အိမ်တွင်းမှာ မသိမသာလူသတ်နေသော သံကျွတ်ဒယ်အိုးတွေ… (သို့) မီးဖိုချောင်ထဲက နတ်ဆိုး

Knowledge

အိမ်တွင်းမှာ မသိမသာလူသတ်နေသော သံကျွတ်ဒယ်အိုးတွေ… (သို့) မီးဖိုချောင်ထဲက နတ်ဆိုး

ဟောင်ကောင်စားသုံးသူကာကွယ်ရေးအဖွဲ့က နာမည်ကြီး အမှတ်တံဆိပ် (၇) ခုကို ယူစစ်ဆေးရာမှာ (၄) ခုဟာ နိုင်ငံတကာက ခွင့်ပြုထားတဲ့စံပမာဏထက် သံသတ္ထုဓါတ်တွေ ပိုထွက်နေတာကို တွေ့ရှိခဲ့ပါတယ်။ သူတို့စစ်ဆေးတာဟာ အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၅၀၀ ကြား တန်ကြေးရှိတဲ့ ပြင်သစ်၊ ဂျပန်၊ အမေရိကန်၊ တရုတ်ကထုတ်တဲ့

နာမည်ကျော်ဘရန်းတွေပါ။ ဒီကြွေရည်သုတ် သံဒယ်အိုးတွေကို ၉၅’C မှာ (၂) နာရီအကြာထားပြီး ဟင်းချက်စစ်ဆေးခဲ့တာပါ။ တချို့အိုးတွေဟာ သတ်မှတ်စံနှုန်းတွေထက် ၁၆ ဆ ကနေ ၅၄ ဆ အထိ သံသတ္ထုဓါတ်တွေ အပူပေးရာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အထူးအားဖြင့် ဂျင်း၊ ဗနီကာနဲ့ပေါင်းတဲ့ အသားတုံးတွေလို အက်ဆစ်ပါတဲ့အစားအစာတွေက

သံဓါတ်တွေကို ပိုပြီးထွက်လာစေပါတယ်။ အဲလို သံဓါတ်တမျိုးမျိုးပါတဲ့ ဟင်းတွေကို စားမိရင် ပြဿနာတွေကတော့ ခေါင်းကိုက်ပြီး မအီမလည်ဖြစ်တာ၊ ဝမ်းသွားတာ၊ လည်ပင်းကြီးတာ၊ လက်တွေတုန်တာ စတဲ့ရောဂါတွေ မသိမသာ ဖြစ်ပေါ်လာကြပါလိမ့်မည်။ ဒါကြောင့်စစ်ဆေးရေးအဖွဲ့ဟာ ကြွေရည်အလွှာတွေ အက်နေတဲ့ သံဒယ်အိုးတွေကို ဆက်မသုံးကြဖို့၊

ကြွေရည် မသုတ်ထားတဲ့ သံဒယ်ပိုင်းတွေကို မသုံးကြဖို့ အကြံပြုပါတယ်။ ဒယ်အိုးကုမ္ပဏီတွေကတော့ သူတို့ product တွေဟာ ISO, USA standard, EU standard တွေနဲ့အညီ လိုက်နာပြီးထုတ်ထားတယ်လို့ စောဒကတက်ကြပါတယ်။ ဒါ့အပြင် လူ့ခန္ဓာကိုယ်ဟာ သံဓါတ်လည်း လိုအပ်တယ်မို့လားလို့ ထောက်ပြခဲ့ကြပါသေးတယ်။

အော်.. ဝိသမလောဘစီးပွါးရေးသမားတွေများ ဘယ်သူသေသေ ငတေမာတွေချည်းပါပဲ။ နောက်ဆုံးတော့ ဘိုးဘွားတွေခေတ်ကလို မြေအိုးနဲ့ချက်စားတာကပဲ အန္တရာယ်ကင်းမယ် ထင်ပါတယ်။

crd-Francis Zin

Zawgyi

အိမ္တြင္းမွာ မသိမသာလူသတ္ေနေသာ သံကြၽတ္ဒယ္အိုးေတြ… (သို႔) မီးဖိုေခ်ာင္ထဲက နတ္ဆိုး

ေဟာင္ေကာင္စားသုံးသူကာကြယ္ေရးအဖြဲ႕က နာမည္ႀကီး အမွတ္တံဆိပ္ (၇) ခုကို ယူစစ္ေဆးရာမွာ (၄) ခုဟာ ႏိုင္ငံတကာက ခြင့္ျပဳထားတဲ့စံပမာဏထက္ သံသတၳဳဓါတ္ေတြ ပိုထြက္ေနတာကို ေတြ႕ရွိခဲ့ပါတယ္။ သူတို႔စစ္ေဆးတာဟာ အေမရိကန္ေဒၚလာ ၁၀၀ ကေန ၅၀၀ ၾကား တန္ေၾကးရွိတဲ့ ျပင္သစ္၊ ဂ်ပန္၊ အေမရိကန္၊ တ႐ုတ္ကထုတ္တဲ့

နာမည္ေက်ာ္ဘရန္းေတြပါ။ ဒီေႂကြရည္သုတ္ သံဒယ္အိုးေတြကို ၉၅’C မွာ (၂) နာရီအၾကာထားၿပီး ဟင္းခ်က္စစ္ေဆးခဲ့တာပါ။ တခ်ိဳ႕အိုးေတြဟာ သတ္မွတ္စံႏႈန္းေတြထက္ ၁၆ ဆ ကေန ၅၄ ဆ အထိ သံသတၳဳဓါတ္ေတြ အပူေပးရာမွာ ထြက္ေပၚလာခဲ့ပါတယ္။ အထူးအားျဖင့္ ဂ်င္း၊ ဗနီကာနဲ႔ေပါင္းတဲ့ အသားတုံးေတြလို အက္ဆစ္ပါတဲ့အစားအစာေတြက

သံဓါတ္ေတြကို ပိုၿပီးထြက္လာေစပါတယ္။ အဲလို သံဓါတ္တမ်ိဳးမ်ိဳးပါတဲ့ ဟင္းေတြကို စားမိရင္ ျပႆနာေတြကေတာ့ ေခါင္းကိုက္ၿပီး မအီမလည္ျဖစ္တာ၊ ဝမ္းသြားတာ၊ လည္ပင္းႀကီးတာ၊ လက္ေတြတုန္တာ စတဲ့ေရာဂါေတြ မသိမသာ ျဖစ္ေပၚလာၾကပါလိမ့္မည္။ ဒါေၾကာင့္စစ္ေဆးေရးအဖြဲ႕ဟာ ေႂကြရည္အလႊာေတြ အက္ေနတဲ့ သံဒယ္အိုးေတြကို ဆက္မသုံးၾကဖို႔၊

ေႂကြရည္ မသုတ္ထားတဲ့ သံဒယ္ပိုင္းေတြကို မသုံးၾကဖို႔ အႀကံျပဳပါတယ္။ ဒယ္အိုးကုမၸဏီေတြကေတာ့ သူတို႔ product ေတြဟာ ISO, USA standard, EU standard ေတြနဲ႔အညီ လိုက္နာၿပီးထုတ္ထားတယ္လို႔ ေစာဒကတက္ၾကပါတယ္။ ဒါ့အျပင္ လူ႔ခႏၶာကိုယ္ဟာ သံဓါတ္လည္း လိုအပ္တယ္မို႔လားလို႔ ေထာက္ျပခဲ့ၾကပါေသးတယ္။

ေအာ္.. ဝိသမေလာဘစီးပြါးေရးသမားေတြမ်ား ဘယ္သူေသေသ ငေတမာေတြခ်ည္းပါပဲ။ ေနာက္ဆုံးေတာ့ ဘိုးဘြားေတြေခတ္ကလို ေျမအိုးနဲ႔ခ်က္စားတာကပဲ အႏၲရာယ္ကင္းမယ္ ထင္ပါတယ္။

crd-Francis Zin

Leave a Reply

Your email address will not be published.