Star of Bethlehem လို့ခေါ်တဲ့ ခရစ်စမတ်ကြယ် (တနည်း) ယေရှုခရစ်တော် ဖွားမြင်စဉ်က လမ်းပြခဲ့တဲ့ ကြယ်လေးဟာ ဒဏ္ဍာရီ ဆန်ဆန် ဖြေရှင်းရခက်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့်က ပညာရှိ (ဘုရင်) ကြီး (၃) ဦးဟာ အင်မတန်ထူးဆန်းစွာ လင်းလက်တောက်ပနေတဲ့ ကြယ်လေးတစ်ခုရဲ့နောက်ကို လိုက်ပါရင်း ယေရှုခရစ်တော်ဖွားမြင်ခဲ့တဲ့ ဘယ်လင်ဟမ် မြို့ငယ်လေးကို ရောက်ရှိလာခဲ့ကြပါတယ်။ ဂျူးလူမျိုးတို့ရဲ့ အရှင်သခင် ဖွားမြင်ပြီဆိုပြီး ထိုစဉ်က ဘုရင်ဖြစ်သူ Herod ဘုရင်အား လျှောက်ထားခဲ့ခြင်းကြောင့် ဘယ်လင်ဟမ် အပါအဝင် နိုင်ငံအဝှမ်းက မွေးကင်းစကလေးငယ်အားလုံး အသတ်ခံခဲ့ရပါတယ်။
မည်သို့ပင်ဆိုစေ.. ရာဇဝင်ထဲက ဘယ်လင်ဟမ်ကြယ်လေးဟာ ဘယ်အရာဖြစ်မလဲဆိုတာကို သိပ္ပံနည်းကျ ရှင်းပြနိုင်ဖို့ ပညာရှင်တွေ ကြိုးစားခဲ့ကြပါတယ်။ ကမ္ဘာမြေကနေ အခုလို လင်းလက်စွာမြင်ရတဲ့ အရာဟာ ကြယ်၊ ကြယ်တံခွန်၊ စူပါနိုဗာ (ကြယ်ပေါက်ကွဲခြင်း) နဲ့ ဂြိုဟ်ပူးခြင်းတို့သာ ဖြစ်နိုင်ပါတယ်။ ဒီတော့.. လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ဘယ်လင်ဟမ်ကြယ်ဟာ ဘယ်အရာဖြစ်မလဲ..??
ဟေလီကြယ်တံခွန်ကို BC ၁၁ ရာစုမှာ မြင်တွေ့ခဲ့ရပေမယ့် အခုလို တိတိကျကျ အချက်ပြနိုင်ဖို့ ဖြစ်နိုင်ချေဟာ သိပ်ကိုနည်းပါးပါတယ်။ နောက်ပြီး စူပါနိုဗာလို့ ပြောဖို့အတွက်ကလည်း ထိုအချိန်အခါသမယမှာ ကြယ်ပေါက်ကွဲခဲ့ခြင်းမျိုးလည်း ယနေ့ခေတ် နည်းပညာနဲ့ ရှာမတွေ့ခဲ့ပါ။ ပညာရှိကြီးများဟာ ဘက္ကဒက်မြို့ကနေ ဂျေရုစလင်၊ ထိုမှတဆင့် ဘယ်လင်ဟမ်အထိ ထိုကြယ်နောက်ကို ခရီးနှင်ခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာဟာ လည်နေတဲ့အတွက် ကြယ်ဟာ တနေရာတည်းမှာတော့ တသတ်မတ်တည်းရှိနေမှာ မဟုတ်ပါ။
ထို့အတွက်ကြောင့်မို့ ဖြစ်တန်နိုင်ချေ (၂) ခုသာ ရှိပါတယ်။ ပထမတစ်ခုက ကောင်းကင်က ကြယ်နက္ခတ်အားလုံးကို ရည်ညွှန်းခြင်း ဖြစ်နိုင်ပါတယ်။ နက္ခတ်ဗေဒင်သဘောတရားများကို တွက်ချက်ပြီး ပညာရှိကြီးများ ရောက်ရှိလာတယ်လို့ ယူဆနိုင်သလို.. နောက်တချက်ကတော့.. ဂြိုဟ်ပူးခြင်းကြောင့်လို့ ဖြစ်နိုင်ချေရှိပါတယ်။ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလ (၂၁) ရက်နေ့က ဂျူပီတာ နဲ့ စေတန် တို့ ပူးကပ်ခြင်းဖြစ်စဉ်ကို ကျနော်တို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြပါတယ်။ ဒီလိုမျိုး ပူးကပ်ဖို့ဆိုတာ အချိန် ရက်သတ္တပတ် နဲ့ချီပြီး ဖြစ်လာရတာမို့.. ပညာရှိကြီးများဟာ ထိုဖြစ်စဉ်နောက်ကို လိုက်ကြခြင်းလည်း ဖြစ်နိုင်ပါတယ်။
Star if Bethlehem လို့ခေါ်တဲ့ ခရစ်စမတ်ကြယ်လေးဟာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ တန်ဘိုးထားရတဲ့ အရာလေးဖြစ်သလို ခရစ်စမတ် သစ်ပင်များမှာလည်း အမြတ်တနိုး ချိတ်ဆွဲထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ခရစ်စမတ်ကြယ်ဟာ သိပ္ပံနည်းကျ ဖော်မပြနိုင်တဲ့ ထူးဆန်းအံ့ဩဖွယ် အရာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။
(Space.com မှ What is star of Bethlehem ဆောင်းပါးအား ဆီလျှော်အောင် ဘာသာပြန်ပါသည်။)
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
Zawgyi
Star of Bethlehem လို႔ေခၚတဲ့ ခရစ္စမတ္ၾကယ္ (တနည္း) ေယရႈခရစ္ေတာ္ ဖြားျမင္စဥ္က လမ္းျပခဲ့တဲ့ ၾကယ္ေလးဟာ ဒ႑ာရီ ဆန္ဆန္ ေျဖရွင္းရခက္ေနတဲ့ အရာတစ္ခုျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀၀ ခန႔္က ပညာရွိ (ဘုရင္) ႀကီး (၃) ဦးဟာ အင္မတန္ထူးဆန္းစြာ လင္းလက္ေတာက္ပေနတဲ့ ၾကယ္ေလးတစ္ခုရဲ႕ေနာက္ကို လိုက္ပါရင္း ေယရႈခရစ္ေတာ္ဖြားျမင္ခဲ့တဲ့ ဘယ္လင္ဟမ္ ၿမိဳ႕ငယ္ေလးကို ေရာက္ရွိလာခဲ့ၾကပါတယ္။ ဂ်ဴးလူမ်ိဳးတို႔ရဲ႕ အရွင္သခင္ ဖြားျမင္ၿပီဆိုၿပီး ထိုစဥ္က ဘုရင္ျဖစ္သူ Herod ဘုရင္အား ေလွ်ာက္ထားခဲ့ျခင္းေၾကာင့္ ဘယ္လင္ဟမ္ အပါအဝင္ ႏိုင္ငံအဝွမ္းက ေမြးကင္းစကေလးငယ္အားလုံး အသတ္ခံခဲ့ရပါတယ္။
မည္သို႔ပင္ဆိုေစ.. ရာဇဝင္ထဲက ဘယ္လင္ဟမ္ၾကယ္ေလးဟာ ဘယ္အရာျဖစ္မလဲဆိုတာကို သိပၸံနည္းက် ရွင္းျပႏိုင္ဖို႔ ပညာရွင္ေတြ ႀကိဳးစားခဲ့ၾကပါတယ္။ ကမာၻေျမကေန အခုလို လင္းလက္စြာျမင္ရတဲ့ အရာဟာ ၾကယ္၊ ၾကယ္တံခြန္၊ စူပါႏိုဗာ (ၾကယ္ေပါက္ကြဲျခင္း) နဲ႔ ၿဂိဳဟ္ပူးျခင္းတို႔သာ ျဖစ္ႏိုင္ပါတယ္။ ဒီေတာ့.. လြန္ခဲ့တဲ့ ႏွစ္ ၂၀၀၀ က ဘယ္လင္ဟမ္ၾကယ္ဟာ ဘယ္အရာျဖစ္မလဲ..??
ေဟလီၾကယ္တံခြန္ကို BC ၁၁ ရာစုမွာ ျမင္ေတြ႕ခဲ့ရေပမယ့္ အခုလို တိတိက်က် အခ်က္ျပႏိုင္ဖို႔ ျဖစ္ႏိုင္ေခ်ဟာ သိပ္ကိုနည္းပါးပါတယ္။ ေနာက္ၿပီး စူပါႏိုဗာလို႔ ေျပာဖို႔အတြက္ကလည္း ထိုအခ်ိန္အခါသမယမွာ ၾကယ္ေပါက္ကြဲခဲ့ျခင္းမ်ိဳးလည္း ယေန႔ေခတ္ နည္းပညာနဲ႔ ရွာမေတြ႕ခဲ့ပါ။ ပညာရွိႀကီးမ်ားဟာ ဘကၠဒက္ၿမိဳ႕ကေန ေဂ်႐ုစလင္၊ ထိုမွတဆင့္ ဘယ္လင္ဟမ္အထိ ထိုၾကယ္ေနာက္ကို ခရီးႏွင္ခဲ့ၾကတာျဖစ္ပါတယ္။ ကမာၻဟာ လည္ေနတဲ့အတြက္ ၾကယ္ဟာ တေနရာတည္းမွာေတာ့ တသတ္မတ္တည္းရွိေနမွာ မဟုတ္ပါ။
ထို႔အတြက္ေၾကာင့္မို႔ ျဖစ္တန္ႏိုင္ေခ် (၂) ခုသာ ရွိပါတယ္။ ပထမတစ္ခုက ေကာင္းကင္က ၾကယ္နကၡတ္အားလုံးကို ရည္ၫႊန္းျခင္း ျဖစ္ႏိုင္ပါတယ္။ နကၡတ္ေဗဒင္သေဘာတရားမ်ားကို တြက္ခ်က္ၿပီး ပညာရွိႀကီးမ်ား ေရာက္ရွိလာတယ္လို႔ ယူဆႏိုင္သလို.. ေနာက္တခ်က္ကေတာ့.. ၿဂိဳဟ္ပူးျခင္းေၾကာင့္လို႔ ျဖစ္ႏိုင္ေခ်ရွိပါတယ္။ ၂၀၂၀ ခုႏွစ္ဒီဇင္ဘာလ (၂၁) ရက္ေန႔က ဂ်ဴပီတာ နဲ႔ ေစတန္ တို႔ ပူးကပ္ျခင္းျဖစ္စဥ္ကို က်ေနာ္တို႔ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ၾကပါတယ္။ ဒီလိုမ်ိဳး ပူးကပ္ဖို႔ဆိုတာ အခ်ိန္ ရက္သတၱပတ္ နဲ႔ခ်ီၿပီး ျဖစ္လာရတာမို႔.. ပညာရွိႀကီးမ်ားဟာ ထိုျဖစ္စဥ္ေနာက္ကို လိုက္ၾကျခင္းလည္း ျဖစ္ႏိုင္ပါတယ္။
Star if Bethlehem လို႔ေခၚတဲ့ ခရစ္စမတ္ၾကယ္ေလးဟာ ခရစ္ယာန္ဘာသာဝင္တို႔ရဲ႕ တန္ဘိုးထားရတဲ့ အရာေလးျဖစ္သလို ခရစ္စမတ္ သစ္ပင္မ်ားမွာလည္း အျမတ္တႏိုး ခ်ိတ္ဆြဲထားတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ ခရစ္စမတ္ၾကယ္ဟာ သိပၸံနည္းက် ေဖာ္မျပႏိုင္တဲ့ ထူးဆန္းအံ့ဩဖြယ္ အရာတစ္ခုလည္း ျဖစ္ေနႏိုင္ပါတယ္။
(Space.com မွ What is star of Bethlehem ေဆာင္းပါးအား ဆီေလွ်ာ္ေအာင္ ဘာသာျပန္ပါသည္။)
အနာဂတ္ပညာေရးအတြက္..
သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)