Unicode
cold air masses ??? ထူးကဲအအေးပိုမယ် ၂၀၂၂ ဒီဇင်ဘာလ ၁၇ရက်နေ့မှ ၂၀ရက်နေ့အတွင်း အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့
ဗီယက်နမ် လာအို ကမ္ဘောဒီးယား ထိုင်းနှင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ထူးကဲအအေးပိုနိုင်ပါတယ်
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဒေသတွေမှာလည်း ညအပူချိန်များ ကျဆင်းလာဖွယ်ရှိပါတယ်
အင်ဒိုနီးရှားနိုင်ငံ Banda aceh ၏ အနောက်ဘက်73.24ကီလိုမိတာအကွာမှာ နောက်၄၈နာရီအတွင်း လေဖိအားနည်းလေဝဲတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်
ရက်ကြိုခန့်မှန်းချက် မိုး ?? ၂၀၂၂ဒီဇင်ဘာလ၁၈ရက်နေ့တွင် စစ်ကိုင်းတိုင်းအောက်ပိုင်းတွင် နေရာကွက်ကျားထစ်ခြူန်းမိုးတွေအနည်းငယ်ရွာနိုင်ပါတယ်
စစ်ကိုင်းတိုင်းအောက်ပိုင်းရှိမြို့များမှာ
မုံရွာ ဘုတလင် ကနီ မင်းကင်း ကလေးဝ ကလေး တန့်ဆည် ကျွန်းလှ ကန့်ဘလူ ထန်းတပင် ဇီးကုန်း ဒီပဲယင်း ရေဦး ခင်ဦး ကျောက်မြောင်း ရွှေဘို ဟံလင်း ဝက်လက် ဆားတောင် အရာတော် ချောင်းဦး မြင်းမူ ရွာသစ်ကြီး နှင့် စစ်ကိုင်းမြို့တို့ဖြစ်ပါတယ်
မြူနှင်းကလေးတွေတဖွဲဖွဲကျခဲ့ပြီဆောင်းရေ ဒီဇင်ဘာနံနက်ခင်း မင်းသတိရရင် အမှတ်တရနေရာဟောင်း ဆောင်းမကြွင်းခင် နွေဦးမရောက်ခင် တစ်ခေါက်အရောက်သာလာစေချင်
အချိန်အခါမဟုတ်မိုး ?? ၂၀၂၂ ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ပြင်ဦးလွင်ခရိုင် ကျောက်မဲခရိုင် လားရှိုးခရိုင် လောက်ကိုင်ခရိုင် မူဆယအခရိုင် ဗန်းမော်ခရိုင် မိုးညှင်းခရိုင် မြစ်ကြီးနားခရိုင်ဒေသတွေမှာ အချိန်အခါမဟုတ်မိုးတွေရွာနိုင်ပါတယ်
အရှေ့လေစီးကြမ်းကြမ်းမှ ဒီဇင်ဘာလ ၁၇ရက်နေ့မှ ၂၂ရက်နေ့အတွင်း အိန္ဒိယနိုင်ငံတောင်ပိုင်းကို မုန်တိုင်းငယ်တစ်လုံးဝင်ရောက်တိုက်ခိုက်နိုင်ပြန်ပါတယ်
၂၀၂၂ခု နစ်ကတော့ ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတွေမှာ ရေကြီးမှုဒါဏ်ကိုအလူးအလဲခံကြရပါတယ် မြန်မာနိုင်ငံမှာတော့ ဆိုးဆိုးရွားရွားဖြစ်ပျက်ခဲ့ခြင်းမရှိပါဘူး ဆောင်းရာသီရာသီဥတုကောင်းမွန်နိုင်ပြီးဆောင်းသီးနှံဖြစ်ထွန်းအောင်မြင်ကြမည့်အလားအလာရှိပါတယ် ဖျက်ပိုးအန္တရာယ်ကာကွယ်နိုင်ကြပါစေ
ကချင်ပြည်နယ်မြောက်ပိုင်း ဂန်လန်ရာဇီ ဖုန်ကန်ရာဇီ ခါခါဘိုရာဇီတောင်တန်းများပေါ်တွင် ဆီးနှင်းများထူထဲစွာကျရောက်ကာ အပူချိန် အနုတ် ၁၀ဒီဂရီဆယ်ဆီးရပ်အထိကျဆင်းနိုင်သဖြင့် အဆိုပါဒေသတွေရှိတောင်တက်ခြင်းမလုပ်သင့်ပါဘူးအန္တရာယ်ရှိပါတယ်
crd
Zawgyi
crd