Unicode
ပင်မ ဒိုင်ကလွဲရင် ဘဝပျက်သူချည်းပါပဲ၊ မပြောမဖြစ်လို့ ပြောရဦးမယ့် နှစ်လုံး သုံးလုံးကိစ္စ
မိတ်ဆွေတွေကို မပြောရက်လို့ မျက်စိမှိတ်နေရတာလေးရှိတယ်။ အဲတာကတော့ 2D 3D ကိစ္စတွေပါ ခေတ်ပျက်သွားတာနဲ့ အမျှ ခိုကိုးရာ ရလို့ ရညား ကံစမ်းသူတွေပေါ်လာသလို ဒိုင်ကိုင်သူတွေ ပေါ်လာတယ်။ ဘောလုံးရောဆို ၁ လုံး၊ နှစ်လုံး၊ သုံးလုံးပေါ့။ ကြားထဲ ငါးပစ်ဂိမ်း ၊ ရှမ်းကိုးမီး ဘာညာ ရှိသေး၊ ထားတော့..
အများအားဖြင့် ထိုးသား၊ လက်ခွဲဒိုင်၊ ဒိုင်ကြီး ဆိုတဲ့ သုံးဦး သုံးဖလှယ် ကစားကြတာပါပဲ၊ ထိုးသားကတော့ တခါရဖူးတာနဲ့ မွဲတော့
မှာ ဆိုတာ သိသာပါပြီ။ လိုက်လေ မွဲလေ၊ နောက် ရင်းနှီးပါတယ်ဆိုတဲ့ လက်ခွဲဒိုင်နဲ့ မျက်နှာ ပျက်ရတာပါပဲ။ လက်ခွဲဒိုင်တွေ ထင်တာ
က ငါတို့ လည်ရင် မြတ်မယ် ထင်တဲ့ မလည်ရှုပ်အခြေအနေပါ။ တခါတလေ သူတို့က ဒိုင်ကြီးဆီ စာရင်းတင်မပေးပဲ စားဖို့
အားထုတ်ကြသေးတယ်။ စားရမယ် မထင်နဲ့။ အဲဒါ ထိုးသား တပိုင်း ဖြစ်တာပါ။ စားကွက်ထဲက ထပေါက်ရင် တေရုံပဲ။
နောက် သေချာပေါက်ပြဿနာက အမြဲငွေချေတဲ့ ထိုးသားက အရှုံးပိုင်း ပိုင်းတာပေါ့။ ပိုက်ဆံမပေးတော့ဘူး။ ဒိုင်ကြီးက ကိုယ့်ဆီက
ရအောင်တောင်းပါလိမ့်မယ်။ မရှိ ရှိတာ သိမ်းပါလိမ့်မယ်။ လူမိုက်ပါ ပါလာပါလိမ့်မယ်။ အဲဒီမှာ လက်ခွဲဒိုင် ဘဝပျက်ချိန်ပေါ့
လောင်းကစားမှာ ပင်မ ဒိုင်ကလွဲရင် ဘဝပျက်သူချည်းပါပဲ မယုံ စောင့်ကြည့်ပါ.. (သက္ကမိုးညို)Credit
Zawgyi
လက်ခွဲဒိုင်တွေ ထင်တာ