စစ်ကိုင်းတိုင်း မုံရွာမြို့၊ ကန်သာယာကန်အနီးမှာ အမျိုးသမီးတစ်ဦး TikTok ဆော့ရာမှ မတော်တဆရေထဲပြုတ်ကျသွားလို့
ဒေသခံလူမှုကူညီရေးသမားတွေက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီ ၁၁ ရက်နေ့က မုံရွာမြို့ရှိ ကန်သာယာကန်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အဲ့ဒီဖြစ်စဉ်ဖြစ်ခဲ့တာဟုတ်ပါတယ်။သူကဆော့ရင်းနဲ့ရေထဲမတော်တဆကျသွားတာပါ၊ကျနော်တို့အဖွဲ့ကပဲသူ့ကိုဆေးရုံပို့ဆောင်ပေးခဲ့တာပါ”လို့ မုံရွာမြို့ရှိ လူမှုကယ်ဆယ်ရေးသမားတစ်ဦးက မြန်မာ့ပလက်ဖောင်းသို့ ပြောပြခဲ့ပါတယ်။
အစကနဦးပိုင်းမှာ ကန်ရေထဲပြုတ်ကျခဲ့သည့် အမျိုးသမီး၏ ကျန်းမာရေးဟာ စိုးရိမ်ဖွယ်ရာရှိခဲ့သော်လည်း ဒီကနေ့ မှာ သတိပြန်လည်လာပြီး ကျန်းမာရေးပြန်ကောင်းလာတဲ့ အတွက် ဆေးရုံကနေသူ၏နေအိမ်သို့ပြန်သွားခဲ့ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
“အခုကသတိပြန်ရပြီးအခြေအနေပြန်ကောင်းသွားပါပြီ။ကောင်မလေးက ကနေဒါခြံရပ်ကွက်မှာနေထိုင်တယ်လို့ သိရပါတယ်။အခုတော့သူ့အိမ်ပြန်ရောက်နေပြီလို့သိရပါ
တယ်”လို့ မုံရွာမြို့ဒေသခံတစ်ဦးက သူ၏လူကွန်ရက်မှာ အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြန်လည်မျှဝေထားတာကိုလည်း ယနေ့မှာတွေ့မြင်ရပါတယ်။
ဆက်လက်၍ မုံရွာမြို့ဆေးရုံကြီးနဲ့အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက “သူကရေမွန်းသွားတဲ့သဘောပါပဲ။အခုအခြေအနေလည်းကောင်းပါပြီ၊သူ့အိမ်လည်းပြန်ရောက်နေပြီလို့
သူ့ရပ်ကွက်ထဲမှာနေတဲ့သူတွေရဲ့ ပြောစကားအရသိရပါတယ်”လို့ မြန်မာ့ပလက်ဖောင်းသို့ ပြောပြခဲ့ပါတယ်။
CRD
Zawgyi
စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕၊ ကန္သာယာကန္အနီးမွာ အမ်ိဳးသမီးတစ္ဦး TikTok ေဆာ့ရာမွ မေတာ္တဆေရထဲျပဳတ္က်သြားလို႔
ေဒသခံလူမႈကူညီေရးသမားေတြက ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ရတယ္လို႔ သိရပါတယ္။အဲ့ဒီျဖစ္စဥ္ဟာ ဇန္နဝါရီ ၁၁ ရက္ေန႔က မုံ႐ြာၿမိဳ႕ရွိ ကန္သာယာကန္မွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
“အဲ့ဒီျဖစ္စဥ္ျဖစ္ခဲ့တာဟုတ္ပါတယ္။သူကေဆာ့ရင္းနဲ႔ေရထဲမေတာ္တဆက်သြားတာပါ၊က်ေနာ္တို႔အဖြဲ႕ကပဲသူ႔ကိုေဆး႐ုံပို႔ေဆာင္ေပးခဲ့တာပါ”လို႔ မုံ႐ြာၿမိဳ႕ရွိ လူမႈကယ္ဆယ္ေရးသမားတစ္ဦးက ျမန္မာ့ပလက္ေဖာင္းသို႔ ေျပာျပခဲ့ပါတယ္။
အစကနဦးပိုင္းမွာ ကန္ေရထဲျပဳတ္က်ခဲ့သည့္ အမ်ိဳးသမီး၏ က်န္းမာေရးဟာ စိုးရိမ္ဖြယ္ရာရွိခဲ့ေသာ္လည္း ဒီကေန႔ မွာ သတိျပန္လည္လာၿပီး က်န္းမာေရးျပန္ေကာင္းလာတဲ့ အတြက္ ေဆး႐ုံကေနသူ၏ေနအိမ္သို႔ျပန္သြားခဲ့ၿပီ ျဖစ္တယ္လို႔လည္း သိရပါတယ္။
“အခုကသတိျပန္ရၿပီးအေျခအေနျပန္ေကာင္းသြားပါၿပီ။ေကာင္မေလးက ကေနဒါၿခံရပ္ကြက္မွာေနထိုင္တယ္လို႔ သိရပါတယ္။အခုေတာ့သူ႔အိမ္ျပန္ေရာက္ေနၿပီလို႔သိရပါ
တယ္”လို႔ မုံ႐ြာၿမိဳ႕ေဒသခံတစ္ဦးက သူ၏လူကြန္ရက္မွာ အဲ့ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ျပန္လည္မွ်ေဝထားတာကိုလည္း ယေန႔မွာေတြ႕ျမင္ရပါတယ္။
ဆက္လက္၍ မုံ႐ြာၿမိဳ႕ေဆး႐ုံႀကီးနဲ႔အသိုင္းအဝိုင္းနဲ႔ နီးစပ္သူတစ္ဦးက “သူကေရမြန္းသြားတဲ့သေဘာပါပဲ။အခုအေျခအေနလည္းေကာင္းပါၿပီ၊သူ႔အိမ္လည္းျပန္ေရာက္ေနၿပီလို႔
သူ႔ရပ္ကြက္ထဲမွာေနတဲ့သူေတြရဲ႕ ေျပာစကားအရသိရပါတယ္”လို႔ ျမန္မာ့ပလက္ေဖာင္းသို႔ ေျပာျပခဲ့ပါတယ္။
CRD