာႏိုင္ငံမွဆိုင္ကယ္တို႔ တာခ်ီလိတ္ၿမိဳ႕တြင္တိုက္မိ၍ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ိဳးသမီးေသဆုံး

ရွမ္းျပည္နယ္၊တာခ်ီလိတ္ၿမိဳ႕၊ရန္ေအာင္ေျမရပ္ ကြက္(ပါလ်ံ(၃)ရပ္ကြက္)တြင္ ေဖေဖာ္ဝါရီ ၁၁ ရက္ညေနပိုင္းက

ျဖစ္ပြားခဲ့ျခင္းျဖစ္ၾကာင္း ဦးလွမိုး(တာခ်ီလိတ္)လူမႈကူညီေရးအသင္းမွ သိရသည္။

ယမန္ေန႔ညေန ၄ နာရီ ၄၅ မိနစ္ခန႔္က တာခ်ီလိတ္ၿမိဳ႕၊ရန္ေအာင္ေျမရပ္ကြက္(ပါလ်ံ(၃)ရပ္ကြက္) တြင္

ထိုင္းႏိုင္ငံမွ ၂၄ ဘီးတြဲကားႏွင့္က်ိဳင္းတုံေနာင္ေခေက်း႐ြာေန မနန္းဟြမ္ေဖာင္း(၃၆)ႏွစ္ေမာင္းလာသည့္ဆိုင္ကယ္တို႔ တိုက္မိခဲ့ေၾကာင္း သိရသည္။

ထိုသို႔ တိုက္မိမႈေၾကာင့္ ဆိုင္ကယ္ေမာင္းလာသည့္ မနန္းဟြမ္ေဖာင္းသည္ ေျခေထာက္၊ေက်ာ/ဝမ္း ဗိုက္တို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိကာ

အခင္းျဖစ္ေနရာ၌ေသဆုံးသြားခဲ့ေၾကာင္း ဦးလွမိုး(တာခ်ီလိတ္)လူမႈကူညီေရးအသင္းမွ သိရသည္။

“ယာဥ္တိုက္မႈျဖစ္တဲ့ေနရာက ယာဥ္ထိန္း႐ုံးေရွ႕မွာပဲ ယာဥ္ထိန္းတပ္ဖြဲ႕က အကူအညီေတာင္းလို႔သြားၿပီးကူညီေပးခဲ့ပါတယ္

ကေလးမေလးက ဒဏ္ရာျပင္းျပင္းထန္ထန္ရၿပီး ေသဆုံးသြားတာပါ”ဟု လူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

ေသဆုံးသူ၏ ႐ုပ္အေလာင္းအား ဦးလွမိုး(တာခ်ီလိတ္)လူမႈကူညီေရးအသင္းမွ တာခ်ီလိတ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

Photo-ရွမ္အေရွ႕သတင္းမ႑ိဳင္/ဦးလွမိုးအသင္း

Leave a Reply

Your email address will not be published.