ထိုင်းသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ် တစ်ခု အဖြစ် စာရင်းတင်ရန် ကနဦးအဆိုပြုချက် UNESCO ကလက်ခံ

News

ထိုင်းသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ် တစ်ခု အဖြစ် စာရင်းတင်ရန် ကနဦးအဆိုပြုချက် UNESCO ကလက်ခံ

ထိုင်းသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ် အဖြစ်စာရင်းတင်ရန် ကနဦးအဆိုပြုချက်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ဖို့အတွက် ကနဦးအဆိုပြုချက်ကို ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှုဌာန (UNSECO) က လက်ခံလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းသင်္ကြန်ပွဲတော်ကို စုန်ကရန်(Songkran)လို့ လူသိများပြီး ထိုင်းရိုးရာ ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage – ICH) အဖြစ် စာရင်းသွင်းနိုင်ဖို့အတွက် Songkran in Thailand, traditional Thai New Year festival နာမည်နဲ့ အဆိုပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ယဉ်ကျေးမှုအမွေအနှစ် (ICH) ဟာ ကမ္ဘာ့အမွေအနှစ်မဟုတ်ပေမဲ့ ကမ္ဘာ့အမွေအနှစ် (World Heritage site) နဲ့ ထပ်တူ ဂုဏ်သိက္ခာကြီးမားတယ်လို့ ဆိုပါတယ်။

မြန်မာလူထုကတော့ သင်္ကြန်ပွဲတော်ဟာ ပုဂံခေတ်ကတည်းက ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာတို့ရဲ့ နှစ်သစ်ကူး ယဉ်ကျေးမှု‌ပွဲတော်ဖြစ်ပြီး အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံဆီ ကူးစက်ခဲ့တာကြောင့် မူလမြန်မာနိုင်ငံကိုကျော်ပြီး UNESCOက အခုလိုခွင့်ပြုတာမျိုး မလုပ်သင့်ဘူးလို့ ဝေဖန်ပြော‌ဆိုမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် လက်ရှိ စစ်ကောင်စီရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ဝေဖန်ပြောဆိုသံတွေလည်း မြင့်တက်နေပါတယ်။

ထိုင်းရိုးရာ နှိပ်နယ်ခြင်း နဲ့ ထိုင်းတောင်ပိုင်းက နိုရာအက တို့ကို ယူနက်စကိုမှာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရပြီး ဖြစ်သလို မြန်မာနိုင်ငံမှာလည်း သနပ်ခါး၊ ပျူ ရှေးဟောင်းမြို့တော်နဲ့ ပုဂံမြို့တို့ဟာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရပါတယ်။

တကယ်လို့သာ ယူနက်စကိုဟာ ထိုင်းသင်္ကြန်ပွဲတော်ကို ICF အဖြစ်လက်ခံ လိုက်ရင်တော့ ထိုင်းနိုင်ငံရဲ့ လေးခုမြောက် ရိုးရာယဉ်ကျေးမှု အမွေအနှစ် ဖြစ်လာမှာပါ။ ဒါ့အပြင် မွေထိုင်း၊ ထိုင်းဆေးခြောက်၊ ထိုင်းဟင်းလျာ၊ သရက်သီး ကောက်ညင်းအုန်းနို့ဆမ်း (Mango Sticky Rice)၊ Phi Ta Khon စတဲ့ ထိုင်းရိုးရာယဉ်ကျေးမှုတွေကိုလည်း ICH စာရင်းတင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မြန်မာပြည်သူတွေကတော့ စစ်အာဏာသိမ်းခံရမှုကြောင့် ပြည်တွင်းစစ်တွေနဲ့ ကြိုးစားရုန်းကန်နေရချိန်မှာ မူလမြန်မာယဉ်ကျေးမှုတွေ အခြားနိုင်ငံရဲ့ ယဉ်ကျေးမှုအဖြစ် သတ်မှတ်ခံလိုက်ရတယ် လို့ယူဆတယ်လို့ဆိုပါတယ်။ Crd

Zawgyi

ထိုင်းသြင်္ကန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ် တစ်ခု အဖြစ် စာရင်းတင်ရန် ကနဦးအဆိုပြုချက် UNESCO ကလက်ခံ

ထိုင်းသြင်္ကန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ် အဖြစ်စာရင်းတင်ရန် ကနဦးအဆိုပြုချက်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ဖို့အတွက် ကနဦးအဆိုပြုချက်ကို ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှုဌာန (UNSECO) က လက်ခံလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းသြင်္ကန်ပွဲတော်ကို စုန်ကရန်(Songkran)လို့ လူသိများပြီး ထိုင်းရိုးရာ ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage – ICH) အဖြစ် စာရင်းသွင်းနိုင်ဖို့အတွက် Songkran in Thailand, traditional Thai New Year festival နာမည်နဲ့ အဆိုပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ယဉ်ကျေးမှုအမွေအနှစ် (ICH) ဟာ ကမ္ဘာ့အမွေအနှစ်မဟုတ်ပေမဲ့ ကမ္ဘာ့အမွေအနှစ် (World Heritage site) နဲ့ ထပ်တူ ဂုဏ်သိက္ခာကြီးမားတယ်လို့ ဆိုပါတယ်။

မြန်မာလူထုကတော့ သြင်္ကန်ပွဲတော်ဟာ ပုဂံခေတ်ကတည်းက ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာတို့ရဲ့ နှစ်သစ်ကူး ယဉ်ကျေးမှု‌ပွဲတော်ဖြစ်ပြီး အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံဆီ ကူးစက်ခဲ့တာကြောင့် မူလမြန်မာနိုင်ငံကိုကျော်ပြီး UNESCOက အခုလိုခွင့်ပြုတာမျိုး မလုပ်သင့်ဘူးလို့ ဝေဖန်ပြော‌ဆိုမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် လက်ရှိ စစ်ကောင်စီရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ဝေဖန်ပြောဆိုသံတွေလည်း မြင့်တက်နေပါတယ်။

ထိုင်းရိုးရာ နှိပ်နယ်ခြင်း နဲ့ ထိုင်းတောင်ပိုင်းက နိုရာအက တို့ကို ယူနက်စကိုမှာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရပြီး ဖြစ်သလို မြန်မာနိုင်ငံမှာလည်း သနပ်ခါး၊ ပျူ ရှေးဟောင်းမြို့တော်နဲ့ ပုဂံမြို့တို့ဟာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရပါတယ်။

တကယ်လို့သာ ယူနက်စကိုဟာ ထိုင်းသြင်္ကန်ပွဲတော်ကို ICF အဖြစ်လက်ခံ လိုက်ရင်တော့ ထိုင်းနိုင်ငံရဲ့ လေးခုမြောက် ရိုးရာယဉ်ကျေးမှု အမွေအနှစ် ဖြစ်လာမှာပါ။ ဒါ့အပြင် မွေထိုင်း၊ ထိုင်းဆေးခြောက်၊ ထိုင်းဟင်းလျာ၊ သရက်သီး ကောက်ညင်းအုန်းနို့ဆမ်း (Mango Sticky Rice)၊ Phi Ta Khon စတဲ့ ထိုင်းရိုးရာယဉ်ကျေးမှုတွေကိုလည်း ICH စာရင်းတင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မြန်မာပြည်သူတွေကတော့ စစ်အာဏာသိမ်းခံရမှုကြောင့် ပြည်တွင်းစစ်တွေနဲ့ ကြိုးစားရုန်းကန်နေရချိန်မှာ မူလမြန်မာယဉ်ကျေးမှုတွေ အခြားနိုင်ငံရဲ့ ယဉ်ကျေးမှုအဖြစ် သတ်မှတ်ခံလိုက်ရတယ် လို့ယူဆတယ်လို့ဆိုပါတယ်။ Crd

Leave a Reply

Your email address will not be published.