တနင်္လာသားသမီးများအတွက်၂၀၂၃ ခုနှစ် (၂)လပိုင်း ဖေဖော်ဝါရီလ တစ်လစာ အထူးဟောစာတမ်း
တနင်္လာသားသမီးများ ဖွားသူတို့သည် မိမိကံ အကောင်းအဆိုးနှင့် “အဆိုး”ဒွန်တွဲနေပြိး မိမိလုပ်ငန်းကိစ္စများနှင့် လူမှုရေးဂဏ္ဍာများ အထူသတိထားဆောင် ရွက်ရမယ်ကာလဖြစ်၏။လုပ်ငန်းရှင်းများ အရှုံးပေါ်အံ့.အတိုက်အခိုက်အခံနှင့် ယှဉ်ပြိုင်တိုက်ခိုင်းခြင်း ကြုံတွေ့ရမည်။
လုပ်ငန်းများသည် အကောင်းအဆိုးမျှနေတတ်ပါသည် စီးပွားရေးလုပ်ငန်းများပုံမှန်လည်ပတ်နေပြီး ဆက်လက်တိုးချဲ့ရန် မသင့်သောကာလဖြစ်ပါသည်
ခေတ်နှင့်အညီ အပြောင်းအလဲ၊ အသစ်ထွင်ပါ။အကြံသစ်တွေကိုလက်တွေ့လုပ်ဆောင်ပါ။ ရဲရဲလုပ်ပါမုချအောင်မြင်ပါလိမ့်မည်။ ပညာရေးတွင် အားကောင်း၍ ဝီရိယာအားဖြင်းကြိုးစားမှသာ အောင်မြင်မည်။စာမေးပွဲအောင်မြင်သူ အင်တာဗျူ အလုပ်ရရှိမည်။
နိုင်ငံရပ်ခြားသို့ပညာသင့်ခွင့် အခွင့်အရေးများဝင်လာမည်။ဤလ (၁)ရက်မှ(၁၂)ရက်အထိ တနလ်ာနံ နှင့်ပတ်သက်ပြိး အထူးသတိထားရမည်။လုပ်ငန်းကိစ္စရပ်များ အထူးသတိထားသင့်၍ ကားလုပ်ငန်း,ခြံအရောင်းအဝယ်, ငွေဝန်ဆောင်မှုလုပ်ငန်း ငွေပို,ငွေလွှဲ စာရေး,စာရင်းဇယား အမှားယွင်းရှိပြိး၊ လက် မှတ် ထိုးအားမခံခြင်းများနှင့် ငွေကြေးချေးငြား မလုပ်သင့်,ငွေလုပ်ငန်း,ဝန်ဆောင်မှုများနှင့် ဘဏ်ကိစ္စများ ပြဿနာရှိနိုင်၏။
မိတ်ဆွေဟန်ဆောင်သူများနဲ့ဆုံရမည်။မမျော်လင့်ဘဲ ငွေကြေးကုန်ကျစရာများပေါ်လာတတ်၏။ အိမ်တွင်း အဖိုးတန်းပစ္စည်းပျောက်ခြင်းနှင့် အိမ်တွင်း မသာမသူတွေ့ဝင်ရောက်ပျက်စီးခြင်း၊ ခိုးခံဖောက်ထွင်များ လုယှက်မှု ကြုံတွေ့ရတတ်၍ အထူးသတိထား ဂရုစိုက်ပါ။
သူတစ်ပါးအိမ်ယာကိုအထူးရှောင်ပါ အစွတ်စွဲခံရမည်။မီး၊ လျှပ်စစ် နှင့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများ ကိုင်တွယ်ရာတွင် သတိထားပါ။အောက်ပိုင်း ထိခိုက်ဒဏ်ရာ အကြီးမားရတန်၏။(၁၃)ရက်မှ(၂၆)ရက်အတွင်း တိုးတတ်ပြောင်းလဲလိုသူများအတွက် အခွင့်အရေး ရရှိပါလိမ့်မည်။
မိသားစု ဘုရားဖူးခရီးထွက်ရခြင်း၊ အလှူဒါနကုသိုလ်ကောင်းမှုများလည်းအောင်မြင်ပါလိမ့်မည်။သားသမီးများထံသတင်းကောင်းများနှင့်ပြည်ပ၊ရပ်ခြား ငွေပိုလိမ့်မည်။အိမ်ဆောက်၊အိမ်တတ်၊အိမ်ပြောင်းပြုလုပ်ရအံ့…အပေါင်းသင်းဆံပြိး သူငယ်ချင်းများ အတူ နိုင်ငံရပ်ခြားအလုပ်သွားရတတ်သည်။အကျိုးပေးမည်။
လုပ်ငန်းတိုးချဲ့ရတတ်သည်။ လူမျိုးခြားများကူညီမည်။လက်ရှိနေအိမ်၊ လက်ရှိအလုပ်တို့မှ ခွဲထွက်ပြီး ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်အသစ်၌ လုပ်ကိုင်ရတတ်သည်။
စီးပွားရေး… အလှပြင်၊ဆေးဝါးရောင်းဝယ်ခြင်း၊ကြော်ငြာဆိုင်းဘုတ်လုပ်ငန်း၊သရုပ်ဆောင်လုပ်ငန်း,စာပေစာနယ်ဇင်းလုပ်ငန်း ရေနံနှင့်စက်သုံးဆီရောင်းခြင်း,အိမ်ဆောက်ပစ္စည်း သံတည်ပစ္စည်းရောင်းဝယ်ခြင်း,တိရိစ္ဆာန်ရောင်ခြင်းများ အကျိူးမြတ်ရရှိမည်။ တနင်္လာ၊စနေ, ဗုဒ္ဓဟူးနံ လုပ်ငန်းနှင့် ထိုနေနံသား သမီးများ အကျိူး မပေး,တနင်္လာနံ လုပ်ငန်းသစ်လုပ်ခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်းတို့ ရှောင့်သင့်၏။
အနောက်အရပ်လာဘ် ?စာပေစာနယ်ဇင်း ကိစ္စလုပ်ခြင်း၊အလုပ်လျှောက်၊တွေ့ဆုံဆွေးနွေးခြင်း၊ရတနာစူးစမ်းရှာဖွေခြင်း၊ ခွဲစိတ် ကုသမှုခံယူခြင်း၊ခရီးသွားလာခြင်းကောင်း၏။
လူမှုရေး…အမိ, အစ်မ,အဒေါ် တို့နှင့်ပတ်သက်၍ စိတ်ဆင်းရဲစရာများ ကြုံတွေ့ရတတ်သည်။မမျှော် လင့်ဘဲ အနာရောဂါများလည်း ကပ်ငြိတတ်သည်။ခရီး ယာယီထွက်ရခြင်း၊နာရေးကို အကြောင်းပြု၍ သွားရခြင်းကြုံမည်။ရင်းနှီးသူတစ်ချို့ ချစ်ခင်ရသူတချို့ ဆွေမျိုးတချို့နဲ့ ဆက်ဆံရေး ပြောင်းလဲသွားလိမ့်မည်။ဘေးတစိမ်းနဲ့ မိတ်ဆွေသစ်တို့ရဲ့ အကူညီရရှိမည်။
အိမ်အနီး (သို့) ဆွေမျိုးထဲတွင် နာရေးကိစ္စကြုံရမည်။လူနာသတင်းမေး သွားရမည်။အရေးကြီးသော ဆုံးဖြက်ချက်များ မချသင့်သေးပါ။ဆုံးဖြက်ချက်များ ချပြီးမှ စိတ်တမျိုးပြောင်း၍ နောင်တရတက်သည့်မို့ သတိပြုပါ။အရှေ့အရပ်နတ် ?တွေ့ဆုံဆွေးနွေးခြင်း၊ရတနာစူးစမ်းရှာဖွေခြင်း၊ ခရီးသွားလာခြင်း၊ ခွဲစိတ် ကုသမှုခံယူခြင်း ရှောင့်သင့်၏
အချစ်ရေးနှင့်အိမ်ထောင်ရေး……
အချစ်ရေး ကောင်းပြိးတန်းဖိုးကြီးလက်ဆောင်နှင့် တန်းဖိုးဖြတ်လို့မရတဲ့လက်ဆောင်နှင့် အိမ်ထောင်ရေး “ပီတိ”မင်္ဂလာကောင်းသတင်းများ ကြားရ၍ လက်ဆောင်ဂဏ္ဍများရလိမ့်မည်။ ဝေးကွာနေသူများနှင့်ပြန်လည်ဆုံစည်းရကိန်းရှိသည်။ အိမ်ထောင်ရှင်များသားသမီးများ၏ သတင်းထူးများကြားရမည်။
မိမိ အိမ်ထောင်ဖက်နှင့် မပြေမလည်ဖြစ်နေတာလေးတွေပြေလည်သွားမည်။
အသက်ရွယ်အိုများ ကျန်းမာရေး ပြုစုရမည်။အိမ်ထောက်ဘက် မသွားချင်တဲ့နေရာသွားရခြင်း၊နယ်ပြောင်းခံရခြင်းတွေကြုံတွေ့ရပါလိမ့်မယ်။ မိမိကိုအ ကြောင်းမဲ့ တိုက်ခိုက်တာ မနာလိုသူတွေလည်း ရှိမည်။
ချစ်သူရည်းစားတွေနဲ့ အိမ်ထောင်ရှင်တွေကြားမှာလည်း ပြဿနာဟောင်းတွေ ပြန်ပေါ်တတ်လို့ စကားမမှားဖို့ သတိပြုရပါလိမ့်မယ်။ အရှေ့နှင့်မြောက်အရပ် စန်းပွင့် ? အချစ်ရေးစကားပြောဆိုခြင်း ကောင်း၏။
တနင်္လာ သားသမီးများဖွားသူတို့သည် မိမိတို့၏အချစ်နှင့်အိမ်ထောင်ရေး.. နေနံအတွဲများကတော့ (သောကြာ,အင်္ဂါ,စနေ,ရာဟု) အထူးကံကောင်းမည်။
တနင်္လာ သားသမီးများ ဖွားသူတို့သည် မိမိတို့၏အချစ်နှင့်အိမ်ထောင်ရေး.. နေနံအတွဲများကတေ (ကြာသပတေး, ဗုဒ္ဓဟူး-,တနင်္လာ) ညံလိမ့်မည်,
အထူး အသက် ၂၀ နှစ်မှ ၂၁၊၂၄၊၂၇၊ ၂၉နှစ် နှင့် ၃၂နှစ်၊၄၂နှစ်၊၄ရနှစ်၊ ၅၂နှစ်၊၆၂နှစ်,၇၂နှစ် ဤအသက်ပိုင်း နှစ်ခြားများကတော့ ကံဆိုးလိမ့်မယ်။မိမိချစ်သူနဲ့ မိမိအကြား သူစိမ်းဆန်သလိုဖြစ်နေကာ အေးစက်နေလိမ့်မည်။
ချစ်သူ မိမိကောင်လေးတစ်ခြားကောင်မလေးနဲ့ တစ်ပူးတွဲတွဲမြင်တာနဲ့ စိတ်ဆိုးစိတ်ကောက်ပြီး ပြဿနာရှာတတ်တာ, မိမိကလည် ချစ်သူကို တဝန်တိုး အတ္တဆန်မိခြင်း ဒေါသနှင့်ရန်လို စကားပြောမှားတာမျိူး ဒါက သတိထားစရာဖြစ်၍ ချစ်သူနဲ့ လမ်းခွဲရသည်အထိဖြစ်သွားတတ်ပါသည်။
အိိမ်တွင်းရေး ,အိမ်ထောင်းရေး မှာတော့ ငွေကြေးကြောင့် မကြာခဏ ပြဿနာဖြစ်နေရတတ်သလ်ို ပူပူဆူဆူ နဲ ပူညံဆူညံ့ တွေ မကြာခဏ ဖြစ်နေရတတ်၏။ပစ္စည်းဥစ္စာလည်း ပျောက်ရှတတ်သည်။
ကျန်းမာရေး ….သက်လတ်ပိုင်းနှင့် အရွယ်အိုကြီးများ ဆီးချို၊သွေးတိုး ရောဂါတို့ ဂရုစိုက်သင့်, အေးချမ်းရာနေရာတို့၌ မကြာခဏ အနားယူသင့်၏။ အစိုးရဝန်ထမ်းများပုံမှန်လည်ပတ်မှုရှိနေသော်လည်း ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ ထိုကာလ အသက် အပိုင်းအခြားနှစ်တွေ့က လုပ်ငန်းများ မထင်မှတ်ဘဲဆုံးရှုံးမှုများကြုံတွေ့ရတတ် ပါသည်။
အသက် ၂၀ နှစ်မှ ၂၁၊၂၄၊၂၇၊ ၂၉နှစ်တွေ့က အိမ်ထောင်ပြုပါကအိမ်ထောင်းရေးမတည်ငြိမ်ခြင်း ချစ်သူရည်းစားထားပါကလည်း ယူမည့်အဆင့်ရောက်ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့်ကွဲကွာခြင်း၊ခွဲခွာရခြင်းများကြုံတွေ့ရမည်။
အမျိုးသမီးများ အဖို့ တပါးသူရဲ အပုတ်ခြ ပြောခြင်းကြောင့် ဂုဏ်သိက္ခာ ထိခိုက်ရတတ်ပါတယ်။ အမျိုးသားများအဖို့ ဇနီးမယား အိမ်ပေါ်ကဆင်းသွားတတ် ပါတယ်။
ကျန်းမာရေး….ကျန်းမာရေး သက်လတ်ပိုင်းတွင် ဆီးချို၊သွေးတိုး ရောဂါတို့ ရတတ်၏။ရေချိုးမှား ရင်ဘတ်အအေးပတ်ခြင်း မဖြစ်အောင်ဆင်ခြင်သင့်၊ အရေပြား ယားယံခြင်းကြုံတွေ့ရတတ်၏။အေးချမ်းရာနေရာတို့၌ မကြာခဏ အနားယူသင့်၏။
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်
* ယနေ့ကြေးသွန်းလောင်းခြင်း၊ရတနာစူးစမ်းရှာဖွေခြင်း ၊အာမခံ၊စာပေစာနယ်ဇင်း ကိစ္စလုပ်ခြင်း၊အစုရှယ်ယာဝင်ခြင်း၊ အလုပ်လျှောက်၊တွေ့ဆုံဆွေးနွေးခြင်းကောင်း၏။
၂ဝ၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက် ဤနေ့ ယာတစန်းလွတ်၍ ခရီးသွားခြင်းကောင်း၏။
၂ဝ၂၃-ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်
ယနေ့ဘုရားအနေကဇာတင်၊ရှင်ပြ ပဥ္စင်းခံ၊ရေတွင်းတူးခြင်း၊တိုက်ခန်းဝယ်၊ကလေးထမင်းခွံ၊အစုရှယ်ယာဝင်ခြင်း၊ မျိုးစေ့ချ၊စာရေးသားခြင်း သစ်ပင်စိုက်၊မိတ်ဆွေသစ်ဖွဲ့၊ ရတနာစူးစမ်းရှာဖွေခြင်း၊အချစ်ရေးစကားပြောဆိုခြင်း ကောင်း၏။
(တနင်္ဂနွေဂြိုဟ် နေ့စက်၁နာရီ၄၈မိနစ်လွန် ကုမ်ရာသီပြောင်းပြီးဖြစ်၍ ရှင်ပြုနားသ စေ့စပ်၊လက်ထပ်မင်္ဂလာအခါရသည်။ အိမ်ဆောက်၊အိမ်တက်မင်္ဂလာအခါရ၏။)
၂ဝ၂၃-ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်
ယနေ့ဘုရားအနေကဇာတင်ခြင်း မြေသန့်မင်္ဂလာ၊နံနက်(၁ဝး၃၁)နာရီလွန်အဝီစိတွင်းတူးခြင်း၊ကုန်ပစ္စည်းသိုလှောင်ခြင်း၊ထီထိုး၊ခွဲစိတ် ကုသမှုခံယူခြင်း၊ငွေကြေးချေးငှားခြင်း၊စူးစမ်းရှာဖွေခြင်း၊အနုပညာတီထွင်ခြင်း၊တရားစီရင်ခြင်း၊စာပေ ကျမ်းဂန်ပြုစုခြင်း၊ခရီးသွားလာခြင်းကောင်း၏။
ယခု ဖေဖော်ဝါရီ လတွင် မိမိလုပ်ငန်းဂဏ္ဍာဆောင်ရွက်ရာ နှင့် ခရီသွားရာတွင် အနောက်အရပ်မျက်နှာမူကာမြေဇာ(၁)ဆုပ်စွန့်ပစ်ပြီးမှသွားပါ။
ကံကောင်းစေသော အကျိူးပေးအရောင် – နို့နှစ်ရောင်နှင့် လိမ္မော်ရောင်၊ပန်းရောင်၊ပုလဲရောင် ဝတ်ဆင်ပါ။
အကျိူးပေး အက္ခရာ နှင့် ဂဏန်း – (ဆ.ခ.ရ.တ) (၃-၂-၈-၇)
ယတြာ – မိမိမွေးနေ့တိုင်း (၃)တိတိ တနင်္လာဂြိဟ်
ထောင့်ဘုရားတွင် ကြံညွန့်, ရွက်လှညွန့်,မေမြို့ပန်း ညွန့်(၉)ညွန့် ဆီးမီးသက်စေ့၊ ဘုရားပူဇော် မေတ္တာသုတ် ရွတ် (၁)ခေါက်ရွတ်ပါ။ရွှေသင်္ကန်းကပ်လှူပါ။မိမိနေ့တွင် ကလေးသူငယ် အဟာရဒါန ပြုပါ။ဥပုဒ်သီလဆောက်တည်ခြင်း၊ အဓိဌာန်ဝင်ခြင်းများ ပြုလုပ်ပါ။ အညံများ လွှတ်ကင်းပါလိမ့်မည်။
ဆရာမင်းသူရ (S.M.TR,Astro)(MDY,မန်းလေး)
09751089826(Viber) 09767817917,09884160606,
Zawgyi
စီးပွားရေး… အလှပြင်၊ဆေးဝါးရောင်းဝယ်ခြင်း၊ကြော်ငြာဆိုင်းဘုတ်လုပ်ငန်း၊သရုပ်ဆောင်လုပ်ငန်း,စာပေစာနယ်ဇင်းလုပ်ငန်း ရေနံနှင့်စက်သုံးဆီရောင်းခြင်း,အိမ်ဆောက်ပစ္စည်း သံတည်ပစ္စည်းရောင်းဝယ်ခြင်း,တိရိစ္ဆာန်ရောင်ခြင်းများ အကျိုးမြတ်ရရှိမည်။ တနင်္လာ၊စနေ, ဗုဒ္ဓဟူးနံ လုပ်ငန်းနှင့် ထိုနေနံသား သမီးများ အကျိုး မပေး,တနင်္လာနံ လုပ်ငန်းသစ်လုပ်ခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်းတို့ ရှောင့်သင့်၏။
ချစ်သူ မိမိကောင်လေးတစ်ခြားကောင်မလေးနဲ့ တစ်ပူးတွဲတွဲမြင်တာနဲ့ စိတ်ဆိုးစိတ်ကောက်ပြီး ပြဿနာရှာတတ်တာ, မိမိကလည် ချစ်သူကို တဝန်တိုး အတ္တဆန်မိခြင်း ဒေါသနှင့်ရန်လို စကားပြောမှားတာမျိုး ဒါက သတိထားစရာဖြစ်၍ ချစ်သူနဲ့ လမ်းခွဲရသည်အထိဖြစ်သွားတတ်ပါသည်။
ယနေ့ဘုရားအနေကဇာတင်၊ရှင်ပြ ပဉ္စင်းခံ၊ရေတွင်းတူးခြင်း၊တိုက်ခန်းဝယ်၊ကလေးထမင်းခွံ၊အစုရှယ်ယာဝင်ခြင်း၊ မျိုးစေ့ချ၊စာရေးသားခြင်း သစ်ပင်စိုက်၊မိတ်ဆွေသစ်ဖွဲ့၊ ရတနာစူးစမ်းရှာဖွေခြင်း၊အချစ်ရေးစကားပြောဆိုခြင်း ကောင်း၏။
ကံကောင်းစေသော အကျိုးပေးအရောင် – နို့နှစ်ရောင်နှင့် လိမ္မော်ရောင်၊ပန်းရောင်၊ပုလဲရောင် ဝတ်ဆင်ပါ။
အကျိုးပေး အက္ခရာ နှင့် ဂဏန်း – (ဆ.ခ.ရ.တ) (၃-၂-၈-၇)
Credit