Unicode
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ဖို့ပြင်ဆင်ရင်း အမျိုးသမီးရဲဘော်(၂)ဦးကျဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KawLin Revolution-KRက သိရပါတယ်
အခုလ(၇)ရက်က ကောလင်းမြို့ပတ်လည်ကို ထိုးနေတဲ့ စစ်ကောင်စီစစ် ကြောင်းဟာ ကျို့ခုံ၊ဝါးရုံခုံ ရွာကနေမင်းချမ်း၊တဲကြီးကုန်းကို စစ်ကြောင်းထိုးလာချိန်မှာ တိုက်ခိုက်ဖို့အတွက် ရဲမေ(၂)ဦးက လက်လုပ်မိုင်းသယ် ဆောင်ပြီး သွားခဲ့တာဖြစ်ပါတယ်
အဲ့ဒီမှာ ကြိုရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး စစ်ဆေးဖို့လုပ်တဲ့အချိန်မှာ ရဲမေ(၂)ဦးက အသေခံ ဗုံးဖောက်ခွဲခဲ့တာဖြစ်တယ်လို့ KR Teamsက BurmaVJကို အတည်ပြုပြောပါတယ်
“အမျိုးသမီးရဲဘော်နှစ်ဦးဟာ လက်လုပ်မိုင်းကို သယ်လာရင်းဆိုင်ကယ်တစ်စီးနဲ့ စစ်ကြောင်းရှေ့ကိုကြိုပီးရောက်နှင့်အောင် မောင်းခဲ့ကြတယ်။ မထင်မှတ်ပဲ ခွေးစစ်ကြောင်းရှေ့ပွိုင့်နဲ့တိုးရာမှာ ဆိုင်ကယ်ရပ်ခိုင်းပီး စစ်ဆေးဖို့လုပ်ချိန်ပါလာတဲ့မိုင်းနဲ့ ရီမုကို နှိပ်ခွဲကာ ခွေးကိုအပါခေါ်ဖို့နောက်ဆုံးလုပ်ဆောင်သွားခဲ့ကြတယ်
လေးစားပါတယ်ရဲဘော် အသက်နဲ့ရင်းပီးတော်လှန်ရေးကို ဖော်ဆောင်ခဲ့လို့ ။အမျိုးသမီးတွေကအားနွဲ့တယ် တဲ့။ ဘယ်နားများအားနွဲ့သွားသလည်းဗျာ”လို့ KR Teams က ဖော်ပြထားပါတယ်
အသေခံဗုံးဖောက်ခွဲခဲ့တဲ့ ရဲမေ(၂)ဦးဟာ ဒေါ်စုစုရည် အသက်(၄၅)နှစ်နဲ့ မနှင်းဆီလှိုင် အသက်(၂၀)နှစ်တို့ ဖြစ် ပြီး လက်ရှိမှာတော့ ရဲမေ(၂)ဦးက ဘယ်အဖွဲ့ကလဲဆိုတာမပြောနိုင်သေးဘူးလို့ KRက ပြောပါတယ်
ဒါ့အပြင် ရဲမေ(၂)ဦးကျဆုံးပြီးနောက်ရက်မှာ စစ်အုပ်စုက ဒေါ်စုစုရည်အိမ်ကို ချိတ်လာပိတ်သွားပြီး အိမ်ထဲ မှာ သေနတ်နဲ့ပစ်ဖောက်ကာရိုက်ချိုးဖျက်ဆီးခဲ့ကြောင်းနဲ့ မိသားစုဝင်တွေကတော့ လက်ရှိမှာဘေးကင်းတယ်လို့လည်း သိရပါတယ်အသေခံဗုံးခွဲရင်းကျဆုံးခဲ့သည့် ဒေါ်စုစုရည်
Zawgyi
စစ္ကိုင္းတိုင္းေဒသႀကီး ေကာလင္းၿမိဳ႕ကို စစ္ေၾကာင္းထိုးေနတဲ့ စစ္ေကာင္စီစစ္ေၾကာင္းကို မိုင္းဆြဲ တိုက္ခိုက္ဖို႔ျပင္ဆင္ရင္း အမ်ိဳးသမီးရဲေဘာ္(၂)ဦးက်ဆုံးခဲ့တယ္လို႔ ေကာလင္းၿမိဳ႕နယ္ေတာ္လွန္ေရးအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ KawLin Revolution-KRက သိရပါတယ္
အခုလ(၇)ရက္က ေကာလင္းၿမိဳ႕ပတ္လည္ကို ထိုးေနတဲ့ စစ္ေကာင္စီစစ္ ေၾကာင္းဟာ က်ိဳ႕ခုံ၊ဝါး႐ုံခုံ ႐ြာကေနမင္းခ်မ္း၊တဲႀကီးကုန္းကို စစ္ေၾကာင္းထိုးလာခ်ိန္မွာ တိုက္ခိုက္ဖို႔အတြက္ ရဲေမ(၂)ဦးက လက္လုပ္မိုင္းသယ္ ေဆာင္ၿပီး သြားခဲ့တာျဖစ္ပါတယ္
အဲ့ဒီမွာ ႀကိဳေရာက္ေနတဲ့ စစ္ေကာင္စီစစ္ေၾကာင္းနဲ႔တိုးၿပီး စစ္ေဆးဖို႔လုပ္တဲ့အခ်ိန္မွာ ရဲေမ(၂)ဦးက အေသခံ ဗုံးေဖာက္ခြဲခဲ့တာျဖစ္တယ္လို႔ KR Teamsက BurmaVJကို အတည္ျပဳေျပာပါတယ္
“အမ်ိဳးသမီးရဲေဘာ္ႏွစ္ဦးဟာ လက္လုပ္မိုင္းကို သယ္လာရင္းဆိုင္ကယ္တစ္စီးနဲ႔ စစ္ေၾကာင္းေရွ႕ကိုႀကိဳပီးေရာက္ႏွင့္ေအာင္ ေမာင္းခဲ့ၾကတယ္။ မထင္မွတ္ပဲ ေခြးစစ္ေၾကာင္းေရွ႕ပြိဳင့္နဲ႔တိုးရာမွာ ဆိုင္ကယ္ရပ္ခိုင္းပီး စစ္ေဆးဖို႔လုပ္ခ်ိန္ပါလာတဲ့မိုင္းနဲ႔ ရီမုကို ႏွိပ္ခြဲကာ ေခြးကိုအပါေခၚဖို႔ေနာက္ဆုံးလုပ္ေဆာင္သြားခဲ့ၾကတယ္
ေလးစားပါတယ္ရဲေဘာ္ အသက္နဲ႔ရင္းပီးေတာ္လွန္ေရးကို ေဖာ္ေဆာင္ခဲ့လို႔ ။အမ်ိဳးသမီးေတြကအားႏြဲ႕တယ္ တဲ့။ ဘယ္နားမ်ားအားႏြဲ႕သြားသလည္းဗ်ာ”လို႔ KR Teams က ေဖာ္ျပထားပါတယ္
အေသခံဗုံးေဖာက္ခြဲခဲ့တဲ့ ရဲေမ(၂)ဦးဟာ ေဒၚစုစုရည္ အသက္(၄၅)ႏွစ္နဲ႔ မႏွင္းဆီလႈိင္ အသက္(၂၀)ႏွစ္တို႔ ျဖစ္ ၿပီး လက္ရွိမွာေတာ့ ရဲေမ(၂)ဦးက ဘယ္အဖြဲ႕ကလဲဆိုတာမေျပာႏိုင္ေသးဘူးလို႔ KRက ေျပာပါတယ္
ဒါ့အျပင္ ရဲေမ(၂)ဦးက်ဆုံးၿပီးေနာက္ရက္မွာ စစ္အုပ္စုက ေဒၚစုစုရည္အိမ္ကို ခ်ိတ္လာပိတ္သြားၿပီး အိမ္ထဲ မွာ ေသနတ္နဲ႔ပစ္ေဖာက္ကာ႐ိုက္ခ်ိဳးဖ်က္ဆီးခဲ့ေၾကာင္းနဲ႔ မိသားစုဝင္ေတြကေတာ့ လက္ရွိမွာေဘးကင္းတယ္လို႔လည္း သိရပါတယ္အေသခံဗုံးခြဲရင္းက်ဆုံးခဲ့သည့္ ေဒၚစုစုရည္