“​​နော်​ဖောအယ်ထားနဲ့ သတင်း​တွေထွက်​​နေတာက ​​တော်​​တော်​လေးကို မှားယွင်း​နေပါတယ်ဆိုတဲ့ လွှမ်းပိုင်”

News

Unicode
“​​နော်​ဖောအယ်ထားနဲ့ သတင်း​တွေထွက်​​နေတာက ​​တော်​​တော်​လေးကို မှားယွင်း​နေပါတယ်ဆိုတဲ့ လွှမ်းပိုင်”

အားလုံးပဲအခုချိန်မှာ ကျွန်တော့်ရဲ့RS ကိစ္စနဲ့ပါတ်သက်ပြီး ပြောချင်လို့ပါ။ ထက်နဲ့ကျွန်တော်နဲ့ကိစ္စကိုပြောရရင် တချို့အချိန်တွေမှာ သက်တမ်းကြာလာတဲ့ Rs တွေမှာ Reset လုပ်ဖို့လိုတာတွေရှိပါတယ်။ဒါတွေဟာကြုံဖူးတဲ့သူမှနားလည်နိုင်တာပါ။အချိန်တခုခုနဲ့ပြန်လည်တည်ဆောက်ရတာတွေရှိပါတယ်။

ကျွန်တော်တို့နှစ်ယောက်အခုချိန်ထိလဲ တယောက်ပေါ်တယောက်မုန်းတာ ဘာမှမရှိပါဘူး။နောက်ထပ် Stage တခုကိုတက်လှမ်းဖို့ကအရာရာသေချာနေဖို့လိုပါတယ် အဆင်ပြေနေဖို့လိုပါတယ် ဒါကိုနှစ်ဦးလုံးသဘောတူပြီး ဆုံးဖြတ်ထားတာပါ။ဘာတွေပဲဖြစ်ဖြစ်နှစ်ဦးအဆင်ပြေနေတာပဲ နောက်တဆင့်တက်မယ်ကွာဆိုပြီးလုပ်လို့ရတာ ကလေးတောင်ပြောနိုင်ပင်မဲ့ ယူပြီးသွားမှညှိမရလို့ပျက်သွားရတဲ့အိမ်ထောင်တွေအများကြီးပါ။ကျွန်နော်တို့နှစ်ယောက်အဲ့လိုမဖြစ်ချင်ဘူး ဆိုတာထက်ရောကျွန်တော်ရောသိပါတယ်။ကျွန်တော်တို့ရဲ့ Rs ကသက်တမ်းရှည်တဲ့အတွက်ပြဿနာပိုများပါတယ် ပြဿနာတွေကိုင်တွယ်ဖြေရှင်းခဲ့တာတွေက တချို့နေရာတွေမှာရေတိုနည်းနဲ့ဖြေရှင်းလာတာများတော့ ကြာလာတော့ အစိုင်အခဲတွေအမြင်စောင်းတာတွေနှစ်ဘက်မှာဖြစ်လာရတာတွေရှိပါတယ်။ ဒါတွေဟာဖြစ်ချင်ရာဖြစ်ပြီးရောဆိုဇွတ်ယူပြီးမှရှင်လို့မရပါဘူး မယူခင်အရင်ရှင်းထားမှနှစ်ဖက်အသိုင်ဝိုင်း ကျွန်တော်တို့ဘဝ အိမ်ထောင်ရေးအဆင်ပြေမှာပါရေရှည်မှာ။

ဒါကြောင့်အခုလိုအချိန်တခုယူပြီးအရာရာကို Reset ပြန်ချယူနေရတာပါ။အဲ့ဒါဆိုဘာလို့အချိန်တွေအကြာကြီးတွဲခဲ့လဲ ဘာလို့အခုမှထဖြစ်လဲယူဖို့မစဉ်းစားထားဖူးလားမေးရင်လဲယောကျင်္လေးတယောက်နဲ့တယောက်မတူပါဘူး ဘဝပေါ်ခံယူချက်ချင်း ကျွန်တော်ကအရာရာ ပြည့်စုံမှဘဝတခုကိုစဖို့စနစ်တကျအကောင်ထည်ဖေါ်ချင်တဲ့သူမျိုးမှာပါပါတယ် အတူတူပေါင်းဖက်ဖို့အကောင်ထည်ဖေါ်နေရင်းပြဿနာတွေများလာရတာကတော့ သက်တမ်းရှည်တဲ့ RS တိုင်းကြုံရတဲ့ပြဿနာပါ။ကျွန်တော်တို့နှစ်ယောက်အတွက်အချိန်ယူပြီးစဉ်းစားနေရတာမို့ အမျိုးမျိုးထင်နေကြတာတွေကိုဘာမှမပြောလိုပင်မဲ့တချိန်ချိန်သိလာပါလိမ့်မယ်
အခုပြီးတော့အများထင်သလို ထင်ရာစွဲပြောစွတ်ဆွဲနေတာတွေရပ်တန့်ဖို့ပြောချင်ပါတယ်ခင်ဗျာ။

ဒါဟာကျွန်တော်တို့နှစ်ယောက်အတွက်လဲမကောင်းသလို တဖက်သူအတွက်လဲတော်တော်ကိုထိခိုက်ရတဲ့ကိစ္စမျိုးပါ။သူနဲ့ကျွန်တော်နဲ့ပတ်သက်မှု့ဟာ ရိုက်ကူးရေးလုပ်ဖော်ကိုင်ဖက် မိတ်ဆွေဆိုတာထပ်မပိုတာ ရိုက်ကူးရေးမှာရှိတဲ့သူတွေအကုန်သိပါတယ်။ဒါကိုလက်ရှိကျွန်တော်နဲ့ထက်တို့ ကြားမှာပြဿနာလေးတွေရှိနေလို့အတူတူတွဲသိပ်မမြင်ရချိန်မှာ သူနဲ့တွဲပြီးရိုက်ကူးရေးတွေလုပ်တာများတာကြောင့် အခုလိုကိစ္စဖြစ်လာချိန်မှာ ဒါတွေဟာသူ့ကြောင့်ဆိုပြီးပြောဆိုနေကြတာတွေဟာတော်တော်လေးကိုမှားယွင်းနေပါတယ်။ကျွန်တော်ဟာ ရုပ်ရှင်ဘက်ကလာတာမဟုတ်တဲ့အတွက် မင်းသမီးအများကြီးနဲ့တွဲရိုက်လေ့မရှိတာအားလုံးသိပါတယ်

ကျွန်နော်ရိုက်ခဲ့တဲ့ဇာတ်ကားတွေမှာရိုက်နေကြလူတွေနဲ့ပဲပြန်ပြန်ရိုက်တတ်တဲ့သူပါ ဒါကိုထွက်ခဲ့တဲ့ Video ရုပ်ရှင်တွေကြည့်ရင်သိပါတယ်။အခုလဲထိုနည်းအတူပါပဲ နော်ဖောနဲ့အလုပ်တွဲပိုများတယ်ဆိုတာ အလုပ်လုပ်တာအချိန်တိကျတယ် အလုပ်ပေါ်လေးစားမှု့ရှိတယ်ဆိုတာ သူနဲ့အလုပ်လုပ်ဖူးတဲ့သူတိုင်းသိကြပါတယ် အဲ့ဒါကြောင့်လဲသူနဲ့အတူတူအလုပ်တွေဆက်လုပ်ဖြစ်နေတာလဲပါပါတယ်တခြားဘာရည်ရွယ်ချက်မှမရှိပါဘူးဆိုတာသေချာပါတယ်ဗျာ။

ဒါကိုတချို့သူတွေက မဟုတ်တာအပိုတွေပြောပြီး တဖက်သားအပေါ် Social Media ပေါင်းစုံကနေစွပ်ဆွဲတိုက်ခိုက်နေတာမြင်ရတော့ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။အားလုံးစိတ်အနှောက်ယှက်ဖြစ်ရသွားတာ​တွေအတွက် တောင်းပန်ပါတယ် အချိန်ကစကားပြောပါလိမ့်မယ်ခင်ဗျာ။အမှန်တိုင်းပြောရရင်မပြောချင်ပါဘူး ပြောစရာလဲမလိုပါဘူး ကျွန်တော်နဲ့ထက်တို့ personal ကိစ္စပါလူတွေကဒါကို ပေါ့ပေါ့လေးတွေးပြီးကျွန်နော်တို့ကိုချစ်လို့ဝိုင်းပြီး အမျိုးမျိုးတွေထင်ရာတွေနဲ့လျှောက်ပြော တိုက်ခိုက်နေကြတာ အရမ်းမှားနေလို့ရှင်းပြရတာပါ ဒါပထမဆုံးနဲ့နောက်ဆုံးပါပဲခင်ဗျာ ?

#CeleChoiceTV

Zawgyi







#CeleChoiceTV

Leave a Reply

Your email address will not be published.