ဒီဘဝမှာ ရှိသမျှ ဝဋ်ကြွေးအကုန် ပေးဆပ်သွားရမယ့် ဂမ္ဘီရကြက်ခြေ လက္ခဏာရှင်တို့ အကြောင်း
ဂမ္ဘီရကြက်ခြေ ပါသူတွေဟာ လောကဓံ ပေါင်းစုံကို အကုန်စင်ခံရပြီး အနည်းဆုံး သောတာပန် ဖြစ်မယ့် ပုဂ္ဂိုလ်တွေပါ။ ရှိသမျှ ဝဋ်ကြွေးတွေ ပေးဆပ်ရခြင်းသဘောပါ ဘယ်တော့မှ ထမင်းမငတ်ပါဘူး သူတစ်ပါးလက်ချက်နှင့် ဘယ်တော့မှမေ-သဘူး။
ကိုယ်စိတ်ကတော့ အနားမရဘဲ ပင်ပန်းပါမယ်။ တရားထိုင်ရင် တရားထူး အမြန်ရပါတယ်။ ထူးခြားသူများနှင့် ထူးခြားဖြစ်စဉ်များကို ကြုံရမြင်ရပါမယ်။
(၁) အများအတွက် လူပင်ပန်း စိတ်ပင်ပန်း ရပါမယ် အကျိုးဆောင်လိုက်ပါ။ (၂) အများအားကိုးတာ ခံရပါ့မယ် (၃) အိပ်မက်ထူးများ မြင်မက်ပါတယ် (၄) တစ်ခါမှ မရောက်ဖူးတဲ့နေရာ ရောက်သွားရင် ရင်းနှီးစွာ သိနေတတ်ပါတယ်။
(၅) မသန့်တဲ့နေရာ အသုံးအဆောင် နဲ့ကြုံတဲ့ အခါ ချက်ချင်း စိတ်ကသိပြီး ဓါတ်ပြင်းတဲ့ သူတွေဆိုရင် ယားယံ လာတတ်တယ်။
(၆) လူတစ်ယောက်ကို ချက်ခြင်းအကဲခတ် မသိစိတ်က ပုံဖော်ပြီး လူကောင်း ဟုတ် မဟုတ် ချက်ခြင်းသိပါတယ်
(၇) ဓါတ်ပြင်းတဲ့ သူတွေဆိုရင် စုန်းတစ္ဆေ ပူးသူနားရောက်တာနဲ့ ချက်ခြင်း ရောဂါပျောက်ပါတယ်။ (၈) မွေးမြူရေးလုပ်ပါက အရင်းပြုတ် တတ်ပါတယ်။
(၉) အကုသိုလ်အလုပ် ဘာမှအကျိုးမပေး (၁၀) မီးလောင် ရေနစ် ဓါတ်လိုက် မျိုးစုံ ကြုံဖူးပါမယ် (၁၁) အိမ်ထောင်ရေး သာယာမှု နည်းပါးပါတယ် ကွဲတတ်ပါတယ် မကွဲရင်တောင် ခွဲနေရတတ်ပါတယ်
(၁၂) အခက်အခဲ သိပ်ကြုံလာရင် နောက်ဆုံး အချိန် မှာ ကူညီမဲ့သူ ပေါ်လာတတ်ပါတယ် ဘယ်တော့မှ ဒုက္ခမရောက်ပါ။
(၁၃) အချုပ်အနှောင် ကိန်းတွေလဲ ကြုံရတတ်ပါတယ်။ (၁၄) သွားပုပ်လေလွင့် အပြောခံရတတ်ပါတယ် (၁၅) ဘဝနေဝင်ချိန်မှ ဥစ္စာချမ်းသာ တရားအသိ ချမ်းသာရပါမယ်။ (၁၆)ပထမ ဒုတိယ တတိယ အရွယ်တွေမှာ ခံရပြီး စတုတ္ထအရွယ်ရောက်ပါမှ အေးချမ်းရပါမယ်။
ကြီးပွားချမ်းသာပြီး အထွတ်အထိပ်သို့ ရောက်တတ်သည်။ ငယ်ရွယ်စဉ်မှာ မချမ်းသာ သေးရင်လည်း ကြီးလာသောအခါ ပြည့်ပြည့်စုံစုံနေရတတ်တယ်။ ဆဌမအာရုံ အကြား အမြင် ရတတ်ပါသည်။ ဘယ်သူတွေက ကိုယ်အပေါ်ဘယ်လို ဆက်ဆံတယ်ဆိုတာ ချက်ခြင်းသိသည်။
အခက်အခဲတွေကို ကျော်ဖြတ်နိုင်တယ်။ ကြိုတင်သိမြင် တတ်တယ်။ အချစ်ရေးမှာတော့ မိမိချစ်သလောက် ပြန်မချစ်တတ် သူနဲ့ တွေ့ရတတ်တယ်။
မိမိသေသွားခဲ့ရင်တောင် နာမည်တစ်လုံး ကျန်ခဲ့သူဖြစ် မည်။ ခေါင်ဆောင်ကောင်း အကြီးအကဲဖြစ်တတ်တယ်။ ဘာသာရေး အထူးလုပ်တတ် ကုန်းကောက်စရာ မရှိအောင်မွဲပါစေ၊ မကြာခင် ချမ်းသာမည်။
စိတ်ကောင်းရှိသူ မိတ်ဆွေပေါသူ အနုပညာဝါသနာကြီးသူ စာပေတေးကဗျာ အောင်မြင်ပြီး အသံအဆိုကောင်းသူ လူလိမ်များကို လိမ်တာနဲ့သိတယ်။ လိမ်ညာသူကို မုန်းသည် ချုပ်ချယ်မှုကို မကြိုက် ဗြောင်ပြောတတ်သူဖြစ်တယ်။
အသက်ရှည်ပြီး ဘေးရန်ကင်းသူ၊ ထီ သုံးကြိမ်ထက်မနည်း ကံထူးသူ၊ သူများဒုက္ခရောက် ရင် ကူညီတတ်သူ၊ ဆန်းပွင့်တတ်သူ။
မွေးရပ်မြေနဲ့ ဝေးကွာစွာနေရတတ်သည်။ အပူအပင်ကင်းစွာ ဘဝကို ရပ်တည်တတ်သူ။ ကျေးဇူး မမေ့တတ်သူ၊ အလွမ်းအဆွေးကြီးသူ မျက်ရည်ဝဲတတ်သူ၊ ဘာပဲဝတ်ဝတ် အချိုးကျပြီး မြင်သူ တကာငေးရတတ်သူဖြစ်တယ်။ ဘုရား တရားများများ လုပ်ဖို့က မိမိတာဝန်ပါ။
ဒီဘဝမွာ ရွိသမွ် ဝဋ္ေႂကြးအကုန္ ေပးဆပ္သြားရမယ့္ ဂမၻီရၾကက္ေျခ လကၡဏာရွင္တို႔ အေၾကာင္း
ဂမၻီရၾကက္ေျခ ပါသူေတြဟာ ေလာကဓံ ေပါင္းစုံကို အကုန္စင္ခံရၿပီး အနည္းဆုံး ေသာတာပန္ ျဖစ္မယ့္ ပုဂၢိဳလ္ေတြပါ။ ရွိသမွ် ဝဋ္ေႂကြးေတြ ေပးဆပ္ရျခင္းသေဘာပါ ဘယ္ေတာ့မွ ထမင္းမငတ္ပါဘူး သူတစ္ပါးလက္ခ်က္ႏွင့္ ဘယ္ေတာ့မွမေ-သဘူး။
ကိုယ္စိတ္ကေတာ့ အနားမရဘဲ ပင္ပန္းပါမယ္။ တရားထိုင္ရင္ တရားထူး အျမန္ရပါတယ္။ ထူးျခားသူမ်ားႏွင့္ ထူးျခားျဖစ္စဥ္မ်ားကို ႀကဳံရျမင္ရပါမယ္။
(၁) အမ်ားအတြက္ လူပင္ပန္း စိတ္ပင္ပန္း ရပါမယ္ အက်ိဳးေဆာင္လိုက္ပါ။ (၂) အမ်ားအားကိုးတာ ခံရပါ့မယ္ (၃) အိပ္မက္ထူးမ်ား ျမင္မက္ပါတယ္ (၄) တစ္ခါမွ မေရာက္ဖူးတဲ့ေနရာ ေရာက္သြားရင္ ရင္းႏွီးစြာ သိေနတတ္ပါတယ္။
(၅) မသန႔္တဲ့ေနရာ အသုံးအေဆာင္ နဲ႔ႀကဳံတဲ့ အခါ ခ်က္ခ်င္း စိတ္ကသိၿပီး ဓါတ္ျပင္းတဲ့ သူေတြဆိုရင္ ယားယံ လာတတ္တယ္။
(၆) လူတစ္ေယာက္ကို ခ်က္ျခင္းအကဲခတ္ မသိစိတ္က ပုံေဖာ္ၿပီး လူေကာင္း ဟုတ္ မဟုတ္ ခ်က္ျခင္းသိပါတယ္
(၇) ဓါတ္ျပင္းတဲ့ သူေတြဆိုရင္ စုန္းတေစၦ ပူးသူနားေရာက္တာနဲ႔ ခ်က္ျခင္း ေရာဂါေပ်ာက္ပါတယ္။ (၈) ေမြးျမဴေရးလုပ္ပါက အရင္းျပဳတ္ တတ္ပါတယ္။
(၉) အကုသိုလ္အလုပ္ ဘာမွအက်ိဳးမေပး (၁၀) မီးေလာင္ ေရနစ္ ဓါတ္လိုက္ မ်ိဳးစုံ ႀကဳံဖူးပါမယ္ (၁၁) အိမ္ေထာင္ေရး သာယာမႈ နည္းပါးပါတယ္ ကြဲတတ္ပါတယ္ မကြဲရင္ေတာင္ ခြဲေနရတတ္ပါတယ္
(၁၂) အခက္အခဲ သိပ္ႀကဳံလာရင္ ေနာက္ဆုံး အခ်ိန္ မွာ ကူညီမဲ့သူ ေပၚလာတတ္ပါတယ္ ဘယ္ေတာ့မွ ဒုကၡမေရာက္ပါ။
(၁၃) အခ်ဳပ္အေႏွာင္ ကိန္းေတြလဲ ႀကဳံရတတ္ပါတယ္။ (၁၄) သြားပုပ္ေလလြင့္ အေျပာခံရတတ္ပါတယ္ (၁၅) ဘဝေနဝင္ခ်ိန္မွ ဥစၥာခ်မ္းသာ တရားအသိ ခ်မ္းသာရပါမယ္။ (၁၆)ပထမ ဒုတိယ တတိယ အ႐ြယ္ေတြမွာ ခံရၿပီး စတုတၳအ႐ြယ္ေရာက္ပါမွ ေအးခ်မ္းရပါမယ္။
ႀကီးပြားခ်မ္းသာၿပီး အထြတ္အထိပ္သို႔ ေရာက္တတ္သည္။ ငယ္႐ြယ္စဥ္မွာ မခ်မ္းသာ ေသးရင္လည္း ႀကီးလာေသာအခါ ျပည့္ျပည့္စုံစုံေနရတတ္တယ္။ ဆဌမအာ႐ုံ အၾကား အျမင္ ရတတ္ပါသည္။ ဘယ္သူေတြက ကိုယ္အေပၚဘယ္လို ဆက္ဆံတယ္ဆိုတာ ခ်က္ျခင္းသိသည္။
အခက္အခဲေတြကို ေက်ာ္ျဖတ္ႏိုင္တယ္။ ႀကိဳတင္သိျမင္ တတ္တယ္။ အခ်စ္ေရးမွာေတာ့ မိမိခ်စ္သေလာက္ ျပန္မခ်စ္တတ္ သူနဲ႔ ေတြ႕ရတတ္တယ္။
မိမိေသသြားခဲ့ရင္ေတာင္ နာမည္တစ္လုံး က်န္ခဲ့သူျဖစ္ မည္။ ေခါင္ေဆာင္ေကာင္း အႀကီးအကဲျဖစ္တတ္တယ္။ ဘာသာေရး အထူးလုပ္တတ္ ကုန္းေကာက္စရာ မရွိေအာင္မြဲပါေစ၊ မၾကာခင္ ခ်မ္းသာမည္။
စိတ္ေကာင္းရွိသူ မိတ္ေဆြေပါသူ အႏုပညာဝါသနာႀကီးသူ စာေပေတးကဗ်ာ ေအာင္ျမင္ၿပီး အသံအဆိုေကာင္းသူ လူလိမ္မ်ားကို လိမ္တာနဲ႔သိတယ္။ လိမ္ညာသူကို မုန္းသည္ ခ်ဳပ္ခ်ယ္မႈကို မႀကိဳက္ ေျဗာင္ေျပာတတ္သူျဖစ္တယ္။
အသက္ရွည္ၿပီး ေဘးရန္ကင္းသူ၊ ထီ သုံးႀကိမ္ထက္မနည္း ကံထူးသူ၊ သူမ်ားဒုကၡေရာက္ ရင္ ကူညီတတ္သူ၊ ဆန္းပြင့္တတ္သူ။
ေမြးရပ္ေျမနဲ႔ ေဝးကြာစြာေနရတတ္သည္။ အပူအပင္ကင္းစြာ ဘဝကို ရပ္တည္တတ္သူ။ ေက်းဇူး မေမ့တတ္သူ၊ အလြမ္းအေဆြးႀကီးသူ မ်က္ရည္ဝဲတတ္သူ၊ ဘာပဲဝတ္ဝတ္ အခ်ိဳးက်ၿပီး ျမင္သူ တကာေငးရတတ္သူျဖစ္တယ္။ ဘုရား တရားမ်ားမ်ား လုပ္ဖို႔က မိမိတာဝန္ပါ။
Credit