နှစ်သစ်မှာချစ်စရာ သားဦးလေး ကို ပိုင်ဆိုင်ခဲ့ရပြီဖြစ်တဲ့ အဆိုတော်ဝန

News

Unicode

နှစ်သစ်မှာချစ်စရာ သားဦးလေး ကို ပိုင်ဆိုင်ခဲ့ရပြီဖြစ်တဲ့ အဆိုတော်ဝန

အနီးဆုံးလူ သီချင်းနဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေကို သိမ်းပိုက်ထားတဲ့ အဆိုတော်ဝန ကတော့ ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ သားဦးလေးကို

ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။ယနေ့မှာတော့ မိသားစုဝင် အသစ်တစ်ယောက်တိုးလာတဲ့အကြောင်းကို အဆိုတော်ဝနက❤ ဖေဖေ့ နှလုံးသားလေး ❤ဆိုတဲ့

စာသားလေးနဲ့ချစ်စရာကောင်းတဲ့ သားသားလေးရဲ့ပုံလေးတွေကိုလဲ ဝေမျှပေးခဲ့ပါတယ်။ချစ်စရာ သားငယ်လေးကို ယနေ့ နံနက် ၈ နာရီ ၁၉ မိနစ်က

မြစ်ကြီးနားမြို့က ရင်စိန်ဆေးရုံမှာမွေးဖွားခဲ့တာလို့လည်း ပြောပါတယ်။သီချင်းကောင်းလေးတွေကို သီဆိုတဲ့ အဆိုတော် ဝနကတော့ ပြီးခဲ့တဲ့ (၂၀၂၂)ခုနှစ်ကပဲ

လက်ထပ်ခဲ့တာဖြစ်ပါတယ်။အဆိုတော်ဝနက သူ့ထက်အသက်(၁၁)ငယ်တဲ့ ဇနီးဖြစ်သူနဲ့ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခု တည်ထောင်ခဲ့တာပါ။

ယခုချိန်မှာ သူချစ်ရတဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေတာပဲဖြစ်သလို ချစ်စရာကောင်းတဲ့ ဇနီးလေးအပြင် ချစ်စရာကောင်းတဲ့ မိသားစုဝင်သားသားလေးကိုပါ ပိုင်ဆိုင်ထားတဲ့ ဖေဖေဝနဖြစ်နေပါပြီ။

crd

Zawgyi








crd

Leave a Reply

Your email address will not be published.