တစ်ခွက်ကို မြန်မာငွေ ၆သောင်းကနေ ၃ သိန်းကြားရှိ ကမ္ဘာ့ဈေးကြီးဆုံး ကြောင်ကတိုး မစင်က ပြုလုပ်ထားတဲ့ ကော်ဖီ…
ကြောင်ကတိုးခေါ် ကြောင်နံ့သာ တိရစ္ဆာန်သည် နို့တိုက်သတ္တဝါများဖြစ်ကြသည်။
ကြောင်ကတိုးများကို အာဖရိကနှင့် အာရှဒေသများတွင် တွေ့ရလေ့ရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီကို ပြုလုပ်ပေးနိုင်သည်။
Kopi ဆိုတာက ကော်ဖီ ၊ Luwak ဆိုတာ အင်ဒိုနီးရှားဘာသာနဲ့ Civet ကြောင်ကို ခေါ်တာပါ။
မြန်မာလိုဆိုရင်တော့ ကြောင်ကတိုး လို့ခေါ်ပါတယ်။ ကြောင်ကတိုးက ထုတ်တဲ့ကော်ဖီပေါ့။
ပုံမှန်ဈေးကြီးပါတယ်ဆိုတဲ့ကော်ဖီတွေထက် ၁၀ဆလောက်ဈေးပိုကြီးတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီတွေထဲက တစ်မျိုးဖြစ်ပါတယ်။
ကြောင်ကတိုးမစင်မှ ရရှိသော ကော်ဖီသည် အမေရိကန် ဒေါ်လာ ၆၀၀ တန်သည်။
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားမှ လယ်သမားတစ်ဦးသည် အရင်ဆုံး ကော်ဖီသီးလေးများကို ရွေးထုတ်ကာ ကြောင်ကတိုးများကို ကော်ဖီသီးများ ချကျွေးပါသည်။
ကြောင်ကတိုးများသည် ကော်ဖီသီးလေးများကို စားသုံးကြသည်။
ကြောင်ကတိုး၏ အင်ဇိုင်းစနစ် အတွင်းမှာ အစာခြေမှု ပြုလုပ်နေစဉ်အတွင်း ကော်ဖီအစေ့လေးများ ရောနှောသွားပါသည်။ ကြောင်ကတိုးမစင်များကို လိုက်ကောက်ရပါသည်။
ဤစားသောက်ဖွယ်ရာ ကော်ဖီ၏ အရသာ ရလဒ်ကို ပျက်မှာစိုးသည့်အတွက် မစင်စွန့်ထုတ်၍ ရရှိလာသော ကော်ဖီစေ့များကို စင်ကြယ်စွာ ဆေးကြော ပြုလုပ်ရပါသည်။
ထို့နောက် ကော်ဖီစေ့များကို လှော်၍ အမှုန့်ကြိတ်ကာ ကြောင်ကတိုးကော်ဖီ ရရှိလာပါသည်။
ကြောင်ကတိုး ကော်ဖီသည် အလွန်ကောင်းမွန်၍ ခါးသက်သော အရသာရှိသည့် ကော်ဖီဖြစ်ပြီး သောက်ဘူးသူတိုင်း စွဲလန်းနှစ်သက်ကြပေသည်။
အင်ဒိုနီးရှားမှာတော့ ဒီကော်ဖီထုတ်လုပ်မှုကို အကြီးအကျယ်လုပ်လျှက်ရှိပြီး နောက်ထပ် နှစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့မှာလည်း ထုတ်လုပ်လျှက်ရှိပါတယ်။
ဗီယက်နမ် Dak Lak မှာ civet ကြောင်ပေါင်း အကောင် ၃၀၀ ခန့်နဲ့ ထုတ်လုပ်နေသလို ၊ ဖိလစ်ပိုင် Davao မှာ ကောင်ရေ ၂၀၀ နဲ့ Iligan မှာ ကောင်ရေ ၁၀၀ ခန့် နဲ့ ထုတ်လုပ်လျှက်ရှိပါတယ်။
ထုတ်လုပ်တဲ့နေရာ များစွာရှိပေမယ့် မူလထွက်ရှိတဲ့နေရာဖြစ်တဲ့ စူမားတြားကျွန်းက ကော်ဖီကို အကောင်းဆုံးလို့ သတ်မှတ်ထားကြပါတယ်။
ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကော်ဖီဖြစ်နေရခြင်း အကြောင်းကတော့ အရသာကောင်းတဲ့အပြင် အရှားပါးဆုံးဖြစ်နေလို့ပါ။
တစ်နှစ်မှာ ဒီကော်ဖီမှုန့် ၇၀၀ ကီလိုဂရမ်ပဲ ရရှိနိုင်ပါသတဲ့။ ဒီကော်ဖီကို အများဆုံးသောက်သုံးသူတွေကတော့ ဂျပန်တွေဖြစ်ပြီး သူ့နောက်ကတော့ အမေရိကန်တွေဖြစ်ပါတယ်။
ဒီကော်ဖီနာမည်ကြီးရခြင်းမှာ ကျန်းမာရေးကို ကောင်းကျိုးဖြစ်တဲ့အကြောင်းတွေလည်း ပါဝင်ပါတယ်တဲ့။
ဒါတွေကတော့ အသားအရေပျက်စီးခြင်းကို ကာကွယ်တာ ၊ ကင်ဆာကို ဟန့်တားပေးတာ၊ အာရုံကြောအတွက်ကောင်းတာ ၊ ကျောက်တည်တာနဲ့ ဆိုင်တဲ့ရောဂါတွေကိုကောင်းစေတာ ၊ သွားတွေကို ကာကွယ်ပေးတာ နဲ့ ဆီးချိုရောဂါတွေကို ထိမ်းချုပ်ပေးတာ စတာတို့ ဖြစ်ပါတယ်။
မူရင်း ခရက်ဒစ်