Unicode
အဖြစ်ဆိုးလိုက်တာ ကလေးရယ်… ?
သာကေတ ၁၀ တောင်၊ ၁၃ ရပ်ကွက် ခရေလမ်း၊ သံလျင်တံတားအိမ်ရာဝင်းမှာခြံသံပန်းတံခါးပိ၍ အသက် (၆) နှစ်အရွယ် သားငယ်လေး မောင်ကောင်းထက်ကျော် အသက်ဆုံးရှူံးခဲ့ရ?
ဝိတ်လေးသည့် သံပန်းတံခါးဟာ အောက်ခြေဘီးတွေက သေးသည့်အပြင် ပြုလုပ်စဉ်ကတည်းက အထိန်းအကွပ်မပါကြောင်းလည်း သိရပါတယ်
ကလေးငယ်အပေါ် လှဲ၍ပိကျသွားတဲ့အချိန် အတော်နာကျင်ခံစားရမှာပါ၊ မှုခင်းလာစစ်တမ်းယူတော့ လူအုပ်နဲ့ဝိုင်းပြီး သံပန်းတံခါးကို မ,ယူကြရတဲ့ အဖြစ်မျိုးပါ။
သံပန်းတပ်ဆင်သူတွေအနေနဲ့ Safety First အရင်ဦးစားပေးဖို့ လိုပါတယ်။ အခုတော့ မဖြစ်သင့်ဘဲ ကလေးငယ်ရဲ့ အသက် ဆုံးရှူံးလိုက်ကြရပြီ၊
တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးလို့လည်း သိရတယ်၊ မိဘတွေတော့ ရင်ကွဲမတတ်ဖြစ်ကြမှာပဲ?
ကလေးငယ်၏ဦးလေးဖြစ်သူ ရေးသည့်စာ-
” အခုတော့ စောက်သုံးမကျတဲ့ သံပန်းလုပ်သူ တွေရယ် အလုပ်တခုလုပ်ရင် ဆရာကျအောင်လုပ်ပါကွာ၊ မူခင်းစစ်လာတော့ ဒီတံခါးကို လူ ( ၇ ) ယောက်မရတယ
အခု ငါ့တူ အသက်တချောင်း ပါသွားပြီ၊ အခုဝိုင်းပြထားတဲ့ နေရာမှာ ပုံမှန်ဆို အထိန်း နှစ်ခုက ပါကိုပါရတယ်။
အခုတော့ကွာ သူဘယ်လောက်တောင် နာကျင်ရမလဲ။တူလေးရယ်?
သားလေး ကောင်းရာဘုံဘဝရောက်ပါစေ
crd
Zawgyi
crd