ဝမ်းသာစရာသတင်းကောင်းလေးပါပဲ…မြ၀တီမြို့မှာ တစ်လကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ပြန်တွေ့ပြီ
Myanmar | January 19, 2023 | News | No Comments
မြ၀တီမြို့မှာ တစ်လကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ပြန်တွေ့ပြီ
………………
ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊မြ၀တီမြို့မှာ တစ်လကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးငယ်ကိုပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း မြို့ခံလူမှုကူညီရေးပရဟိတသမားတွေနဲ့ ကာယကံရှင်မိသားစုဝင်တွေထံကနေ သိရပါတယ်။
အဲ့ဒီပျောက်ဆုံးသွားခဲ့တဲ့ ကလေးငယ်ကို သထုံမြို့မှာနေထိုင်တဲ့ အဖွားဖြစ်သူက သူရဲ့မြေးအရင်းကို ဖခင်အရင်းထံပြန်ပေးရမှာကို စိုးရိမ်ပြီး လယ်တောထဲက တဲအိမ်လေးမှာ မြေးဖွားနှစ်ယောက် တစ်လကြာအောင်ပုန်းအောင်းနေထိုင်ခဲ့ကြတာဖြစ်တယ်လို့ ကလေးငယ်ကို ဖခင်နဲ့အတူသွားရောက်ရှာဖွေခဲ့တဲ့ ပရဟိသမားတစ်ဦးက ပြောပါတယ်။
“ကလေးသတင်းကိုကြားကြားချင်းမှာ ချက်ချင်းကလေးဖခင်နဲ့အတူ မွန်ပြည်နယ်၊သထုံမြို့နယ်၊ ကျိုက်ကော် ကျေးရွာရထားသံလမ်းအနီးမှာရှိတဲ့ ကလေးငယ်ရှိရာကိုသွားရောက်ခဲ့ပါတယ်။ကလေးဖခင်အရင်းနဲ့ကလေးမိခင်ဘက်ပါ အဖွားအရင်းတို့မျက်နှာချင်းဆိုင်တွေ့ခဲ့ကြပါတယ်။
ကျွန်တော်တစ်ဦးထဲ ကလေးဖခင်အရင်းနဲ့အဖွားအရင်းတို့ကြား ညှိနှိုင်းအဖြေရှာပေးခဲ့ရပါတယ်။နောက်ဆုံးသမက်ဖြစ်သူနဲ့ယောက်က္ခမဖြစ်သူတို့ပြန်ပြီးတော့အဆင်ပြေသွားကြပါတယ်”လို့ မြ၀တီမြို့ခံ ပရဟိတသမားဖြစ်သူ ကိုဘီဝမ်းက သူရဲ့လူမှုကွန်ရက်မှာ ကလေးငယ်ပြန်လည်တွေ့ရှိတဲ့အကြောင်းကို ရေးသားမျှဝေခဲ့တာပါ။
ကလေးငယ်ကိုပြန်လည်တွေ့ရှိစဉ်မှာ အဖွားဖြစ်သူရဲ့ပြောစကားအရ ကလေးငယ်ကိုမွေးကာစအရွယ်ထဲက ထိန်းသိမ်းကျွေးမွေးခဲ့ရကြောင်း၊သမီးဖြစ်သူနေမကောင်းဖြစ်နေချိန် ရောဂါပြန်လည်မသက်သာတော့တာသိရလို့ သမီးဖြစ်သူမသေဆုံးခင် မြေးဖြစ်သူအားတစ်ဦးထဲပိုင်ဆိုင်လိုစိတ်နဲ့ခေါ်ဆောင်လာမိခဲ့ကြောင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
“အမှန်ကအဖေဖြစ်သူကလည်းကလေးရဲ့ဖခင်အရင်းပါ။အဖွားဖြစ်သူက ကလေးကိုပြန်မထည့်ချင်လို့ ပထွေးလို့ပြောရခြင်းဖြစ်ပါတယ်။ကလေးခေါင်းက ရိုက်ထားတဲ့ဒဏ်ရာတွေကလည်း ကလေးအဖေရိုက်ထားတာမဟုတ်ပါဘူး။ကလေးမိခင်အရင်းက မသေဆုံးခင်ကျန်းမာရေးကမကောင်း စိတ်အလိုမကျတဲ့အခါတိုင်းကလေးကို ခဏခဏရိုက်တဲ့အတွက် ငယ်ရွယ်နုနယ်တဲ့ကလေးငယ်မှာမိခင်အပေါ် စိတ်ဆိုးပြီး အဖွားအရင်းထံလိုက်နေခဲ့ရတာဖြစ်တယ်လို့ ပတ်ဝန်ကျင်းပြောစကားအရသိရပါတယ်”လို့ ကိုဘီဝမ်းက ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် အဖွားအရင်းဖြစ်သူကလည်း မြေးအရင်းကို ဖခင်အရင်းသာပိုင်ဆိုင်သည်ကိုသိရှိနေသောကြောင့် မိမိထံကလေးရောက်နေရခြင်းကို ဖခင်ထံအသိမပေးပဲ ဖုန်းကွယ်ထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ကလေးငယ်မိသားစုကြားထဲဖြစ်နေတဲ့ ပြဿနာတွေဟာ ကြားဝင်ညှိနှိုင်းပေးမှုတွေကြောင့် ပြေလည်သွားခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
အခုပြန်လည်တွေ့ရှိခဲ့တဲ့ ကလေးငယ်မောင်ချစ်ချစ်တုန်ဟာ အသက်(၆)နှစ်သာရှိသေးပြီး မပျောက်ဆုံးခင်က မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်၊ရွှေဘုန်းပွင့်(၁၉)လမ်းမှာ မိဘဖြစ်သူတွေနဲ့အတူနေထိုင်သူဖြစ်ပါတယ်။ကလေးငယ်ရဲ့ မိခင်ကတော့ ရောဂါအခံကြောင့် ယခင်လထဲက ဆုံးပါးသွားခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။
crd
ဝမ္းသာစရာသတင္းေကာင္းေလးပါပဲ…ျမ၀တီၿမိဳ႕မွာ တစ္လေက်ာ္ၾကာေပ်ာက္ဆုံးေနတဲ့ ကေလးငယ္ကို ျပန္ေတြ႕ၿပီ
ျမ၀တီၿမိဳ႕မွာ တစ္လေက်ာ္ၾကာေပ်ာက္ဆုံးေနတဲ့ ကေလးငယ္ကို ျပန္ေတြ႕ၿပီ
………………
ဇန္နဝါရီ ၁၉
ကရင္ျပည္နယ္၊ျမ၀တီၿမိဳ႕မွာ တစ္လေက်ာ္ၾကာေပ်ာက္ဆုံးေနတဲ့ ကေလးငယ္ကိုျပန္လည္ေတြ႕ရွိၿပီျဖစ္ေၾကာင္း ၿမိဳ႕ခံလူမႈကူညီေရးပရဟိတသမားေတြနဲ႔ ကာယကံရွင္မိသားစုဝင္ေတြထံကေန သိရပါတယ္။
အဲ့ဒီေပ်ာက္ဆုံးသြားခဲ့တဲ့ ကေလးငယ္ကို သထုံၿမိဳ႕မွာေနထိုင္တဲ့ အဖြားျဖစ္သူက သူရဲ႕ေျမးအရင္းကို ဖခင္အရင္းထံျပန္ေပးရမွာကို စိုးရိမ္ၿပီး လယ္ေတာထဲက တဲအိမ္ေလးမွာ ေျမးဖြားႏွစ္ေယာက္ တစ္လၾကာေအာင္ပုန္းေအာင္းေနထိုင္ခဲ့ၾကတာျဖစ္တယ္လို႔ ကေလးငယ္ကို ဖခင္နဲ႔အတူသြားေရာက္ရွာေဖြခဲ့တဲ့ ပရဟိသမားတစ္ဦးက ေျပာပါတယ္။
“ကေလးသတင္းကိုၾကားၾကားခ်င္းမွာ ခ်က္ခ်င္းကေလးဖခင္နဲ႔အတူ မြန္ျပည္နယ္၊သထုံၿမိဳ႕နယ္၊ က်ိဳက္ေကာ္ ေက်း႐ြာရထားသံလမ္းအနီးမွာရွိတဲ့ ကေလးငယ္ရွိရာကိုသြားေရာက္ခဲ့ပါတယ္။ကေလးဖခင္အရင္းနဲ႔ကေလးမိခင္ဘက္ပါ အဖြားအရင္းတို႔မ်က္ႏွာခ်င္းဆိုင္ေတြ႕ခဲ့ၾကပါတယ္။
ကြၽန္ေတာ္တစ္ဦးထဲ ကေလးဖခင္အရင္းနဲ႔အဖြားအရင္းတို႔ၾကား ညႇိႏႈိင္းအေျဖရွာေပးခဲ့ရပါတယ္။ေနာက္ဆုံးသမက္ျဖစ္သူနဲ႔ေယာက္ကၡမျဖစ္သူတို႔ျပန္ၿပီးေတာ့အဆင္ေျပသြားၾကပါတယ္”လို႔ ျမ၀တီၿမိဳ႕ခံ ပရဟိတသမားျဖစ္သူ ကိုဘီဝမ္းက သူရဲ႕လူမႈကြန္ရက္မွာ ကေလးငယ္ျပန္လည္ေတြ႕ရွိတဲ့အေၾကာင္းကို ေရးသားမွ်ေဝခဲ့တာပါ။
ကေလးငယ္ကိုျပန္လည္ေတြ႕ရွိစဥ္မွာ အဖြားျဖစ္သူရဲ႕ေျပာစကားအရ ကေလးငယ္ကိုေမြးကာစအ႐ြယ္ထဲက ထိန္းသိမ္းေကြၽးေမြးခဲ့ရေၾကာင္း၊သမီးျဖစ္သူေနမေကာင္းျဖစ္ေနခ်ိန္ ေရာဂါျပန္လည္မသက္သာေတာ့တာသိရလို႔ သမီးျဖစ္သူမေသဆုံးခင္ ေျမးျဖစ္သူအားတစ္ဦးထဲပိုင္ဆိုင္လိုစိတ္နဲ႔ေခၚေဆာင္လာမိခဲ့ေၾကာင္းေျပာဆိုခဲ့တယ္လို႔ ဆိုပါတယ္။
“အမွန္ကအေဖျဖစ္သူကလည္းကေလးရဲ႕ဖခင္အရင္းပါ။အဖြားျဖစ္သူက ကေလးကိုျပန္မထည့္ခ်င္လို႔ ပေထြးလို႔ေျပာရျခင္းျဖစ္ပါတယ္။ကေလးေခါင္းက ႐ိုက္ထားတဲ့ဒဏ္ရာေတြကလည္း ကေလးအေဖ႐ိုက္ထားတာမဟုတ္ပါဘူး။ကေလးမိခင္အရင္းက မေသဆုံးခင္က်န္းမာေရးကမေကာင္း စိတ္အလိုမက်တဲ့အခါတိုင္းကေလးကို ခဏခဏ႐ိုက္တဲ့အတြက္ ငယ္႐ြယ္ႏုနယ္တဲ့ကေလးငယ္မွာမိခင္အေပၚ စိတ္ဆိုးၿပီး အဖြားအရင္းထံလိုက္ေနခဲ့ရတာျဖစ္တယ္လို႔ ပတ္ဝန္က်င္းေျပာစကားအရသိရပါတယ္”လို႔ ကိုဘီဝမ္းက ေရးသားေဖာ္ျပထားပါတယ္။
ဒါ့အျပင္ အဖြားအရင္းျဖစ္သူကလည္း ေျမးအရင္းကို ဖခင္အရင္းသာပိုင္ဆိုင္သည္ကိုသိရွိေနေသာေၾကာင့္ မိမိထံကေလးေရာက္ေနရျခင္းကို ဖခင္ထံအသိမေပးပဲ ဖုန္းကြယ္ထားခဲ့တာျဖစ္တယ္လို႔သိရပါတယ္။
လက္ရွိမွာေတာ့ ကေလးငယ္မိသားစုၾကားထဲျဖစ္ေနတဲ့ ျပႆနာေတြဟာ ၾကားဝင္ညႇိႏႈိင္းေပးမႈေတြေၾကာင့္ ေျပလည္သြားခဲ့ၿပီျဖစ္တယ္လို႔ ဆိုပါတယ္။
အခုျပန္လည္ေတြ႕ရွိခဲ့တဲ့ ကေလးငယ္ေမာင္ခ်စ္ခ်စ္တုန္ဟာ အသက္(၆)ႏွစ္သာရွိေသးၿပီး မေပ်ာက္ဆုံးခင္က ျမဝတီၿမိဳ႕၊အမွတ္(၄)ရပ္ကြက္၊ေ႐ႊဘုန္းပြင့္(၁၉)လမ္းမွာ မိဘျဖစ္သူေတြနဲ႔အတူေနထိုင္သူျဖစ္ပါတယ္။ကေလးငယ္ရဲ႕ မိခင္ကေတာ့ ေရာဂါအခံေၾကာင့္ ယခင္လထဲက ဆုံးပါးသြားခဲ့ၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။
crd