အိမ်ဆောက်တဲ့အခါ အုတ်ကို ရေစိမ်ရတဲ့ အဓိက အကြောင်းရင်း

News

Unicode
အိမ်ဆောက်တဲ့အခါ အုတ်ကို ရေစိမ်ရတဲ့ အဓိက အကြောင်းရင်းအုတ်ကို ရေစိမ်ခြင်းအုတ်ကို ရေစိမ်ရတာက ပန်းရံလုပ်ငန်းမှာ အဓိက အကြောင်းရင်းကြီး နှစ်ချက် ရှိတယ်

ပထမတစ်ချက်တော့ အုတ်ရဲ့ မျက်နှာပြင်မှာ မြောက်များစွာ‌သော ဖုန်တွေဟာ လုံးထွေးနေတတ်တယ်။ တစ်ခါတစ်ရံမှာ ညစ်ပတ် ပေကျံတာမျိုးတွေလည်း ရှိတတ်တယ်။

တကယ်လို့များ အဲ့ဒီဖုန်တွေ ညစ်ပတ် ပေကျံတာတွေကို တိတိကျကျ မှန်မှန်ကန်ကန် ဖယ်ရှားခြင်း မပြုဘူး ဆိုရင် အုတ်နဲ့ မဆလာကြားမှာ စေးကပ် ခိုင်မြဲမှု တွဲကပ်မှု မရှိဘူး။

အကျိုး သက်ရောက်မှုကလည်း အားနည်းတယ်။ ဒါကြောင့်မို့လို့ ညစ်ပတ် ပေကျံနေတဲ့ အုတ်များကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ နံရံတွေဟာ တောင့်တင်း ကြံ့ခိုင်မှု မရှိဘူး။ မလိုအပ်ဘဲနဲ့ သူ့မှာ အချိန်ကုန်၊ ငွေကုန်၊ ပစ္စည်းကုန်ပြီးတော့ အက်ရာတွေလည်း ပေါ်လာတတ်တယ်နောက်ထပ် တစ်ချက်က အုတ်က မြေကြီးကိုဖုတ်ထားရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူက ရေစုပ်ယူမှု အားကောင်းတယ်

ခြောက်သွေ့ပြီးတော့ ပွတဲ့ အပေါက်ငယ်လေးတွေ ပါရှိတဲ့ အုတ်ချပ်တွေက မဆလာထဲမှာ ပါတဲ့ ရေကို အလျှင်အမြန် စုပ်ယူသွားတယ်ဒါကြောင့်မို့လို့ ဘိလပ်မြေ အိပ်စက်ဖို့အတွက် အရေးတကြီး လိုအပ်တဲ့ (water cement ratio) ကျသွားတယ်အဲ့ဒီအတွက်ကြောင့် ဘိလပ်မြေက သူဓာတ်ပြုရမည့် ဖြစ်စဉ် ၊ (Hydration) ဖြစ်စဉ် အနှောက်အယှက် ဖြစ်သွားပြီးတော့ သူက ကောင်းစွာ ဓာတ်မပြုနိုင်ဘူး။ ပြီးတော့ သရိုးက အင်အား ကျဆင်းလာတယ်

အဲ့ဒီအတွက်ကြောင့်မို့လို့ ကောင်းစွာ ဓာတ်ပြုနိုင်ဖို့အတွက် အစိုဓာတ် လုံလောက်စွာ သူ့မှာရှိဖို့လိုတယ်ဒါ့ကြောင့်မို့လို့ အုတ်ကို ရေဝအောင် စိမ်ပြီးမှ မဆလာနဲ့ စီတဲ့ လုပ်ငန်းကို လုပ်ဆောင်သင့်တယ်အုတ်ရိုးအတွက် မဆလာ ဖျော်တဲ့အခါ ရေများလျှင် မဆလာကို ထိုးရ ကိုင်ရ လုပ်ကိုင်ရတာ ကောင်းတယ်

Workability ကောင်းတယ်။ဒါပေမယ်လို့ ရေကို အများကြီး ရောရလို့ ဘိလပ်မြေရဲ့ Strength ကို ကျစေတယ် ။ ပြီးတော့ သိပ်သည်းဆကိုလည်း လျှော့ကျစေတယ်ဒါကြောင့်မို့လို့ Plaster ချောပြီးတဲ့အခါမှာ မျက်နှာပြင်မှာ အက်ရာလေးတွေကိုလည်း ဖြစ်ပေါ်စေပါတယ်

ပန်ရံလုပ်ငန်းအတွက် ကောင်မွန်တဲ့ မဆလာ ရရှိဖို့တွက်ဆိုရင် ရေရဲ့ အရည်အသွေးဟာလည်း အရေးတကြီး ထည့်သွင်း စဉ်းစားရမည့် အချက်ထဲမှာ ပါရှိပါတယ်။

Construction လုပ်ငန်းတွေမှာ အသုံးပြုမည့်ရေဟာ ဘယ်လောက်တောင်မှ အရေးကြီးလဲဆိုရင် သူဟာ သန့်ရှင်းကြည်လင်တဲ့ရေ၊ အရသာ သိသိသာသာ မရှိတဲ့ရေ၊ သဘာဝတိုင်း အားလုံးနည်းပါး ဖြစ်တဲ့ ရေကို အသုံးပြုရမယ်လို့ ပြောထားပါတယ်။

တကယ်လို့များ ကိုယ်က မဆလာ ဖျော်တဲ့အခါမှာပဲ ဖြစ်ဖြစ် ကွန်ကရစ်ဖျော်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ရေကို အသုံးပြုမှုအတွက် ဒီရေဟာ သင့်တော်လား မသင့်တော်ဘူးလား ဆိုတာကို စမ်းသပ်ဖို့အတွက် ဆိုရင်တော့ Drinking Water သောက်လို့ ရတဲ့ရေနဲ့ နမူနာ ကုဗတုံးတစ်တုံး စမ်းပြီး ဖျော်မယ်။

ပြီးတော့ ကိုယ် တကယ် လုပ်ငန်းခွင်ထဲမှာ အသုံးပြုမည့် ရေကို ယူပြီးတော့ နမူနာ ကုဗတုံးတစ်တုံး ဖျော်မယ်။

အဲ့ဒီ ကုဗတုံးနှစ်ခုကို (၇) ရက်နဲ့ (၂၈)ရက် ကြာတဲ့အခါမှာ အင်အား စမ်းသပ်မှုတွေ လုပ်မယ်။ သူတို့ရဲ့ psi စမ်းမယ် ။

သောက်ရေနဲ့ ဖျော်တဲ့ ကုဗတုံးရဲ့ Strength နဲ့ ကိုယ် Site ထဲမှာ သုံးမည့်ရေနဲ့ ဖျော်တဲ့ ကုဗတုံးရဲ့ Strength ၊ ဒီနှစ်ခုကို နှိုင်းယှဉ်တဲ့အခါမှာ

သောက်ရေနဲ့ ဖျော်ထားတဲ့ ကုဗတုံးရဲ့ Strength အတိုင်း အပြည့် မရရင်တောင်မှ သူ့ရဲ့ (၉၀) ရာခိုင်နှုန်းနီပါး strength ရရှိတဲ့ ရေဆိုလို့ရှိရင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အသုံးပြုလို့ရတဲ့ရေ ဖြစ်ပါတယ်။

Basic Knowledge ‌မူရင်း Daw Aye Aye Win

Zawgyi

အိမ္ေဆာက္တဲ့အခါ အုတ္ကို ေရစိမ္ရတဲ့ အဓိက အေၾကာင္းရင္းအုတ္ကို ေရစိမ္ျခင္းအုတ္ကို ေရစိမ္ရတာက ပန္းရံလုပ္ငန္းမွာ အဓိက အေၾကာင္းရင္းႀကီး ႏွစ္ခ်က္ ရွိတယ္

ပထမတစ္ခ်က္ေတာ့ အုတ္ရဲ႕ မ်က္ႏွာျပင္မွာ ေျမာက္မ်ားစြာ‌ေသာ ဖုန္ေတြဟာ လုံးေထြးေနတတ္တယ္။ တစ္ခါတစ္ရံမွာ ညစ္ပတ္ ေပက်ံတာမ်ိဳးေတြလည္း ရွိတတ္တယ္။

တကယ္လို႔မ်ား အဲ့ဒီဖုန္ေတြ ညစ္ပတ္ ေပက်ံတာေတြကို တိတိက်က် မွန္မွန္ကန္ကန္ ဖယ္ရွားျခင္း မျပဳဘူး ဆိုရင္ အုတ္နဲ႔ မဆလာၾကားမွာ ေစးကပ္ ခိုင္ၿမဲမႈ တြဲကပ္မႈ မရွိဘူး။

အက်ိဳး သက္ေရာက္မႈကလည္း အားနည္းတယ္။ ဒါေၾကာင့္မို႔လို႔ ညစ္ပတ္ ေပက်ံေနတဲ့ အုတ္မ်ားကို အသုံးျပဳၿပီး တည္ေဆာက္ထားတဲ့ နံရံေတြဟာ ေတာင့္တင္း ႀကံ့ခိုင္မႈ မရွိဘူး။ မလိုအပ္ဘဲနဲ႔ သူ႔မွာ အခ်ိန္ကုန္၊ ေငြကုန္၊ ပစၥည္းကုန္ၿပီးေတာ့ အက္ရာေတြလည္း ေပၚလာတတ္တယ္ေနာက္ထပ္ တစ္ခ်က္က အုတ္က ေျမႀကီးကိုဖုတ္ထားရတာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ သူက ေရစုပ္ယူမႈ အားေကာင္းတယ္

ေျခာက္ေသြ႕ၿပီးေတာ့ ပြတဲ့ အေပါက္ငယ္ေလးေတြ ပါရွိတဲ့ အုတ္ခ်ပ္ေတြက မဆလာထဲမွာ ပါတဲ့ ေရကို အလွ်င္အျမန္ စုပ္ယူသြားတယ္ဒါေၾကာင့္မို႔လို႔ ဘိလပ္ေျမ အိပ္စက္ဖို႔အတြက္ အေရးတႀကီး လိုအပ္တဲ့ (water cement ratio) က်သြားတယ္အဲ့ဒီအတြက္ေၾကာင့္ ဘိလပ္ေျမက သူဓာတ္ျပဳရမည့္ ျဖစ္စဥ္ ၊ (Hydration) ျဖစ္စဥ္ အေႏွာက္အယွက္ ျဖစ္သြားၿပီးေတာ့ သူက ေကာင္းစြာ ဓာတ္မျပဳႏိုင္ဘူး။ ၿပီးေတာ့ သ႐ိုးက အင္အား က်ဆင္းလာတယ္

အဲ့ဒီအတြက္ေၾကာင့္မို႔လို႔ ေကာင္းစြာ ဓာတ္ျပဳႏိုင္ဖို႔အတြက္ အစိုဓာတ္ လုံေလာက္စြာ သူ႔မွာရွိဖို႔လိုတယ္ဒါ့ေၾကာင့္မို႔လို႔ အုတ္ကို ေရဝေအာင္ စိမ္ၿပီးမွ မဆလာနဲ႔ စီတဲ့ လုပ္ငန္းကို လုပ္ေဆာင္သင့္တယ္အုတ္႐ိုးအတြက္ မဆလာ ေဖ်ာ္တဲ့အခါ ေရမ်ားလွ်င္ မဆလာကို ထိုးရ ကိုင္ရ လုပ္ကိုင္ရတာ ေကာင္းတယ္

Workability ေကာင္းတယ္။ဒါေပမယ္လို႔ ေရကို အမ်ားႀကီး ေရာရလို႔ ဘိလပ္ေျမရဲ႕ Strength ကို က်ေစတယ္ ။ ၿပီးေတာ့ သိပ္သည္းဆကိုလည္း ေလွ်ာ့က်ေစတယ္ဒါေၾကာင့္မို႔လို႔ Plaster ေခ်ာၿပီးတဲ့အခါမွာ မ်က္ႏွာျပင္မွာ အက္ရာေလးေတြကိုလည္း ျဖစ္ေပၚေစပါတယ္

ပန္ရံလုပ္ငန္းအတြက္ ေကာင္မြန္တဲ့ မဆလာ ရရွိဖို႔တြက္ဆိုရင္ ေရရဲ႕ အရည္အေသြးဟာလည္း အေရးတႀကီး ထည့္သြင္း စဥ္းစားရမည့္ အခ်က္ထဲမွာ ပါရွိပါတယ္။

Construction လုပ္ငန္းေတြမွာ အသုံးျပဳမည့္ေရဟာ ဘယ္ေလာက္ေတာင္မွ အေရးႀကီးလဲဆိုရင္ သူဟာ သန႔္ရွင္းၾကည္လင္တဲ့ေရ၊ အရသာ သိသိသာသာ မရွိတဲ့ေရ၊ သဘာဝတိုင္း အားလုံးနည္းပါး ျဖစ္တဲ့ ေရကို အသုံးျပဳရမယ္လို႔ ေျပာထားပါတယ္။

တကယ္လို႔မ်ား ကိုယ္က မဆလာ ေဖ်ာ္တဲ့အခါမွာပဲ ျဖစ္ျဖစ္ ကြန္ကရစ္ေဖ်ာ္တဲ့ အခါမွာပဲ ျဖစ္ျဖစ္ ေရကို အသုံးျပဳမႈအတြက္ ဒီေရဟာ သင့္ေတာ္လား မသင့္ေတာ္ဘူးလား ဆိုတာကို စမ္းသပ္ဖို႔အတြက္ ဆိုရင္ေတာ့ Drinking Water ေသာက္လို႔ ရတဲ့ေရနဲ႔ နမူနာ ကုဗတုံးတစ္တုံး စမ္းၿပီး ေဖ်ာ္မယ္။

ၿပီးေတာ့ ကိုယ္ တကယ္ လုပ္ငန္းခြင္ထဲမွာ အသုံးျပဳမည့္ ေရကို ယူၿပီးေတာ့ နမူနာ ကုဗတုံးတစ္တုံး ေဖ်ာ္မယ္။

အဲ့ဒီ ကုဗတုံးႏွစ္ခုကို (၇) ရက္နဲ႔ (၂၈)ရက္ ၾကာတဲ့အခါမွာ အင္အား စမ္းသပ္မႈေတြ လုပ္မယ္။ သူတို႔ရဲ႕ psi စမ္းမယ္ ။

ေသာက္ေရနဲ႔ ေဖ်ာ္တဲ့ ကုဗတုံးရဲ႕ Strength နဲ႔ ကိုယ္ Site ထဲမွာ သုံးမည့္ေရနဲ႔ ေဖ်ာ္တဲ့ ကုဗတုံးရဲ႕ Strength ၊ ဒီႏွစ္ခုကို ႏႈိင္းယွဥ္တဲ့အခါမွာ

ေသာက္ေရနဲ႔ ေဖ်ာ္ထားတဲ့ ကုဗတုံးရဲ႕ Strength အတိုင္း အျပည့္ မရရင္ေတာင္မွ သူ႔ရဲ႕ (၉၀) ရာခိုင္ႏႈန္းနီပါး strength ရရွိတဲ့ ေရဆိုလို႔ရွိရင္ ေဆာက္လုပ္ေရး လုပ္ငန္းခြင္မွာ အသုံးျပဳလို႔ရတဲ့ေရ ျဖစ္ပါတယ္။

Basic Knowledge ‌မူရင္း Daw Aye Aye Win

Leave a Reply

Your email address will not be published.