အင်္ဂါသားသမီးများအတွက် ၂၀၂၃ ခုနှစ် (၂)လပိုင်း ဖေဖော်ဝါရီလ တစ်လစာအထူးဟောစာတမ်း…..
ဗေဒင်
အင်္ဂါသားသမီးများအတွက် ၂၀၂၃ ခုနှစ် (၂)လပိုင်း ဖေဖော်ဝါရီလ တစ်လစာအထူးဟောစာတမ်း…..
အင်္ဂါသားသမီးများ ဖွားသူတို့သည် မိမိကံ အကောင်းအဆိုးနှင့် “အဆိုး”​ လဝက်အထိ ဒွန်တွဲနေပြိး ဤလ (၇)ရက်မှ(၁၉)ရက်အထိ မိမိလုပ်ငန်းဆောင်တာများနှင့် လူမှုရေး,လုပ်ငန်းများ မည့်သည့်ကိစ္စမဆို ဆောင်ရွက်ရာ၌ အထူးသတိထား ရှေ့ရှုရမည်။
ဆွေမျိုးမိတ်ဆွေအတွက် ဆေးရုံဆေးခန်း ဒါမှမဟုတ် ရုံးတွေ၊ ဂါတ်တွေ ရောက်ရတတ်ပါတယ်။ ပစ္စည်းတစ်ခု အဝယ်အရောင်းကိစ္စ ပြဿနာ ဖြစ်တတ်ပါတယ်။လုပ်ငန်းရှင်းများ အရှုံးပေါ်အံ့.အတိုက်အခိုက်အခံနှင့် ယှဥ်ပြိုင်တိုက်ခိုင်းခြင်း ကြုံတွေ့ရမည်။အောက်လက်ငယ်သား အိမ်ကထွက်သွားတာ၊ သူတစ် ပါးကိစ္စ ခေါင်းခံရှင်းရတာ၊ တမင်ရန်စ နှောင့်ယှက်ခံရတာမျိုးတွေ ကြုံရတတ်ပါတယ်။
အဝေးသို့တာဝန်ထမ်းဆောင်ရခြင်းများ ကြုံတွေ့ရတတ်ပါသည်။ဝန်ထမ်းလုပ်ငန်းများ နေရာဌာနအပြောင်းလဲ လုပ်ကိုင်ရနိုင်သလို အလုပ်အပြောင်းအလဲလည်း ဖြစ်တက်သည်။ အလုပ်ထဲတွင် မနာလို တိုက်ခိုက်မူ့များလည်း ရှိတက်သည်။ငွေကြေးလုပ်ငန်း လုပ်ကိုင်သူတွေဆို ဤလ သတိပြုလုပ်ဆောင်ပါ။
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၇)ရက် တွင် နတ်-ဘေးသင့်အံ့… အထူးသတိရမည့်က ပတ်ဝန်းကျင်က နတ်စင်.ကိုးကွယ်ရာ ညောင်ပင်, နတ်ကတော်ဆရာများနှင့် နတ်နန်းဆိုင်ရာများတွင် စကားအပြောအဆိုဆင်ခြင်းရမည်,ဆရာသမားများ ပြစ်မှားခြင်း ရှောင့်သင်,ရက်တပတ်အတွက် အကျိူးသက်ရောက်မှု အပြစ် ပေး ဘေးကြုံတွေ့ရတတ်၏။
ဤလ (၁)ရက်မှ(၆)ရက် နှင့် (၂၀)ရက်မှ(၂၈)ရက် နွားဥစ္စာရအံ့..အကျိူးသက်ရောက်မှုကတော့…ဝမ်းသာစရာစာတွေ၊ အဆက်အသွယ်တွေ ရောက်လာမယ်။ နေရာထိုင်ခင်း၊ အဆောက်အဦးကိစ္စ အခြေအနေကောင်း ကြုံလာမယ်။ လုပ်ငန်းအကြီးအကဲတွေထံကနေအကူအညီအထောက်အပံ့တွေ ရရှိနိုင်ပြီး စုပေါင်းလုပ်ဆောင်ရသော ကိစ္စရပ်များ အထူးအောင်မြင်နိုင်ပါတယ်။
လူမျိုးခြား၊ ဘာသာခြားတွေရဲ့ အကူအညီကိုလည်း ရရှိမည်။ စနေသားသမီးများနှင့် အကျိူးတူပူပေါင်းလုပ်ဆောင်ထားအရာများ အကျိူးမြတ်စွန်းကြီးကြီးမားမားပိုင်ဆိုင်ရမည်။စနေနံနှင့် ပတ်သတ်သောလုပ်ငန်းများ အကျိူးထူးရရှိမည်။
ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အခြေအနေကောင်းကြုံမယ်။ အလှုမဂ်လာ ကိစ္စ,စေ့စပ်လမ်ကြောင်း အောင်မြင်၍ ရှေ့ လ မဂ်လာကိစ္စများ အထမြောက် အိမ်ထောင်ကျတတ်၏။စီးပွားရေးလုပ်ငန်းများ မိမိမလုပ်ကိုင်နိုင်လျှင်လည်း, အခြားသောအထောက်အပံ့တစ်ခုရရှိပြီး လုပ်ငန်းငွေကြေးများအဆင်ပြေမယ်။
သားသမီးဆွေမျိုးတို့၏ အထောက်အပံ့ရခြင်း ထီပေါက်ခြင်း ငွေဝင်ခြင်း၊ကောင်းသောခရီးသွားရခြင်းများတိုက်ဆိုင်ကြုံတွေ့ရတတ်ပါ သည်။
စီးပွားရေး……ရေနံဓာတ်သတ္တုတူးဖော်ခြင်း၊အိမ်ဆောက်ပစ္စည်းနှင့်ဖုန်းပစ္စည်းများရောင်းဝယ်ခြင်း၊ရေလုပ်ငန်းလုပ်ခြင်း၊အလှပြင်၊အလှကုန်ပစ္စည်းဖြန့်ချိခြင်း, မွေးမြူးရေးလုပ်ငန်းလုပ်ခြင်း၊ အဝတ်သစ်ယက်လုပ်ခြင်းနှင့် အိမ်၊ခြံ၊မြေရောင်းဝယ်ခြင်း အကျိူးမြတ်ရရှိမည်။
အရှေ့တောင်အရပ်လာဘ် ?ခွဲစိတ်ကုသမှုခံယုခြင်း လက်မှတ်ရေးတိုးခြင်းကောင်း၏။ အရှေ့တောင်အရပ် ရှိ မြေ,တိုက်ခန်းဝယ် အရောင်းဝယ်ဖြစ် အောင်မြင် ၍ အကျိူးထူးအဖြတ် ရရှိမည်။ အဝယ်,အရောင်း လက်မှတ်ရေးထိုး အောင်မြင်မယ်။အနောက်မြောက်ရပ်နတ် ?ခွဲစိတ်ကုသမှုခံယုခြင်း လက်မှတ်ရေးထိုးခြင်း, ခရီးသွားရှောင့်သင့်၏။
ရာဟု,တနင်္ဂနွေ,အင်္ဂါ ထိုနေနံသားသမီးများ အကျိူး မပေး, လုပ်ငန်းသစ်လုပ်ခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်းတို့ ရှောင့်သင့်၏။ထိုနေနံသားတွေ့က မိမိကို တိုက်ခိုက်ခြင်း၊ပြဿနာရှာ မကောင်းကြံခြင်းများ ကြုံတွေ့ရမည်။
အချစ်နှင့်အိမ်ထောင်ရေး……
အချစ်ရေးအိမ်ထောင်ရေးကြောင့် မိမိတက်လမ်းရှိသောအလုပ်များလည်းနှောင့်နှေးတတ်ပါသည်။ချစ်သူရည်းစားတွေနဲ့ အိမ်ထောင်ရှင်တွေကြားမှာလည်း ပြဿနာဟောင်းတွေ ပြန်ပေါ်တတ်လို့ စကားမမှားဖို့ သတိပြုရပါလိမ့်မယ်။ အချစ်ရေးတို့၌အနှောက်အယှက်များပေါ်လာမည်။
အမိ၊အမတို့၏ ပတ်သက်စွတ်ဖက်မှုလည်းရှိတတ်၏။အိမ်တွင်းရေးအုပ်စုမတည်ငြိမ်သောကာလလည်းဖြစ်သည်။ အိမ်ထောင်ကျခဲ့သော် အိမ်ထောင်ရေးတည်ငြိမ်မှုမရှိဖြစ်တတ်ပါသည်။
အင်္ဂါသားသမီးများဖွားသူတို့သည် မိမိတို့၏အချစ်နှင့်အိမ်ထောင်ရေး.. နေနံအတွဲများကတော့ (သောကြာ,စနေ,ဗုဒ္ဓဟူး) အထူးကံကောင်းမည်။
ငွေကြေးကိစ္စများအတွက် စိတ်ချမ်းသာမည်။ရတနာဝယ်ယူပါကမိသားစုပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီးမှဝယ်ပါ။
အိမ်ထောက်ဘက် အစိုးရအမှုထမ်းဖြစ်ပါက ရာထူးတက်ခြင်း၊နယ်ပြောင်းရခြင်း၊ ဝင်ငွေကောင်းခြင်း,လုပ်ငန်းများအောင်မြင်ခြင်းများ တိုက်ဆိုင်ကြုံတွေ့ရမည်ဖြစ်ပါသည်။
ပညာ​ရေးဂဏ္ဏာ သင်တန်းတစ်ခုတက်ရခြင်း, မိတ်ဆွေကောင်း၊ဆရာကောင်းများ တွေ့မည်။အိမ်ထောင်ရှင်များ ဤလတွင် ကိုယ်ဝန်မွေးဖွား သားသမီးရတနာထွန်းကားပြီး စီးပွားဒီရေတိုးတတ်ကြီးပွားလိမ့်မည်။အင်္ဂါ သားသမီးများ ဖွားသူတို့သည် မိမိတို့၏အချစ်နှင့်အိမ်ထောင်ရေး.. နေနံအတွဲများကတော (တနင်္လာ,ရာဟု,တနင်္ဂနွေ,အင်္ဂါ) ညံလိမ့်မည်,
အထူး အသက် ၁၈၊ ၂၁၊၂၃၊၂၈၊၃၁၊၃၂၊၃၃၊၃၈နှစ် ဤအသက်ပိုင်း နှစ်ခြားများကတော့ ကံဆိုးလိမ့်မယ်။အိမ်ထောင်ရေးပြဿနာပေါ်ခြင်း အမိအဖနှင့်ညီအကိုအမောင်နှမများသေဆုံးခြင်း ၊သားသမီးများနေအိမ်မှခွဲခွာသွားခြင်းကြုံတွေ့ရတတ်၏။
ကျန်းမာရေးညံ့တာ၊ ငွေတွေ၊ ပစ္စည်းတွေ ပျက်စီးပျောက်ဆုံးတာ၊ အမှုအခင်းလိုမျိုး ရှင်းရလင်းရတာတွေ ကြုံရတတ်ပါတယ်။အိမ်ထောင်ရေးသောက ကြီးကျယ်စွာ ရောက်ရတတ် ပါတယ်။ သားသမီးအရေး ကိစ္စတွေကြောင့် ပူပန်သောက ရောက်ရတတ်ပါတယ်။ မိသားစုက ကိုယ့်အပေါ် အထင်အမြင်လွဲတတ်တယ်။ ဒီကာလမှာ ကူညီမဲ့ သူထက် ဒုက္ခပေးမဲ့သူတွေအနားမှာ ဝန်းရံနေတတ် ပါတယ်။
ကျန်းမာရေး….
ကျန်းမားရေးပိုင်းတွင် ရင်ဘက်အောင့်တာ၊ခါးနာ ဒူနား၊ လေရောဂါများ၊ သွားရောဂါများနှင့်အာရုံကြောရောဂါများဖြစ်တတ်သောကြောင့် ဂရုစိုက်ရန်လိုပါသည်။လေဖြန့်၊ တုပ်ကွေး အထူးသတိပြုပါ။ကျန်းမာရေး လိုက်စားပါ။ ညံ့ဖျင်း၍ ဆေးဝါကုသရတတ်သော ကာလာဖြစ်သည်။
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်
ယနေ့ဘုရားတည်၊ထီးတင်၊ရှင်ပြု၊နားသ၊စေ့စပ် လက်ထပ်၊ရတနာစူးစမ်းရှာဖွေခြင်း၊ဆိုင်းဘုတ်တင်ခြင်း၊ကလေးထမင်းခွံ၊နာမည်မှည့်၊ထီထိုး၊ကုမ္ပဏီ ဖွင့်၊လက်မှတ်ရေးထိုး၊ဘဏ်စာရင်းဖွင့်၊အင်တာဗျူး၊ခရီးသွားလာခြင်း၊ပညာသင်ယူခြင်း၊ တိုက်ခန်းဝယ် အစုရှယ်ယာဝင်ခြင်း၊အချစ်ရေးပြောဆိုခြင်းကောင်း၏။
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်..ဤနေ့ယာတစန်းလွတ်၍ခရီးသွားခြင်းကောင်း၏။
*ယနေ့နံနက်(၉း၂၇)နာရီအတွင်း ဘုရားတည်၊တီးကင်၊ရှင်ပြုနားသ၊စေ့စပ်ကလေးထမင်းခွံ၊နာမည်မှည့်၊အလှပြင်၊ခွဲစိတ်ကုသမှုခံယုခြင်း လက်မှတ်ရေးတိုးခြင်းကောင်း၏။
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက် * ယနေ့အဓိဋ္ဌာန်ဝင်ခြင်း၊မြေသန့် မင်္ဂလာ၊ဆေးခန်းဖွင့်၊ပျိုးကြဲ၊သီးနှံရိတ်သိမ်းခြင်း၊ ပရဟိတလုပ်ခြင်းကောင်း၏။
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက် * ယနေ့နံနက်(၇း၉)နာရီအတွင်းပန္နက်ရိုက်၊ကျင်းတူး၊အုတ်မြစ်ချ၊လှေကားတင်၊တိုင်ထူ၊ဆံရိတ် ဆံသ၊အလုပ်သစ်လျှောက်၊ရတနာစူးစမ်းရှာဖွေခြင်း ကောင်း၏။
ယခု ဖေဖော်ဝါရီ လတွင် မိမိလုပ်ငန်းဂဏ္ဍာဆောင်ရွက်ရာ နှင့် ခရီသွားရာတွင် အရှေ့အရပ်မျက်နှာမူကာမြေဇာ(၇)ညွှန့် ဘုရားပူဇော်ပြီးသွားပါ။ကံကောင်း စေသော အကျိူးပေးအရောင် – ဖက်ဖူးရောင်၊နက်ပြာရောင်၊အညိုရောင်၊စိမ်းပြာရောင် ဝတ်ဆင်ပါ။
အကျိူးပေး အက္ခရာ နှင့် ဂဏန်း – (ဇ.ဗ.ကဆ) (၇-၃-၅-၉)
ယတြာ – မိမိနေနံအင်္ဂါဂြိဟ်ဘုရား ပန်းတိမ်မနိုင်ပန်း၊မေမြို့ပန်း(၅)ပွင့်သက်ကယ်ညွှန့်၊သီးညွှန့်(၃)ညွှန့် တို့ကိုပေါင်းပြိး ကြွေပန်းအိုးဖြင့် ဘုရားပူဇော် လိုရာဆုတောင်းပါ။ ညောင်ပင်မှ အင်္ဂါအပတ်တိုင် အုန်းသီးခွံခွက်ဖြင့် နွားနိုကပ်လှူ အမွေးတိုင် (၃၇)တိုင် ထွန်းပူဇော်ရမည်။အညံများ ပျောက်ကင်း၏
ဆရာမင်းသူရ (S.M.TR,Astro)(MDY,မန်းလေး)
09751089826(Viber) 09767817917,09884160606,
Zawgyi
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၇)ရက် တွင် နတ်-ဘေးသင့်အံ့… အထူးသတိရမည့်က ပတ်ဝန်းကျင်က နတ်စင်.ကိုးကွယ်ရာ ညောင်ပင်, နတ်ကတော်ဆရာများနှင့် နတ်နန်းဆိုင်ရာများတွင် စကားအပြောအဆိုဆင်ခြင်းရမည်,ဆရာသမားများ ပြစ်မှားခြင်း ရှောင့်သင်,ရက်တပတ်အတွက် အကျိုးသက်ရောက်မှု အပြစ် ပေး ဘေးကြုံတွေ့ရတတ်၏။
စီးပွားရေး……ရေနံဓာတ်သတ္တုတူးဖော်ခြင်း၊အိမ်ဆောက်ပစ္စည်းနှင့်ဖုန်းပစ္စည်းများရောင်းဝယ်ခြင်း၊ရေလုပ်ငန်းလုပ်ခြင်း၊အလှပြင်၊အလှကုန်ပစ္စည်းဖြန့်ချိခြင်း, မွေးမြူးရေးလုပ်ငန်းလုပ်ခြင်း၊ အဝတ်သစ်ယက်လုပ်ခြင်းနှင့် အိမ်၊ခြံ၊မြေရောင်းဝယ်ခြင်း အကျိုးမြတ်ရရှိမည်။
ကျန်းမာရေး….
အကျိုးပေး အက္ခရာ နှင့် ဂဏန်း – (ဇ.ဗ.ကဆ) (၇-၃-၅-၉)
Credit
Leave a Reply
Your email address will not be published.