အလုပ်လုပ်ဖို့ မြို့တက်သွားပြီး အဆက်အသွယ်ပျက်တောက်သွားတဲ့ သမီးလေးကို ရူးရူးမူးမူးပြန်လည်ရှာဖွေနေခဲ့တဲ့ မိခင်

News

Unicode

အခုခေတ်လူငယ်အတော်များများဟာ ကျေးလက်ဒေသတွေမှာ လုပ်ကိုင်ရှာဖွေရတာခက်ခဲလွန်းလို့ မြို့တက်ကာ (သို့) နိုင်ငံခြားထွက်ပြီး အလုပ်အကိုင်သစ်ရှာဖွေကြလျက်ရှိပါတယ် ။

သို့ပေမဲ့လည်း အချို့သော ငယ်ရွယ်လွန်းသေးတဲ့လူငယ်တွေအတွက်ကတော့ လူမျိုးစုံနဲ့ကြုံတွေ့ရနိုင်လို့ အခက်အခဲပေါင်း မြောက်များစွာရင်ဆိုင်ကြရပြီး မိဘတွေနဲ့လုံးဝအဆက်အသွယ်ပျက်သွားတဲ့ထိတိုင်အောင် တွေ့ကြုံရတတ်ပါတယ် ။

ဒီတစ်ခေါက်မှာလည်း ဗီယက်နမ်နိုင်ငံမှာ နေထိုင်တဲ့ အသက် 20 အရွယ်မိန်းမငယ်လေးဟာ ရွာကနေ အလုပ်လုပ်ဖို့ မြို့တက်သွားခဲ့ပါတယ် ။

သို့ပေမဲ့လည်း မိခင်ဖြစ်သူနဲ့ လုံးဝအဆက်အသွယ် ပျက်တောက်သွားခဲ့လို့ မိခင်ဖြစ်သူဟာ စိုးရိမ်စိတ်နဲ့ သမီးဖြစ်သူကို မြို့အထိ တက်ရှာခဲ့ရပါတယ် ။

မြို့အနှံ့ သမီးလေးရဲ့ ဓာတ်ပုံတစ်ပုံနဲ့ တစ်လတိတိ လိုက်လံရှာဖွေခဲ့ပေမဲ့ သမီးလေးရဲ့သတင်းကို အစအနလေးတောင် မရရှိခဲ့ပါဘူး ။

ဒါကြောင့် နောက်ဆုံး သမီးလေးရဲ့ ပုံကို online ပေါ်တင်ပြီး ရှာဖွေဖို့အထိ ဆုံးဖြတ်ခဲ့ရပါတယ် ။ ငယ်ရွယ်သေးတဲ့ သမီးလေးမို့ အခက်အခဲကြုံတွေ့နေမယ့်စိုးရိမ်စိတ်နဲ့ ခက်ခဲစွာရှာဖွေနေရလို့ မိခင်ဖြစ်သူရဲ့ပုံစံဟာ အားပျက်ပြီး နာကျင်နေတဲ့ ပုံစံမျိုးတောင် ဖြစ်နေခဲ့ပါတော့တယ် ။

crd

Zawgyi







crd

Leave a Reply

Your email address will not be published.