လက္ခဏာပညာမှာ ဒါမြင်ဒါဟောစနစ်ရှိသလို ဆက်စပ်စဉ်းစား တွေခေါ်ဟောရတာတွေလည်း ရှိပါတယ်
နုစဉ်အခါမှာတော့ ဒါမြင်ဒါဟောစနစ်နဲ့ စရတော့တာဘဲ ယနေ့ထက်ထိ မမေ့နိုင်သော အဖြစ်အပျက်ကလေးတစ်ခုကို မျက်လုံးထဲမှာစွဲငြိကျန်ရစ်နေပေသေးတော့သည်
၁၉၇၉ခုရဲ ့နွေတစ်နေ့ ပုစဉ်းရင်ကွဲတွေကလည်း ကုက္ကိုပင်ထက်မှ ရင်ကွဲမတတ် အော်နေပေရာနားငြီးမခံတတ်သူကျွန်ုပ်အဖို့ စိတ်ညစ်ညူးစရာပင် ဖြစ်တော့သည် ကျွန်ပ်ဟာ မြစ်ငယ်မြို့ သီတာရပ်ကွက်ရဲ့ လေဘာရုံးနောက်ကျောဘက်က အိမ်ကလေးတစ်ခုရဲ့ ဝရံတာကိုမှီပြီး ရပ်လျှက် လက္ခဏာစာအုပ်တစ်အုပ်ကိုသဲကြီးမဲကြီးဖတ်နေချိန်မှာ
“ရွှေမင်း ငါ့ကိုလက္ခဏာကြည့်ပေး “ဟုအမျိုးသမီးတစ်ဦးက ပြောလိုက်လို့ နောက်ကိုလှည့်ကြည့်မိသည် သူမသည် အိမ်ထောင်ရှိပြီး ကျွန်တော့်ထက်အနည်း ငယ်အသက်ကြီးသော်လည်း သဘာကြီးလို့ ကျွန်ုပ်ကို ရွှေမင်းလို့ခေါ်လိုက်ခြင်းပင် သူမသည် ကျွန်ုပ်လက္ခဏာဝါသနာပါတာကို သိသော်လည်း လက္ခဏာဗေဒင်ကိုအယုံကြည်နည်းသောကြောင့် ယခုလက္ခဏာကြည့်ခိုင်းသဖြင့် ကျွန်ုပ်လည်း အံ့အားသင့် မိတော့သည်
ထို့နောက် သူမနှင့် မျက်နှာချင်းဆိုင်ပြီး ဝရံတာပေါ်က သူမကိုကြည့်လိုက်သည် လှေခါးသုံးထစ်တက်ရသည့် ဝရံတာပါခပြင်မှ သူမလက်ကို ကြည့်ရသည်ကျွန်ုပ်က အပေါ်စီးမှနေ၍ သူမှကမြေပြင်ပေါ်က လက်ဝါးနှစ်ဖက်ကို အထက်သို့မြှောက်ကာ ဖြန့်ကာ ခေါင်းမော့ထားပြီး ကျွန်ုပ်အားသူမ၏ လက္ခဏာကိုပြလေသည်
ထိုအချိန်၌ ဖားလျားချထားသော ကပိုကရိုဆံနွယ်လေးပေါ်က ပန်ထားသော တစ်ပွင့်တည်းသော တရုပ်စကားပန်းလေးသည် ဦးခေါင်းမော့ထားသဖြင့်မြေပြင်သို့ လျောကျသွားလေတော့သည် သူမ၏လက်ဝါးပြင်ရှိ အိမ်ထောင်ရေးလမ်းကြောင်းသည် လတ်ဆတ်ထင်ရှားလျှက်ရှိသည်
သူမ၏ အိမ်ထောင်ရေးလမ်းကြောင်းသည် ပုံပါအတိုင်း အောက်သို့ငိုက်ဆင်းလာပြီး နှလုံးလမ်းကြောင်းကို ထိလျှက်ရှိသည် ဤအချင်းအရာက သူမ၏ အိမ်ထောင်ဖက်သည် များမကြာခင် သေဆုံးတော့မည်ကို ဖွင့်ဟလျှက်ရှိသည်
သူမ၏ခင်ပွန်းသည် သည်လည်း လတ်တလော ဆေးရုံတက်လျှက်ရှိသည် သူမ၏ခင်ပွန်းသည်သည် ဧကန်မုချ သေဆုံးတော့မည်ဖြစ်သည် သူမ၏ဦးခေါင်းထက်က တစ်ပွင့်တည်းသော တရုပ်စကားပန်းလေးက မြေခခဲ့ခြင်းက သူမခင်ပွန်းသည် သေဆုံးမည့် နမိတ်ဖြစ်သလို ရင်ကွဲမတတ် အော်ဟစ်နေကြသောပန်းစဉ်းရင်ကွဲများက သူမရင်ကွဲရတော့မည်ကို နမိတ်ပေးနေလေပြီ
ကျွန်ုုပ်လည်း မဆိုင်မတွပင် “မမယောကျာင်္းဒီတောင်ကကျော်ဖို့ မမြင်ဘူးလိုတွေ့ရတယ်”ဟု ဟောလိုက်တော့သည် သူမအနည်းငယ် တွေဝေသွားသည်ပြီးတော့ သေသေချာချာကြည့်ပေးပါအုံးဟဲ့ လို့ သူမကပြောလေသည်
ကျွန်ုပ်သည်အတန်ငယ်ပြန်လည်ကြည့်ရှုပြီး ကျွန်ုပ်၏ဟောချက်သည် အပြောင်းအလဲမရှိပါဟု ပြောလိုက်သည် သူမသည် ကျေးဇူးတင်ကြောင်း ပြောပြီးကျွန်ုပ်၏မျက်စိအောက်မှ တရွေ့ရွေ့ ထွက်ခွာသွားလေတော့သည် နောက်တစ်နေ့ညနေ၌ သူမ၏လက်ယောကျင်္ား သေဆုံးကြောင်းကြားသိရတော့သည်
နောက်နှစ်ပေါင်း၂၃နှစ်အကြာ ကျွန်ုပ်၏ဟောခန်းသို့ သူမရောက်လာခဲ့သည် ပထမအိမ်ထောင်နှင့် သားသမီးမရခဲ့ ယခုဒုတိယအိမ်ထောင်နင့်ရသော ဒုတိယသမီးလေးက ရတနာပုံတက္ကသိုလ်၌ တက်နေသဖြင့်လာကြိုခြင်း ဟုသူမကဆိုသည်
“နင်ဗေဒင်ဆရာဖြစ်မယ်ဆိုတာ ငါကြိုသိပြီးသားပါ နင်အောင်မြင်မယ်ဆိုတာ ငါယုံကြည်တယ် အခုငါ့လက္ခဏာပြန်ကြည့်ပေးအုံး”ဟုဆို၍ သူမ၏လက္ခဏာကို ကြည့်ပေးရတော့သည်
လွန်ခဲ့သော၂၃နှစ်က မုဆိုးဖိုမုဆိုးမအိမ်ထောင်ရေး လမ်းကြောင်းသည် မရှိတော့ပြီ သူမအကြောင်းကို မသိရင် သူမဟာ မုဆိုးမတစ်ယောက်ဖြစ်ခဲ့ကြောင်းကိုတပ်အပ်သေချာ ပြောဖို့ခက်ခဲပေလိမ့်မည် ယေဓမ္မာဟေတုပ္ပဘဝါ အကြင်တရားစုတို့သည် အကြောင်းသာလျှင်အမွန်အစဖြစ်ကုန်၏…
ဆရာရွှေမင်း လက္ခဏာပါရဂူ ဝ၉-၇၉၀၄၀၀၄၆၄
Zawgyi
လကၡဏာပညာမွာ ဒါျမင္ဒါေဟာစနစ္ရွိသလို ဆက္စပ္စဥ္းစား ေတြေခၚေဟာရတာေတြလည္း ရွိပါတယ္
ႏုစဥ္အခါမွာေတာ့ ဒါျမင္ဒါေဟာစနစ္နဲ႔ စရေတာ့တာဘဲ ယေန႔ထက္ထိ မေမ့နိုင္ေသာ အျဖစ္အပ်က္ကေလးတစ္ခုကို မ်က္လုံးထဲမွာစြဲၿငိက်န္ရစ္ေနေပေသးေတာ့သည္
၁၉၇၉ခုရဲ ့ေႏြတစ္ေန႔ ပုစဥ္းရင္ကြဲေတြကလည္း ကုကၠိဳပင္ထက္မွ ရင္ကြဲမတတ္ ေအာ္ေနေပရာနားၿငီးမခံတတ္သူကၽြန္ုပ္အဖို႔ စိတ္ညစ္ညဴးစရာပင္ ျဖစ္ေတာ့သည္ ကၽြန္ပ္ဟာ ျမစ္ငယ္ၿမိဳ႕ သီတာရပ္ကြက္ရဲ့ ေလဘာ႐ုံးေနာက္ေက်ာဘက္က အိမ္ကေလးတစ္ခုရဲ့ ဝရံတာကိုမွီၿပီး ရပ္လၽွက္ လကၡဏာစာအုပ္တစ္အုပ္ကိုသဲႀကီးမဲႀကီးဖတ္ေနခ်ိန္မွာ
“ေရႊမင္း ငါ့ကိုလကၡဏာၾကည့္ေပး “ဟုအမ်ိဳးသမီးတစ္ဦးက ေျပာလိုက္လို႔ ေနာက္ကိုလွည့္ၾကည့္မိသည္ သူမသည္ အိမ္ေထာင္ရွိၿပီး ကၽြန္ေတာ့္ထက္အနည္း ငယ္အသက္ႀကီးေသာ္လည္း သဘာႀကီးလို႔ ကၽြန္ုပ္ကို ေရႊမင္းလို႔ေခၚလိုက္ျခင္းပင္ သူမသည္ ကၽြန္ုပ္လကၡဏာဝါသနာပါတာကို သိေသာ္လည္း လကၡဏာေဗဒင္ကိုအယုံၾကည္နည္းေသာေၾကာင့္ ယခုလကၡဏာၾကည့္ခိုင္းသျဖင့္ ကၽြန္ုပ္လည္း အံ့အားသင့္ မိေတာ့သည္
ထို႔ေနာက္ သူမႏွင့္ မ်က္ႏွာခ်င္းဆိုင္ၿပီး ဝရံတာေပၚက သူမကိုၾကည့္လိုက္သည္ ေလွခါးသုံးထစ္တက္ရသည့္ ဝရံတာပါချပင္မွ သူမလက္ကို ၾကည့္ရသည္ကၽြန္ုပ္က အေပၚစီးမွေန၍ သူမွကေျမျပင္ေပၚက လက္ဝါးႏွစ္ဖက္ကို အထက္သို႔ေျမႇာက္ကာ ျဖန႔္ကာ ေခါင္းေမာ့ထားၿပီး ကၽြန္ုပ္အားသူမ၏ လကၡဏာကိုျပေလသည္
ထိုအခ်ိန္၌ ဖားလ်ားခ်ထားေသာ ကပိုကရိုဆံႏြယ္ေလးေပၚက ပန္ထားေသာ တစ္ပြင့္တည္းေသာ တ႐ုပ္စကားပန္းေလးသည္ ဦးေခါင္းေမာ့ထားသျဖင့္ေျမျပင္သို႔ ေလ်ာက်သြားေလေတာ့သည္ သူမ၏လက္ဝါးျပင္ရွိ အိမ္ေထာင္ေရးလမ္းေၾကာင္းသည္ လတ္ဆတ္ထင္ရွားလၽွက္ရွိသည္
သူမ၏ အိမ္ေထာင္ေရးလမ္းေၾကာင္းသည္ ပုံပါအတိုင္း ေအာက္သို႔ငိုက္ဆင္းလာၿပီး ႏွလုံးလမ္းေၾကာင္းကို ထိလၽွက္ရွိသည္ ဤအခ်င္းအရာက သူမ၏ အိမ္ေထာင္ဖက္သည္ မ်ားမၾကာခင္ ေသဆုံးေတာ့မည္ကို ဖြင့္ဟလၽွက္ရွိသည္
သူမ၏ခင္ပြန္းသည္ သည္လည္း လတ္တေလာ ေဆး႐ုံတက္လၽွက္ရွိသည္ သူမ၏ခင္ပြန္းသည္သည္ ဧကန္မုခ် ေသဆုံးေတာ့မည္ျဖစ္သည္ သူမ၏ဦးေခါင္းထက္က တစ္ပြင့္တည္းေသာ တ႐ုပ္စကားပန္းေလးက ေျမခခဲ့ျခင္းက သူမခင္ပြန္းသည္ ေသဆုံးမည့္ နမိတ္ျဖစ္သလို ရင္ကြဲမတတ္ ေအာ္ဟစ္ေနၾကေသာပန္းစဥ္းရင္ကြဲမ်ားက သူမရင္ကြဲရေတာ့မည္ကို နမိတ္ေပးေနေလၿပီ
ကၽြန္ုုပ္လည္း မဆိုင္မတြပင္ “မမေယာက်ာၤးဒီေတာင္ကေက်ာ္ဖို႔ မျမင္ဘူးလိုေတြ႕ရတယ္”ဟု ေဟာလိုက္ေတာ့သည္ သူမအနည္းငယ္ ေတြေဝသြားသည္ၿပီးေတာ့ ေသေသခ်ာခ်ာၾကည့္ေပးပါအုံးဟဲ့ လို႔ သူမကေျပာေလသည္
ကၽြန္ုပ္သည္အတန္ငယ္ျပန္လည္ၾကည့္ရႈၿပီး ကၽြန္ုပ္၏ေဟာခ်က္သည္ အေျပာင္းအလဲမရွိပါဟု ေျပာလိုက္သည္ သူမသည္ ေက်းဇူးတင္ေၾကာင္း ေျပာၿပီးကၽြန္ုပ္၏မ်က္စိေအာက္မွ တေရြ႕ေရြ႕ ထြက္ခြာသြားေလေတာ့သည္ ေနာက္တစ္ေန႔ညေန၌ သူမ၏လက္ေယာက်ၤား ေသဆုံးေၾကာင္းၾကားသိရေတာ့သည္
ေနာက္ႏွစ္ေပါင္း၂၃ႏွစ္အၾကာ ကၽြန္ုပ္၏ေဟာခန္းသို႔ သူမေရာက္လာခဲ့သည္ ပထမအိမ္ေထာင္ႏွင့္ သားသမီးမရခဲ့ ယခုဒုတိယအိမ္ေထာင္နင့္ရေသာ ဒုတိယသမီးေလးက ရတနာပုံတကၠသိုလ္၌ တက္ေနသျဖင့္လာႀကိဳျခင္း ဟုသူမကဆိုသည္
“နင္ေဗဒင္ဆရာျဖစ္မယ္ဆိုတာ ငါႀကိဳသိၿပီးသားပါ နင္ေအာင္ျမင္မယ္ဆိုတာ ငါယုံၾကည္တယ္ အခုငါ့လကၡဏာျပန္ၾကည့္ေပးအုံး”ဟုဆို၍ သူမ၏လကၡဏာကို ၾကည့္ေပးရေတာ့သည္
လြန္ခဲ့ေသာ၂၃ႏွစ္က မုဆိုးဖိုမုဆိုးမအိမ္ေထာင္ေရး လမ္းေၾကာင္းသည္ မရွိေတာ့ၿပီ သူမအေၾကာင္းကို မသိရင္ သူမဟာ မုဆိုးမတစ္ေယာက္ျဖစ္ခဲ့ေၾကာင္းကိုတပ္အပ္ေသခ်ာ ေျပာဖို႔ခက္ခဲေပလိမ့္မည္ ေယဓမၼာေဟတုပၸဘဝါ အၾကင္တရားစုတို႔သည္ အေၾကာင္းသာလၽွင္အမြန္အစျဖစ္ကုန္၏…
ဆရာေရႊမင္း လကၡဏာပါရဂူ ဝ၉-၇၉၀၄၀၀၄၆၄
Credit