ပရိသတ်တွေအကြီးအကျယ် သဘောကျ အားကျနေခဲ့ရတဲ့ နက္ခတ်တို့ ဇနီးမောင်နှံရဲ့ ဗီဒီယိုလေး

Cele News

ပရိသတ်ကြီးရေ နက္ခတ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေများစွာရရှိထားပြီး ချစ်ရတဲ့မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

နက္ခတ်ကတော့ ဇနီးချောလေးနဲ့ ချစ်စရာကောင်းလှတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပြီး မိသားစုလိုက်ကို ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိထားခဲ့ပါတယ်။ လတ်တလောမှာတော့ နက္ခတ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဇနီးနဲ့အတူတူရိုက်ကူးထားတဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။ ဇနီးသည်နဲ့အတူ လမ်းလျှောက်ရင်းပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို သီချင်းလေးနဲ့လိုက်ဖက်ညီစွာတွဲဖက်ထားခဲ့တာဖြစ်ပြီး

ဇနီးသည်အပေါ်ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဂရုစိုက်ကြင်နာနေတဲ့ နက္ခတ်ရဲ့ ဟန်ဆောင်မှုကင်းတဲ့ အပြုအမူတွေကြောင့် ပရိသတ်တွေကအကြီးအကျယ်ကို သဘောကျနေခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ နက္ခတ်ရဲ့ မိန်းမအပေါ်ချစ်တတ်နေမှုကြီးက တကယ်ကို အားကျရလောက်အောင်ပါပဲနော်။

Source – Nat Khat,Chilli – CeleZone

-Zawgyi Font ဖြင့် ဖတ်ရန်






Leave a Reply

Your email address will not be published.