သောကြာသားသမီးများအတွက်၂၀၂၃ ခုနှစ် (၂)လပိုင်း ဖေဖော်ဝါရီလ တစ်လစာအထူးဟောစာတမ်း…..
သောကြာသားသမီးများ ဖွားသူတို့သည် စိတ်သစ်ကိုယ်သစ်နှင့် စိတ်ကူးသစ်ဖြင့် အလုပ်များ ဆောင်ရွက်ရမည်။ ဆုံးရူံးပြီထင်ထားသော ရစရာငွေကြေးများ ပြန်ရလိမ့်မည် သို့ တဖက်တလမ်းက ပြန်ဝင်လာလိမ့်မည်။ငွေကြေးဝင်လာလိမ့်မည်။အိုးအိမ်ပြုပြင်ရခြင်း ပြောင်းရွေ့နေထိုင်ရခြင်းဖြစ်မည်။
ဆရာသမားကောင်းများကိုမှီခို၍ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်သင့်သည်။ ရင်းနှီးမြှပ်နှံထားသောလုပ်ငန်းများမှအကျိုးအမြတ်ခံစားရမည်။ အချေးအငှားနဲ့လောင်းကစားကံ အသင့်တင့်ကောင်းမည်။ပုံမှန်ထိန်းလုပ်ပါ။ပညာရေးနဲ့ပက်သက်သော လုပ်ငန်းခွင်နှင့်ရောထွေးမှုများ ဝင်လာတတ်သည်။ ပညာရေးကျောင်းသူကျောင်းသားတွေအဖို့ အဖက်ဖက်က ဖိအားတွေ့ပေးတတ်ပါတယ်။
ပုဂ္ဂလိက အစိုးရ ဝန်ထမ်းများအနေဖြင့် စာရင်းအင်း၊အောက်လက်ငယ်သား၊အလွန်သတိပြုရမည်။ ရာထူးတိုးဆိုသည်ထက် လက်ရှိနေရာမှာ ပြသနာအနည်းငယ် ရင်ဆိုင်ရမည်။ဤလ (၁)ရက်မှ(၁၆)ရက် အတွင်း ဂဠုန်-ချမ်းသာအံ့ အကျိူးသက်ရောက်မှုကတော….အိုးအိမ်ခြံမြေကိစ္စနှင့် ပတ်သက်ပြီး ကံကောင်းရမှု ကြုံနိုင်သည်။
အိမ်ပြင်,အိမ်ဆောက်,အိမ်ပြောင်း အကောင်းအထည့်ဖော်ပြိး အိုးအိမ်သစ်များပိုင်ဆိုင်ခွင့်ရရှိမည်။အမိအဖများနေအိမ်အပြောင်းအရွှေ့၊ အလုပ်အပြောင်းအရွှေ့များဖြစ်သောကြောင့် မိမိသည်လည်း နေရာဌာနများ အပြောင်းအရွှေ့များဖြစ်တတ်ပါသည်။
တနင်္ဂနွေ နေနံသားသမီးများနှင့် တနင်္ဂနွေ နံ လုပ်ငန်းသစ်လုပ်ခြင်း၊ရင်းမြှုံနှံမှုများစတင်ခြင်း,စပ်တူရှယ်ယာဝင်ခြင်း၊စတော့ဈေးကွက်လုပ်ခြင်းတို့ အထူးကောင်း၏။
စီးပွားရေး… အင်ဂျင်စက်များ၊အုတ်၊သဲ၊အိမ်အဆောက်အဦးလုပ်ငန်းနှင့်အိမ်ဆောက်ပစ္စည်းအရောင်းအဝယ်၊အုတ်ဖို့,အုတ်အရောင်းအဝယ်,အုန်းအလှပင်,အုန်းသီး,အုန်းဆီ,အစစ လုပ်ငန်းအကျိူးမြတ်ရရှိခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်း,စပ်တူရှယ်ယာဝင်ခြင်း၊စတော့ဈေးကွက်လုပ်ခြင်းတို့ အထူးကောင်း၏။အလုပ်အကိုင်များ လက်မလည် အလုပ်ဖြစ်မည်။
တနင်္ဂနွေ, သားသမီး ထိုနေနံ နာမည်ရှင်, လူမျိုးခြား ဘာသာခြားတို့၏ ကူညီမှုကို ခံယူရရှိရတတ်သည်။ဤလ (၁၇)ရက်မှ(၂၈)ရက် အတွင်း ဆင်-သေကြေးအံ့/ဝက်-ဘေးသင့်အံ့ အကျိူးသက်ရောက်မှုကတော….အောင်မြင်မယ်လို့ ယူဆထားတဲ့ လုပ်ငန်းတွေကလည်း အရှုံးတွေနဲ့ ရင်ဆိုင်ရပြီး အလွဲလွဲအချော်ချော် ဖြစ်တတ်ပါတယ်။
ငွေကုန်ကြေးကျတွေများနေရတတ်။ အလုပ်ပေါ်အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ မိမိဆုံးဖြတ်ချက်တွေက တွေဝေနေတတ်ပါတယ်။ အနည်းငယ် အကျပ်တည်းလေးတွေရှိခဲ့ရင်တောင် မိမိအနေနဲ့အေးအေးဆေးဆေး ရင်ဆိုင်ကျော်ဖြတ်နိုင်ပြိး အလုပ်အကိုင်စီးပွားမှာ စနစ်တစ်ကျဆောင်ရွက်လုပ်ကိုင်ပါမှ တော်ကာကျ ပေလိမ့်မယ်။
ဗုဒ္ဓဟူးနံ အဝင်မကောင်းသလို့ အထွက်ခက်မည်၊ ဝက်၊ ရွှေ၊ယာဉ်၊လက်စွပ်၊ လူ အထွက်အပျာက်ကြုံတွေ့ရတတ်သည်။ ဗုဒ္ဓဟူးသားသမီး တစ်ယောက် အနှောက်အယှက် အတိုက်အခိုက် ပြုလုပ်ခြင်းကြုံမည်။
ယာဥ်၊လည်း၊ရွှေ၊အလှပညာ၊အလှပစ္စည်းဖြန်းချီရေးလုပ်ငန်း” ဆိုင်ရာ လုပ်ငန်းများ အကျိူးပေးအားနည်းပြိး “ရွှေအရောင်ဆိုင်များ၊ အကျိူးဆောင်ပွဲစား
လိမ့်လည်ခြင်းနှင့် ဖောက်ထွင်၊ခိုးခံရခြင်းများကြုံတွေ့ရမည်။
အထူးသဖြင့် ဗုဒ္ဓဟူး, စနေ နေနံနှင့် အက္ခရာ နာမည်ပါ ထိုသူများ ခရီးသွားနှင့် စပ်တူရှယ်ယာလုပ်ခြင်း၊ ငွေးကြေးချေးငြားခြင်း ရှောင်သင့်၍ သတိထားသင့်၏။အရှေ့အရပ် လာဘ် ?ရေနံစူးစမ်းရှာဖွေခြင်း,အိမ် ပြောင်းခြင်း, ထီထိုး,လက်မှတ်ရေးထိုးခြင်း,ခရီးသွားလာ ကောင်း၏။
လက်ဝတ်ရတနာ ကျောက်ပြုတ်ထွက်ခြင်း၊ပျောက်ခြင်းဖြစ်တက်၏။ သူခိုး၊ဂျပိုး မျက်စိအကျခံရသောကာလဖြစ်၍ အခိုးခံရတက်ကြောင်းသတိပြုပါလေ။
လူစုလူဝေး နှင့် ရုတ်ရုတ်သဲသဲဖြစ်မှုများတွင် ဝေးဝေးမှ ရှောင်လေ။ အနောက်ရပ်နတ်၊?ရေနံစူးစမ်းရှာဖွေခြင်း,အိမ် ပြောင်းခြင်း, လက်မှတ်ရေးထိုးခြင်း,ခရီးသွားလာ၊ ရှောင့်သင့်၏
အချစ်ရေးနှင့်အိမ်ထောင်ရေး……
ငယ်ရွယ်သူများအတွက် အချစ်ရေး မေတ္တာရေး အင်မတန် ကောင်းမွန်လှသည်။ စန်းပွင့်ခြင်း နှင့် ချစ်သူနှင့် ပြေလည်ခြင်း ရည်ရွယ်ချက်ရည်မှန်းချက်များ အောင်မြင်နိုင်မည်။ အချစ်ဟောင်း Ex များလဲပြန်လာတက်ပါသည်။ချစ်သူနဲ့ အဆင်မပြေဖြစ်နေသူများ ပြန်အဆင်ပြေလာတက်ပါသည်။အိမ်ထောင်ရေးကတော့ အတော်ကို သတိထားဖို့ လိုပါတယ်။
အနောက်အရပ်စန်းပွင့် ?လူမှုရေးစကားပြောဆိုခြင်း,အချစ်ရေးစကားပြောဆိုခြင်း ကောင်း၏။ သော ကြာသားသမီးများ ဖွားသူတို့သည် မိမိတို့၏အချစ်နှင့်အိမ်ထောင်ရေး.. နေနံအတွဲများကတော (တနင်္ဂနွေ,တနလ်ာ,အဂ်ါ,ကြာသပတေး)မမျှော်လင့်ဘဲ ရုတ်တရက် ငွေတွေဝင်လာတတ်သည်။ငွေလည်း စုဆောင်းမိနိုင်မယ်။
သို့သော် ငွေရှာရလွယ်ခြင်း၊ငွေအဝင်အထွက်ကြမ်းခြင်းများကြုံလိမ့်မည်။ အဘယ်ကြောင့် ဆိုတော် သုံးတာ နှင့် ဖြုန်းတာ ကွာခြားလိမ့်မည်။အိမ်ထောင်ဘက် ၏ ယုယမှု ကြင်နာမှုကို ပြန်လည်ရရှိမည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်၏။ရွှေဝင်မည် ရတနာပစ္စည်းများဝင်မည်။ မြေကိစ္စ အမွေကိစ္စ အဆင် ပြေမည်။
ရပ်ဝေးမှ စာများ၊အဆက်အသွယ်များ ရမည်။ရပ်ဝေးဒေသမှ မောင်နှမဆွေမျိူးများ အလည်အပတ်လာရောက်တတ်သည်။သားချင်းနှင့်မိတ်သဂ်ဟများ မိမိကူညီထောက်ပံ့ပေးခြင်းများ ရှိမည်။သော ကြာသားသမီးများ ဖွားသူတို့သည် မိမိတို့၏အချစ်နှင့်အိမ်ထောင်ရေး.. နေနံအတွဲများကတော (ဗုဒ္ဓဟူး, စနေ, သောကြာ) ညံလိမ့်မည်,
နေနံတူ သောကြာသားသမီးများကတော့ အဆိုးနှင့်အကောင်း ဒွန့်တွဲနေမည်။သော ကြာသားသမီးများ ဖွားသူတို့သည် (၄)နှင့်(၇)ဂဏာန်း များ ရက်ဖြစ်ကြသော (4-13-22-31),(7-16-25)ရက်မွေးများ…မထင်မှတ်သော အခိုက်အညံ့ ၀င်တတ်၏။ ရောဂါကြီးမားစွာ ရတတ်၏။ အထူးဂရုပြုသင့်။
ဘုရားဂုဏ်တော်(၉)ပါးကိုအမြဲပွားထုံသင့်၏အချစ်ရေး၊ အိမ်ထောင်ရေးကတော့ အတော်ကို သတိထားဖို့ လိုပါတယ်။ မိမိကချစ်ရတဲ့ အချစ်ဟာ အချည်းအနှီးသာဖြစ်နေတတ်ပါတယ်။လမ်းခွဲရမတတ်ဖြစ်ကုန်တတ်ပါတယ်။
မိတ်ဆွေရင်းတွေ၊ မောင်နှမသားတွေ့ ထက် အကြီးအကဲ မိဘတွေ့ကြောင့် စိတ်ရှုပ်ရ အိမ်ထောင်ဘက်နှင့်ဘအဆင်မပြေမှုများ ကြားညှပ်မည်။အိမ်ထောင် သည် မိတ်ဆွေများ စန်းကောင်းသောကာလဖြစ်သောကြောင့် မိမိကိုယ်ကိုထိန်း စိတ်ကိုထိန်းသင့်ကာလဖြစ်၍ မိမိအမှားကြောင့်အိမ်ထောင်ဘက်နှင့် ပြသနာတတ်အကြီးအကျယ်တတ်နိုင်သည်မို့ သတိပြုပါ။ သားသမီးကြောင့် သောကပူပင်နေရတတ်ပါတယ်။
ကျန်းမာရေး…..ကျန်းမာရေး ကံဇာတာတွင် ခန္ဓာကိုယ်ပင်ပန်းဆင်းရဲ ညိုးနွယ်မှုရှိပါသောလည်း စိတ်ညိုးနွမ်းမရှိစေရအောင် မကြာခန အပန်းဖြေ၊စိတ်ပြေခရီးသွားလာပါ။
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်
ယနေ့ဘုရားပင့်ဆောင်ခြင်း၊ရေတွင်းရေကန်တူးခြင်း၊ကင်းပွန်းတပ်၊ အိမ် ပြောင်း မဏ္ဍပ်ဆောက်၊ပန္နက်ရိုက်၊တိုင်ထူ၊ပျိုးကြဲ၊တရားစီရင်၊ဆံရိတ်ဆံသ၊လူမှုရေးစကားပြောဆို ကောင်း၏။
၂၁၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်
ယနေ့ကြေးသွန်းလောင်းခြင်း၊ ရှင်ပြု၊ နားသ၊စေ့စပ်၊လက်ထပ်၊ဝိဝါဟမင်္ဂလာ၊အိမ်ပြောင်း ပန္နက်ရိုက်၊ကျင်းတူး၊အုတ်မြစ်ချ၊တိုင်ထူ၊ရေတွင်းတူးခြင်း၊ အလုပ်သစ်လျှောက်၊နာမည်မှည့်၊လက်မှတ် ရေးထိုး၊ပယောဂကုထီထိုး၊ပညာသင်ယူခြင်း၊ပရဆေးဖော်၊ခရီးသွားလာခြင်း၊အချစ်ရေးစကားပြောဆိုခြင်း ကောင်း၏။
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်
* ယနေ့ဘုရားအနေကဇာတင်ခြင်း၊ရှင်ပြုနားသ၊စေ့စပ်၊လက်ထပ်၊ညစက်(၁၀း၁၆)နာရီအတွင်း ဝိဝါဟမင်္ဂလာ၊နာမည်မှည့်၊ရေနံစူးစမ်းရှာဖွေခြင်း၊စပ်တူရှယ်ယာဝင်ခြင်း၊စတော့ဈေးကွက်လုပ်ခြင်း ကောင်း၏။
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်
ယနေ့နံနက်(၇း၂၁)နာရီလွန်ရှင်ပြု၊နားသ၊စလွယ်တင်စေ့စပ်၊လက်ထပ်၊ဝိဝါဟမင်္ဂလာ ပန္နက်ရိုက်၊ကျင်းတူး၊အုတ်မြစ်ချ၊တိုင်ထူ၊လှေကားတင်၊ရေတွင်းရေကန်တူးခြင်း၊ဆံရိတ်ဆံသ အလှပြင် ထီထိုး၊ခွဲစိတ်ကုသမှုခံယူခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊စာပေကျမ်းဂန်ပြုစုခြင်း၊ငွေကြေးချေးငှာခြင်း ခရီးသွားလာခြင်း၊အနုပညာဂီတတီထွင်ခြင်း မေတ္တာရေးဖွဲ့ဆိုခြင်းကောင်း၏။
ယခု ဖေဖော်ဝါရီ လတွင် မိမိလုပ်ငန်းဂဏ္ဍာဆောင်ရွက်ရာ နှင့် ခရီသွားရာတွင် နေအိမ်မှမထွက်မှီ အဝင်အထွက်(၃)ခါ ဆောင်ရွက်ပြီးမှသွားပါ။
ကံကောင်းစေသော အကျိူးပေးအရောင် – ရွှေအိုရောင်၊ဆင်စွယ်ရောင်၊အဖြူရောင် ဝတ်ဆင်ပါ။
အကျိူးပေး အက္ခရာ နှင့် ဂဏန်း – (ရ.လ.အ.ဂ) (၄-၂-၈-၁)
ယတြာ – နံနက် (၆း၁၁)အချိန် နှင့် (၉း၁၁) အိမ်ဘုရားမှ ဖယောင်တိုင်(၆)၊ အမွှေးတိုင်(၂၁)တိုင် ထွန်းပူဇော်,အဖြူရောင်နှင်းဆီပန်း၊စပယ်ပန်း၊သစ္စာပန်း သို့ သရက်ညွန့် အတာအိုးဖြင် ထိုးပါ။ဘုရားဂုဏ်တော်(၉)ပါးကို ရွတ်ဆိုပါ။
ဆရာမင်းသူရ (S.M.TR,Astro)(MDY,မန်းလေး)
09751089826(Viber) 09767817917,09884160606,
Credit